၂ ဓမ္မရာဇဝင် 2:18 - Judson Bible in Zawgyi Version18 ဇေရုယာသားသုံးယောက်၊ ယွာဘ၊ အဘိရှဲ၊ အာသဟေလ ပါကြ၏။ အာသဟေလသည် တော၌ကျင်လည်သောဒရယ်ကဲ့သို့ လျင်မြန်၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်18 ဇေရုယာ၏သားသုံးယောက်ဖြစ်သော ယွာဘ၊ အဘိရှဲနှင့် အာသဟေလတို့သည်လည်း ထိုတိုက်ပွဲတွင် ပါဝင်၏။ အာသဟေလသည် တောဒရယ်တစ်ကောင်ကဲ့သို့ အပြေးမြန်သူဖြစ်၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version18-19 ဇေရုယာ၏သားသုံးယောက်ဖြစ်ကြသောယွာဘ၊ အဘိရှဲနှင့်အာသဟေလတို့သည်တိုက်ပွဲတွင် ပါဝင်ကြ၏။ အာသဟေလသည်ဒရယ်ကဲ့သို့ လျင်မြန်စွာပြေးနိုင်၏။ သူသည်အာဗနာအား တသမတ်တည်းလိုက်လျက်နေ၏။- အခန်းကိုကြည့်ပါ။ |
ဇေရုယာသားယွာဘသည် ငါ၌ပြုသောအမှု၊ ဣသရေလဗိုလ်ချုပ်နှစ်ပါး နေရ၏သားအာဗနာ၊ ယေသာ၏သားအာမသ၌ ပြုသောအမှုတည်းဟူသော သူတို့ကိုသတ်၍ စစ်မတိုက်ဘဲ စစ်အသွေးကိုသွန်းလောင်းသဖြင့်၊ မိမိဝတ်သောခါးစည်း၊ မိမိနင်းသောခြေနင်းတို့ကို စစ်အသွေးနှင့် လူးသောအမှုကို သင်သိသည်ဖြစ်၍၊
တစ်ဖန် နေအောက်မှာရှိသော အမှုအရာတို့ကို ငါပြန်၍ကြည့်ရှုသောအခါ၊ လျင်မြန်သောသူသည် ပြိုင်၍ပြေးသော်လည်း မနိုင်တတ်။ ခွန်အားကြီးသောသူသည် စစ်တိုက်၍ မအောင်တတ်။ ပညာရှိသောသူသည် ဝစွာမစားတတ်။ ဉာဏ်ကောင်းသောသူသည် စည်းစိမ်ကိုမရတတ်။ လိမ္မာသောသူသည် သူတစ်ပါးရှေ့၌ မျက်နှာမရတတ်။ ခပ်သိမ်းသောသူတို့၌ ကာလအချိန်စေ့ခြင်း၊ အဆင်သင့်ခြင်းရှိသည်အတိုင်း ဖြစ်တတ်သည်ကို ငါမြင်၏။