၂ ဓမ္မရာဇဝင် 21:14 - Judson Bible in Zawgyi Version14 ဗင်္ယာမိန်ပြည်၊ ဇေလရွာ၊ ရှောလုအဘကိရှ၏သင်္ချိုင်း၌သင်္ဂြိုဟ်၍၊ ရှင်ဘုရင်မှာထားသမျှအတိုင်း ပြုကြပြီးသည်နောက်၊ နိုင်ငံတော်အဖို့ ဆုတောင်းသောစကားကို ဘုရားသခင်နားထောင်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်14 ရှောလုမင်းကြီးနှင့် သားတော်ယောနသန်တို့၏အရိုးကို ဗင်္ယာမိန်ပြည်၊ ဇေလမြို့ရှိ ရှောလုမင်းကြီး၏ဖခင် ကိရှ၏သင်္ချိုင်းတွင် သင်္ဂြိုဟ်လိုက်ကြ၏။ ရှင်ဘုရင်၏အမိန့်တော်အတိုင်း အလုံးစုံပြုပြီးသောအခါမှ ဘုရားသခင်သည် ပြည်တော်အတွက် ဆုတောင်းသံကို နားညောင်းတော်မူလေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version14 ထိုနောက်သူတို့သည်ထိုအရိုးများကိုရှောလု နှင့်ယောနသန်၏အရိုးတို့နှင့်အတူဗင်္ယာမိန် နယ်၊ ဇေလမြို့ရှိရှောလု၏ခမည်းတော်ကိရှ ၏သင်္ချိုင်းတွင်သင်္ဂြိုဟ်ကြ၏။ သူတို့သည်မင်း ကြီးမိန့်မှာတော်မူလိုက်သမျှတို့ကိုဆောင် ရွက်ကြ၏။ ထိုနောက်ဘုရားသခင်သည်ပြည် တော်အတွက် ထိုသူတို့တောင်းလျှောက်သည့် ဆုတောင်းပတ္ထနာများကိုနားညောင်းတော် မူ၏။ အခန်းကိုကြည့်ပါ။ |
ယနေ့ ငါနှင့်ကွာ၍ သွားသောအခါ၊ ဗင်္ယာမိန်ခရိုင်စွန်း၊ ဇေလဇရွာ၊ ရာခေလသင်္ချိုင်းအနားမှာ လူနှစ်ယောက်ကို တွေ့လိမ့်မည်။ သူတို့က၊ သင်သွား၍ ရှာသောမြည်းတို့ကို တွေ့ပြီ။ သင်၏အဘသည် မြည်းတို့ကို အမှုမထား၊ ငါ့သားအဖို့ အဘယ်သို့ ပြုရပါမည်နည်းဟုဆိုလျက် စိုးရိမ်ကြောင်းကို ပြောကြလိမ့်မည်။