Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ဓမ္မ​ရာဇဝင် 20:16 - Judson Bible in Zawgyi Version

16 ထို​အ​ခါ ပ​ညာ​ရှိ​သော မိန်း​မ​တစ်​ယောက်​သည် မြို့​ထဲ​က​ဟစ်၍ ဆို​သည်​ကား၊ နား​ထောင်​ကြ၊ နား​ထောင်​ကြ၊ ငါ​သည်​ယွာ​ဘ​နှင့် စ​ကား​ပြော​နိုင်​မည်​အ​ကြောင်း ချဉ်း​လာ​ပါ​ဟု ယွာ​ဘ​အား​လျှောက်​ကြ​လော့ ဟု​ဆို​သည်​အ​တိုင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

16 ထိုအခါ အမြော်အမြင်​ရှိ​သော​မိန်းမ​တစ်​ဦး​က မြို့​ထဲမှ​နေ​၍ “​နားထောင်​ကြ​၊ နားထောင်​ကြ​။ ယွာဘ​အား ‘သင်​နှင့်​စကားပြော​နိုင်​ဖို့ ဤ​နေရာ​သို့ လာ​ပါ’​ဟူ၍ ပြော​လော့​”​ဟု ဟစ်အော်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

16 ထို​မြို့​ထဲ​တွင်​အသိ​အ​လိမ္မာ​ရှိ​သူ​အ​မျိုး သ​မီး​တစ်​ယောက်​ရှိ​၏။ သူ​က``သင်​တို့​နား ထောင်​ကြ​လော့။ နား​ထောင်​ကြ​လော့။ ငါ​သည် ယွာ​ဘ​နှင့်​စ​ကား​ပြော​လို​သည်။ သူ့​အား ဤ​နေ​ရာ​သို့​ခေါ်​ခဲ့​ကြ​လော့'' ဟု​မြို့​ရိုး ပေါ်​မှ​ဟစ်​အော်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ဓမ္မ​ရာဇဝင် 20:16
7 ပူးပေါင်းရင်းမြစ်များ  

တေ​ကော​မြို့​သို့​စေ​လွှတ်၍ ပ​ညာ​ရှိ​သော​မိန်း​မ​ကို​ခေါ်​ပြီး​လျှင်၊ သင်​သည် ဆီ​မ​လိမ်း​ပါ​နှင့်။ စိတ်​မ​သာ ညည်း​တွား​ဟန်​ပြု၍ မ​သာ​အ​ဝတ်​ကို ဝတ်​ပါ​တော့။ လူ​သေ​အ​တွက် ကြာ​မြင့်​စွာ ငို​ကြွေး​သော​မိန်း​မ ယောင်​ဆောင်​လျက်၊


ယွာ​ဘ​သည် ချဉ်း​လာ​သော​အ​ခါ မိန်း​မ​က၊ သင်​သည် ယွာ​ဘ​ဟုတ်​သ​လော​ဟု မေး​လျှင်၊ ငါ​ဟုတ်​သည်​ဟု ဆို​သော်၊ မိန်း​မ​က၊ ကိုယ်​တော်​ကျွန်​မ၏ စ​ကား​ကို နား​ထောင်​တော်​မူ​ပါ​ဟု​ဆို၏။ ယွာ​ဘ​က​လည်း၊ ငါ​နား​ထောင်​လျက်​နေ​သည်​ဟု ဆို​သော်၊


ထို​မိန်း​မ​သည် ပ​ညာ​ရှိ​သည်​အ​တိုင်း မြို့​သား​တို့​ရှိ​ရာ​သို့​သွား​ပြီး​လျှင်၊ သူ​တို့​သည် ဗိ​ခ​ရိ​သား​ရှေ​ဘ၏ ဦး​ခေါင်း​ကို​ဖြတ်၍ ယွာ​ဘ​ရှေ့​သို့ ပစ်​ချ​ကြ၏။ ယွာ​ဘ​သည်​လည်း တံ​ပိုး​မှုတ်​သ​ဖြင့်၊ လူ​များ​တို့​သည် ထို​မြို့​မှ မိ​မိ​တို့​နေ​ရာ​သို့ ပြန်​သွား​ကြ၏။ ယွာ​ဘ​သည်​လည်း ယေ​ရု​ရှ​လင်​မြို့၊ ရှင်​ဘု​ရင်​ထံ​တော်​သို့ ပြန်​သွား၏။


ဒံ​ယေ​လ​က၊ ရှင်​ဘု​ရင်၏​အ​မိန့်​တော်​သည် အ​ဘယ်​ကြောင့် ဤ​မျှ​လောက် လျင်​မြန်​သ​နည်း​ဟု၊


ထို​သူ၏​အ​မည်​ကား နာ​ဗ​လ၊ သူ၏​မ​ယား​အ​မည်​ကား အ​ဘိ​ဂဲ​လ​တည်း။ ထို​မိန်း​မ​သည် ဉာဏ်​ကောင်း၍ အ​ဆင်း​လည်း​လှ၏။ ယောက်ျား​မူ​ကား ခက်​ထန်​သော သ​ဘော​ရှိ၏။ ဆိုး​သော​အ​မှု​ကို​လည်း ပြု​တတ်၏။ ကာ​လက်​အ​ဆွေ​အ​မျိုး ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ