၂ ဓမ္မရာဇဝင် 21:7 - Judson Bible in Zawgyi Version7 သို့သော်လည်း ဒါဝိဒ်နှင့်ရှောလု၏သားယောနသန်တို့သည် ထာဝရဘုရားရှေ့တော်၌ တစ်ယောက်နှင့်တစ်ယောက် သစ္စာကတိထားသောကြောင့်၊ ရှင်ဘုရင်သည် ရှောလု၏သားယောနသန်မြင်သော မေဖိဗောရှက်ကို နှမြောတော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်7 သို့သော် ဒါဝိဒ်မင်းကြီးနှင့် ရှောလုမင်းကြီး၏သားယောနသန်တို့ကြား၌ ထာဝရဘုရားကိုတိုင်တည်၍ ပြုထားသောကတိသစ္စာကြောင့် ရှင်ဘုရင်သည် ရှောလု၏မြေး၊ ယောနသန်၏သား မေဖိဗောရှက်ကို ချမ်းသာပေး၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version7 ဒါဝိဒ်သည်ဘုရားသခင်၏ရှေ့တော်တွင် ယော နသန်နှင့်မိမိပြုခဲ့သည့်သစ္စာကတိကို ထောက်၍ ယောနသန်၏သား၊ ရှောလု၏မြေး မေဖိဗောရှက်၏အသက်ကိုချမ်းသာ ပေး၍၊- အခန်းကိုကြည့်ပါ။ |
ရှောလု၏သားယောနသန်၌ ခြေဆွံ့သော သားတစ်ယောက်ရှိရစ်၏။ သူသည် အသက်ငါးနှစ်ရှိသောအခါ၊ ယေဇရေလမြို့မှ ရှောလုနှင့် ယောနသန်တို့၏သတင်းကိုကြားလျှင်၊ အထိန်းသည် သူ့ကိုချီ၍ပြေးစဉ်တွင်၊ အလျင်အမြန်ပြေးသောကြောင့်၊ သူငယ်သည်ကျ၍ခြေဆွံ့၏။ ထိုသူငယ်၏အမည်ကား မေဖိဗောရှက်တည်း။
ယောနသန်ကလည်း၊ ထာဝရဘုရားသည် သင်နှင့်ကျွန်ုပ်စပ်ကြား၊ သင့်အမျိုးအနွယ်နှင့် ကျွန်ုပ်အမျိုးအနွယ် စပ်ကြားမှာ အစဉ်အမြဲရှိတော်မူစေသတည်းဟူ၍ ထာဝရဘုရား၏ နာမတော်ကို တိုင်တည်သဖြင့်၊ ငါတို့နှစ်ယောက်သည် ကျိန်ဆိုကြသည်ကိုထောက်၍၊ ငြိမ်ဝပ်စွာ သွားတော့ဟု ဒါဝိဒ်အားဆိုလျှင်၊ ဒါဝိဒ်သည် ထသွား၍ ယောနသန်လည်း မြို့ထဲသို့ ဝင်လေ၏။