Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ဓမ္မ​ရာဇဝင် 20:22 - Judson Bible in Zawgyi Version

22 ထို​မိန်း​မ​သည် ပ​ညာ​ရှိ​သည်​အ​တိုင်း မြို့​သား​တို့​ရှိ​ရာ​သို့​သွား​ပြီး​လျှင်၊ သူ​တို့​သည် ဗိ​ခ​ရိ​သား​ရှေ​ဘ၏ ဦး​ခေါင်း​ကို​ဖြတ်၍ ယွာ​ဘ​ရှေ့​သို့ ပစ်​ချ​ကြ၏။ ယွာ​ဘ​သည်​လည်း တံ​ပိုး​မှုတ်​သ​ဖြင့်၊ လူ​များ​တို့​သည် ထို​မြို့​မှ မိ​မိ​တို့​နေ​ရာ​သို့ ပြန်​သွား​ကြ၏။ ယွာ​ဘ​သည်​လည်း ယေ​ရု​ရှ​လင်​မြို့၊ ရှင်​ဘု​ရင်​ထံ​တော်​သို့ ပြန်​သွား၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

22 ထို့နောက် ထို​မိန်းမ​သည် အမြော်အမြင်​ရှိ​သူ​ပီပီ မြို့သား​တို့​ထံ​သွား​၍​ကြားပြော​ရာ သူ​တို့​သည်​လည်း ဗိခရိ​၏​သား ရှေဘ​၏​ခေါင်း​ကို​ဖြတ်​ပြီး ယွာဘ​ထံ ပစ်ချ​၏​။ ယွာဘ​သည်​လည်း တံပိုး​မှုတ်​လိုက်​လျှင် သူ့​လူ​တို့​သည် မြို့​မှ​ထွက်ခွာ​၍ အသီးသီး​ကိုယ့်​အိမ်​သို့​ပြန်သွား​ကြ​၏​။ ယွာဘ​မူကား ရှင်ဘုရင်​ရှိ​ရာ ဂျေရုဆလင်​မြို့​သို့ ပြန်သွား​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

22 မြို့​သူ​မြို့​သား​များ​ထံ​သွား​၍​အ​ကြံ​ပေး​၏။ သူ​တို့​သည်​ရှေ​ဘ​၏​ဦး​ခေါင်း​ကို​ဖြတ်​ပြီး လျှင် တံ​တိုင်း​ကို​ကျော်​၍​ယွာ​ဘ​ထံ​သို့​ပစ် ပေး​ကြ​၏။ ယွာ​ဘ​သည်​တံ​ပိုး​ခ​ရာ​မှုတ် လိုက်​သော​အ​ခါ​သူ​၏​လူ​အ​ပေါင်း​တို့​သည် ထို​မြို့​မှ​ထွက်​ခွာ​ကာ​မိ​မိ​တို့​နေ​ရပ်​သို့ ပြန်​ကြ​ကုန်​၏။ ယွာ​ဘ​သည်​လည်း​ယေ​ရု ရှ​လင်​မြို့​ဘု​ရင့်​ထံ​တော်​သို့​ပြန်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ဓမ္မ​ရာဇဝင် 20:22
10 ပူးပေါင်းရင်းမြစ်များ  

ယွာ​ဘ​သည်​လည်း တံ​ပိုး​မှုတ်၍ လူ​တို့​ကို​ဆီး​တား​သ​ဖြင့် ဣ​သ​ရေ​လ​လူ​တို့​ကို လိုက်​ရာ​မှ ပြန်​လာ​ကြ၏။


အ​ဗ​ရှ​လုံ​ကို​လည်း​ယူ၍ တော၌ နက်​သော​မြေ​တွင်း​ထဲ​သို့ ချ​ပြီး​မှ ကျောက်​ပုံ​ကြီး​ကို ပုံ​ထား​ကြ၏။ ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​သည် အ​သီး​အ​သီး မိ​မိ​တို့​အိမ်​သို့​ပြေး​ကြ၏။


တံ​ပိုး​မှုတ်၍ လူ​များ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​မ​လိုက်၊ စစ်​မ​တိုက်​ဘဲ ရပ်​နေ​ကြ၏။


ထို​အ​ခါ ဗင်္ယာ​မိန်​အ​မျိုး ဗိ​ခ​ရိ၏​သား​ရှေ​ဘ အ​မည်​ရှိ​သော အ​ဓ​မ္မ​လူ​တစ်​ယောက်​ရှိ၏။ ထို​သူ​သည် တံ​ပိုး​မှုတ်၍၊ အို​ဣ​သ​ရေ​လ အ​မျိုး၊ ငါ​တို့​သည် ဒါ​ဝိဒ်၌​တစ်​ဖို့​ကို​မျှ မ​ဆိုင်။ ယေ​ရှဲ၏​သား​ကို အ​မွေ​မ​ခံ​ထိုက်။ လူ​အ​ပေါင်း​တို့၊ ကိုယ်​နေ​ရာ​သို့ သွား​ကြ​ဟု​ဆို​သ​ဖြင့်၊


ထို​အ​ခါ ပ​ညာ​ရှိ​သော မိန်း​မ​တစ်​ယောက်​သည် မြို့​ထဲ​က​ဟစ်၍ ဆို​သည်​ကား၊ နား​ထောင်​ကြ၊ နား​ထောင်​ကြ၊ ငါ​သည်​ယွာ​ဘ​နှင့် စ​ကား​ပြော​နိုင်​မည်​အ​ကြောင်း ချဉ်း​လာ​ပါ​ဟု ယွာ​ဘ​အား​လျှောက်​ကြ​လော့ ဟု​ဆို​သည်​အ​တိုင်း၊


မြို့​ထဲ​မှာ​နေ​သော သူ​ရဲ​တစ်​ကျိပ်​ထက် ပ​ညာ​ရှိ​သော​သူ​တစ်​ယောက်​သည် ပ​ညာ​အား​ဖြင့်​သာ၍ တန်​ခိုး​ကြီး၏။


အ​ဓ​မ္မ​အ​မှု​ကို အ​လျင်​အ​မြန်​စစ်​ကြော၍၊ ဒဏ်​မ​ပေး​သော​ကြောင့်၊ လူ​သား​တို့​သည် အ​ဓ​မ္မ​အ​မှု​ကို​ပြု​ခြင်း​ငှာ၊ ခိုင်​မာ​စွာ သ​ဘော​ထား​ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ