Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ဓမ္မ​ရာဇဝင် 2:5 - Judson Bible in Zawgyi Version

5 ဂိ​လဒ်​ပြည် ယာ​ဗက်​မြို့​သား​တို့​သည် ရှော​လု​ကို သင်္ဂြိုဟ်​ပါ​ပြီ​ဟု ဒါ​ဝိဒ်​အား​ကြား​လျှောက်​သော်၊ ဂိ​လဒ်​ပြည် ယာ​ဗက်​မြို့​သား​တို့​ရှိ​ရာ​သို့ တ​မန်​တို့​ကို​စေ​လွှတ်၍၊ သင်​တို့​သည် သင်​တို့​အ​ရှင်​ရှော​လု၌ က​ရု​ဏာ​ကျေး​ဇူး​ပြု၍ အ​လောင်း​တော်​ကို သင်္ဂြိုဟ်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ကောင်​ချီး​မင်္ဂ​လာ​ကို ခံ​ရ​ကြ​ပါ​စေ​သော။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

5 ဒါဝိဒ်​သည် ယာဗက်​ဂိလဒ်​မြို့သား​တို့​ထံသို့ တမန်​တို့​ကို​စေလွှတ်​၍ “​သင်​တို့​သည် သင်​တို့​၏​အရှင်​ရှောလု​မင်းကြီး​ကို ဤသို့​မေတ္တာပြ​၍ သင်္ဂြိုဟ်​ပေး​သောကြောင့် ထာဝရဘုရား​သည် သင်​တို့​ကို ကောင်းချီးပေး​တော်မူ​ပါစေသော​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

5 ထို​သူ​တို့​ထံ​သို့​လူ​အ​ချို့​ကို​စေ​လွှတ်​၍``သင် တို့​သည်​ရှော​လု​၏​အ​လောင်း​ကို​သင်္ဂြိုဟ်​ကြ ခြင်း​အား​ဖြင့် မိ​မိ​တို့​၏​ဘု​ရင်​အား​သစ္စာ စောင့်​ပုံ​ကို​ဖော်​ပြ​ကြ​ပေ​သည်။ သို့​ဖြစ်​၍ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ကောင်း ချီး​ပေး​တော်​မူ​ပါ​စေ​သော။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ဓမ္မ​ရာဇဝင် 2:5
16 ပူးပေါင်းရင်းမြစ်များ  

ကောင်း​ကင်​မြေ​ကြီး​ရှင်၊ အ​မြင့်​ဆုံး​သော​ဘု​ရား​သ​ခင်​သည် အာ​ဗြံ​အား ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော​ဟု၊ အာ​ဗြံ​ကို​ကောင်း​ချီး​ပေး၍၊


အာ​ဗြံ​က၊ မင်း​ကြီး​သည် အာ​ဗြံ​ကို​ငါ​ရ​တတ်​စေ​ပြီ​ဟု ပြော​စ​ရာ​မ​ရှိ​စေ​ခြင်း​ငှာ လု​လင်​တို့​သည် စား​ပြီး​သော​အ​ရာ​ကို​လည်း​ကောင်း၊ ကျွန်ုပ်​နှင့်​အ​တူ​လိုက်​လာ​သော​သူ၊ အာ​နေ​ရ၊ ဧ​ရှ​ကော​လ၊ မံ​ရေ​တို့​သည် မိ​မိ​တို့​အ​ဖို့​ကို​ယူ​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​သ​ဖြင့်၊ သူ​တို့​ယူ​သော​အ​ဖို့​ကို​လည်း​ကောင်း ထား၍ မင်း​ကြီး၏​ဥ​စ္စာ၊ အပ်​ခြည်​တစ်​မျှင်​ဖြစ်​စေ၊ ခြေ​နင်း​ကြိုး​တစ်​ပင်​ဖြစ်​စေ၊ တစ်​စုံ​တစ်​ခု​ကို​မျှ​ငါ​မ​ယူ​ဟု ကောင်း​ကင်​မြေ​ကြီး​ရှင်၊ အ​မြင့်​ဆုံး​သော​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌၊ ကျွန်ုပ်​သည်​လက်​ကို​ချီ၍ အ​ဓိ​ဋ္ဌာန်​ပြု​ပါ​ပြီ​ဟု၊ သော​ဒုံ​မင်း​ကြီး​အား​ပြော​ဆို​လေ၏။


မ​နေ့​က​သာ ရောက်​လာ​သည်​ဖြစ်၍၊ ယ​နေ့​ငါ​တို့​နှင့်​အ​တူ အ​ရပ်​ရပ်​လှည့်​လည်​ရ​မည်​လော။ ငါ​သည် သွား​ရ​သော အ​ခွင့်​ရှိ​သည်​အ​တိုင်း သွား​ရ​သော​ကြောင့်၊ သင်​သည် အ​မျိုး​သား​ချင်း​တို့​ကို​ခေါ်၍ ပြန်​လော့။ က​ရု​ဏာ​နှင့် သ​စ္စာ​ရှိ​ပါ​စေ​သော​ဟု မိန့်​တော်​မူ၏။


ဖိ​လိ​တ္တိ​လူ​တို့​သည် ဂိ​လ​ဗော​တောင်၌ ရှော​လု​ကို​သတ်၍၊ အ​လောင်း​တော်​ကို​ဆွဲ​ထား​ရာ ဗက်​ရှမ်​လမ်း​မှ ခိုး​သွား​သော ဂိ​လဒ်​ပြည် ယာ​ဗက်​မြို့​သူ​မြို့​သား​တို့​ရှိ​ရာ​သို့ ရှင်​ဘု​ရင်​သွား၍၊ ရှော​လု​အ​ရိုး​နှင့် သား​တော်​ယော​န​သန်​အ​ရိုး​တို့​ကို​ယူ၍၊


သင်​တို့​သည် ကောင်း​ကင်​နှင့် မြေ​ကြီး​ကို​ဖန်​ဆင်း​သော​ထာ​ဝ​ရ​ဘု​ရား ကောင်း​ချီး​ပေး​တော်​မူ​သော​သူ ဖြစ်​ကြ၏။


ထို​သူ​တို့​က၊ သင်​သည် ငါ​တို့​အ​မှု​ကို​မ​ဖော်​မ​ပြ​လျှင် သင့်​အ​သက်​အ​တွက် ငါ​တို့​အ​သက်​သည် အာ​မ​ခံ​ဖြစ်​စေ​တော့။ ဤ​ပြည်​ကို ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​အ​ခါ၊ သင်၌​သ​စ္စာ​စောင့်၍ ကျေး​ဇူး​ပြု​မည်​ဟု ဝန်​ခံ​ကြ၏။


ဣ​သ​ရေ​လ အ​မျိုး​အ​နွယ်​တို့​တွင် အ​ဘယ်​သူ​သည် မိ​ဇ​ပါ​မြို့ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ မ​လာ​ဘဲ​နေ​သ​နည်း ဟူ၍​လည်း​ကောင်း မေး​မြန်း​လျှင်၊ ဂိ​လဒ်​ပြည်၊ ယာ​ဗက်​မြို့​သား​တစ်​ယောက်​မျှ စု​ဝေး​ရာ​တပ်​သို့ မ​ရောက်​မ​လာ​ကြောင်း​ကို သိ​ကြ၏။


သို့​ရာ​တွင် ချွေး​မ​နှစ်​ယောက်​တို့​အား၊ သင်​တို့​သည် ကိုယ်​အ​မိ​အိမ်​သို့ ပြန်​သွား​ကြ​လော့။ သေ​လွန်​သော​သူ၌​လည်း​ကောင်း၊ ငါ၌​လည်း​ကောင်း၊ ကျေး​ဇူး​ပြု​သည်​နှင့်​အ​ညီ၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့၌ ကျေး​ဇူး​ပြု​တော်​မူ​ပါ​စေ​သော။


ယော​က္ခ​မ​က၊ အ​သက်​ရှင်​သော​သူ၊ သေ​သော​သူ​တို့၌ ကျေး​ဇူး​မ​ပြတ် ပြု​တော်​မူ​သေး​သော ထာ​ဝ​ရ​ဘု​ရား​သည် သူ့​ကို ကောင်​ချီး​ပေး​တော်​မူ​ပါ​စေ​သော ဟူ၍​လည်း​ကောင်း၊ ထို​သူ​သည် ငါ​တို့​နှင့်​ပေါက်​ဖော်​တော်​သော​သူ၊ နီး​စပ်​သော အ​မျိုး​သား​ချင်း​အ​ဝင် ဖြစ်​သည်​ဟူ၍​လည်း​ကောင်း၊ ချွေး​မ​အား ပြော​ဆို၏။


သူ​က၊ ငါ့​သ​မီး၊ ထာ​ဝ​ရ​ဘု​ရား ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။ သင်​သည် ငွေ​ရ​တတ်​သော​လူ​ပျို၊ ဆင်း​ရဲ​သော​လူ​ပျို တစ်​စုံ​တစ်​ယောက်​ကို မ​မှီ​ဝဲ​ဘဲ​နေ၍၊ အ​ရင်​ပြု​သော​ကျေး​ဇူး​ထက် နောက်​ပြု​သော​ကျေး​ဇူး​သာ၍​ကြီး၏။


ထို​နောက်​မှ အ​မ္မုန်​အ​မျိုး​သား​နာ​ဟတ်​သည်​လာ၍ ဂိ​လဒ်​ပြည် ယာ​ဗက်​မြို့​အ​နား​မှာ​တပ်​ချ​လျှင်၊ မြို့​သား​အ​ပေါင်း​တို့​က အ​ကျွန်ုပ်​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​တော်​မူ​ပါ။ ကိုယ်​တော်​ထံ၌​ကျွန်​ခံ​ပါ​မည်​ဟု နာ​ဟတ်​မင်း​အား လျှောက်​သော်​လည်း၊


ဂိ​လဒ်​ပြည် ယာ​ဗက်​မြို့​မှ​လာ​သော တ​မန်​တို့​အား နက်​ဖြန်​နေ့ နေ​ပူ​ချိန်​ရောက်​သော​အ​ခါ ချမ်း​သာ​ရ​မည်​အ​ကြောင်း​ကို၊ မြို့​သား​တို့​အား ကြား​ပြော​လော့​ဟု မှာ​လိုက်​သည်​အ​တိုင်း၊ တ​မန်​တို့​သည်​သွား၍ သ​တင်း​ကြား​ပြော​သ​ဖြင့် ယာ​ဗက်​မြို့​သား​တို့​သည် ဝမ်း​မြောက်​ကြ၏။


ရှော​လု​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​ကို ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။ အ​ကျွန်ုပ်​သည် ထာ​ဝ​ရ​ဘု​ရား အ​မိန့်​တော်​အ​တိုင်း ပြု​ပါ​ပြီ​ဟု ဆို၏။


ရှော​လု​က၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကောင်း​ချီး​ပေး​တော်​မူ​သော​သူ ဖြစ်​ပါ​စေ​သော။ သင်​တို့​သည် ငါ့​ကို​သ​နား​ကြ​ပြီ။


လူ​သည် ရန်​သူ​ကို​တွေ့​လျှင် ချမ်း​သာ​စွာ လွှတ်​လိမ့်​မည်​လော။ သို့​ဖြစ်၍ သင်​သည် ငါ၌​ယ​နေ့​ပြု​သော​ကျေး​ဇူး​ကို ထာ​ဝ​ရ​ဘု​ရား ဆပ်​တော်​မူ​ပါ​စေ​သော။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ