Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ဓမ္မ​ရာဇဝင် 2:23 - Judson Bible in Zawgyi Version

23 အာ​သ​ဟေ​လ​သည် နား​မ​ထောင်​သော​ကြောင့်၊ အာ​ဗ​နာ​သည် နောက်​သို့​လှံ​နှင့်​ထိုး​လျှင်၊ ဝမ်း၌​လှံ​ဖျား​ဝင်၍ ကျော​ကို​ထုတ်​ချင်း​ဖောက်​သ​ဖြင့်၊ အာ​သ​ဟေ​လ​သည်​လဲ၍ ထို​အ​ရပ်၌​သေ၏။ အာ​သ​ဟေ​လ လဲ၍​သေ​သော ထို​အ​ရပ်​သို့ ရောက်​သော​သူ​အ​ပေါင်း​တို့​သည် ရပ်​နေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

23 အာသဟေလ​သည် ပြန်​မ​လှည့်​ဘဲ​ဆက်၍​လိုက်​နေ​သောကြောင့် အာဗနာ​သည် သူ့​ကို လှံ​ဖြင့် နောက်ပြန်​ထိုး​လိုက်​ရာ လှံ​သည် ဝမ်းဗိုက်​မှ နောက်ကျော​အထိ ထုတ်ချင်းပေါက်​သွား​ပြီး သူ​သည် ထို​နေရာ​တွင်ပင် လဲကျ​သေဆုံး​သွား​လေ​၏​။ အာသဟေလ လဲကျ​သေဆုံး​သော​နေရာ​သို့ ရောက်လာ​သူ​အားလုံး​လည်း ရပ်တန့်​သွား​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

23 သို့​ရာ​တွင်​အာ​သ​ဟေ​လ​သည်​လိုက်​မြဲ​လိုက် သ​ဖြင့် အာ​ဗ​နာ​သည်​မိ​မိ​လှံ​နှင့်​နောက်​ပြန်​ထိုး လိုက်​ရာ လှံ​သည်​အာ​သ​ဟေ​လ​၏​ဝမ်း​ကို​ထုတ် ချင်း​ဖောက်​လေ​၏။ အာ​သ​ဟေ​လ​သည်​ထို​နေ​ရာ ၌​လဲ​ကျ​သေ​ဆုံး​သွား​၏။ သူ​လဲ​ကျ​ရာ​သို့ ရောက်​ရှိ​လာ​သူ​အ​ပေါင်း​တို့​သည် ရှေ့​သို့​ဆက် ၍​မ​သွား​တော့​ဘဲ​ထို​နေ​ရာ​၌​ပင်​ရပ်​၍​နေ ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ဓမ္မ​ရာဇဝင် 2:23
7 ပူးပေါင်းရင်းမြစ်များ  

ယွာ​ဘ​နှင့်​အ​ဘိ​ရှဲ​သည် အာ​ဗ​နာ​ကို​လိုက်၍ ဂိ​ဗောင်​တော​သို့ သွား​သော​လမ်း​နား၊ ဂိ​အာ​မြို့​ရှေ့​မှာ​ရှိ​သော အ​မ္မ​တောင်​သို့​ရောက်​သော​အ​ခါ နေ​ဝင်၏။


လက်​ဝဲ​လက်၌​ကိုင်​သော​ဓား​ကို အာ​မ​သ​သည် သ​တိ​မ​ပြု​သော​ကြောင့်၊ ဝမ်း​ကို​ထိုး၍ အ​အူ​ကို​မြေ​ပေါ်​မှာ​ချ၏။ ထပ်၍ မ​ထိုး​သော်​လည်း အာ​မ​သ​သေ​လေ၏။ ယွာ​ဘ​နှင့်​ညီ​အ​ဘိ​ရှဲ​သည် ဗိ​ခ​ရိ​သား​ရှေ​ဘ​ကို လိုက်​ကြ၏။


အာ​ဗ​နာ​သည် ဟေ​ဗြုန်​မြို့​သို့​ရောက်​သော​အ​ခါ၊ ယွာ​ဘ​သည် အ​သင့်​အ​တင့်​နှုတ်​ဆက်​ခြင်း​ငှာ၊ မြို့​တံ​ခါး​နား​သို့ ခေါ်​ပြီး​လျှင်၊ ညီ​အာ​သ​ဟေ​လ သေ​သည်​အ​တွက် သူ၏​ဝမ်း​ကို​ထိုး၍ သူ​သည်​လည်း​သေ၏။


ထို​သို့​ယွာ​ဘ​နှင့် ညီ​အ​ဘိ​ရှဲ​သည် အာ​ဗ​နာ​ကို​သတ်၏။ အ​ကြောင်း​မူ​ကား၊ သူ​တို့​ညီ အာ​သ​ဟေ​လ​ကို ဂိ​ဗောင်​စစ်​တိုက်​ပွဲ၌ အာ​ဗ​နာ​သတ်​သ​တည်း။


ထို​ညီ​အစ်​ကို ရေ​ခပ်​နှင့်​ဗာ​နာ​တို့​သည် စ​ပါး​ကို​ထုတ်​ဟန်​ဆောင်၍ အိမ်​အ​လယ်​သို့​ဝင်​ပြီး​လျှင်၊


တစ်​ဖန် ရှင်​ဘု​ရင်​သည် မိ​မိ​လူ​တို့​ကို​ခေါ်၍၊ ပြည်​သား​ရင်း ယေ​ဗု​သိ​လူ​တို့​ရှိ​ရာ ယေ​ရု​ရှ​လင်​မြို့​သို့​ချီ​သွား​လျှင်၊ သူ​တို့​က သင်​သည် ဤ​မြို့​ထဲ​သို့​မ​ဝင်​ရ။ မျက်​စိ​ကန်း​သော​သူ​နှင့် ခြေ​ဆွံ့​သော​သူ​တို့​က​လည်း၊ ဒါ​ဝိဒ်​သည် ဤ​မြို့​ထဲ​သို့​မ​ဝင်​ရ​ဟု ဆို​ကာ​မျှ​နှင့် သင့်​ကို​ဆီး​တား​လိမ့်​မည်​ဟု ဆို​ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ