Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ဓမ္မ​ရာဇဝင် 2:16 - Judson Bible in Zawgyi Version

16 သူ​တို့​သည် လူ​ချင်း​တိုက်၍ လူ​တိုင်း မိ​မိ​တိုက်​ဖက်၏ ခေါင်း​ကို​ကိုင်​လျက်၊ နံ​ဘေး​ကို​ဓား​နှင့်​ထိုး​လျက် တစ်​စု​တည်း လဲ​သေ​ကြ၏။ သို့​ဖြစ်၍ ဂိ​ဗောင်​မြို့​နယ်၌​ရှိ​သော ထို​အ​ရပ်​ကို ဟေ​လ​က​သ​ဇ္ဇု​ရိမ်​ဟူ​သော အ​မည်​ဖြင့် သ​မုတ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

16 ပြိုင်ဖက်​အချင်းချင်း တစ်ဦး​နှင့်​တစ်ဦး ခေါင်း​ကို​ဖမ်းဆွဲ​၍ နံဘေး​ကို ဓား​နှင့်​ထိုး​ကြ​ရာ အားလုံး​လဲကျ​သေဆုံး​ကြ​လေ​၏​။ ထို့ကြောင့် ဂိဗောင်​မြို့​ရှိ ထို​နေရာ​ကို ဟေလကသဇ္ဇုရိမ် ဟု​ခေါ်ဆို​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

16 လူ​တိုင်း​ပင်​မိ​မိ​တိုက်​ခိုက်​ရ​သူ​နှင့်​အ​ပြန်​အ​လှန် ဦး​ခေါင်း​ကို​ကိုင်​၍ နံ​ဘေး​ကို​ဓား​နှင့်​ထိုး​လျက် သူ​တို့​အား​လုံး​ပင်​လဲ​၍​သေ​ကြ​ကုန်​၏။ ဤ အ​ကြောင်း​ကြောင့်​ဂိ​ဗောင်​နယ်​ရှိ​ဤ​အ​ရပ် ကို``ဓား​ကွင်း'' ဟူ​၍​ခေါ်​ဆို​သ​မုတ်​ကြ​လေ သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ဓမ္မ​ရာဇဝင် 2:16
7 ပူးပေါင်းရင်းမြစ်များ  

အာ​ဗ​နာ​က​လည်း၊ လု​လင်​တို့​သည်​ထ၍ ငါ​တို့​ရှေ့​မှာ က​စား​ကြ​ပါ​လေ​စေ​ဟု ဆို​သော်၊ ယွာ​ဘ​က ထ​ကြ​ပါ​လေ​စေ​ဟု ဆို​သည်​အ​တိုင်း၊


ရှော​လု​သား​ဣ​ရှ​ဗော​ရှက်၏ လူ​ဗင်္ယာ​မိန်​အ​မျိုး​သား တစ်​ကျိပ်​နှစ်​ယောက်​နှင့် ဒါ​ဝိဒ်၏​ကျွန် တစ်​ကျိပ်​နှစ်​ယောက်​တို့​သည် ထ၍ ကူး​လာ​ကြ၏။


ထို​နေ့၌ ပြင်း​စွာ​စစ်​တိုက်၍ အာ​ဗ​နာ​နှင့် ဣ​သ​ရေ​လ​လူ​တို့​သည် ဒါ​ဝိဒ်၏​ကျွန်​တို့​ရှေ့​မှာ ရှုံး​ကြ​လေ၏။


ထို​အ​ခါ အာ​ဗ​နာ​က၊ ယွာ​ဘ​ကို​ဟစ်၍၊ ဓား​သွား​သည် အ​စဉ်​မ​ပြတ် ကိုက်​စား​ရ​မည်​လော။ နောက်​ဆုံး၌ ခါး​သော​အ​ရ​သာ​ကို တွေ့​လိမ့်​မည်​ဟု မ​သိ​သော လူ​များ​တို့​သည် ညီ​အစ်​ကို​တို့​ကို​မ​လိုက်၊ ပြန်​စေ​မည်​အ​ကြောင်း သင်​သည်​အ​ဘယ်​မျှ ကာ​လ​ပတ်​လုံး မ​စီ​ရင်​ဘဲ​နေ​မည်​နည်း​ဟု ဆို​လျှင်၊


ရန်​သူ​တို့​ကို လူ​တိုင်း​တစ်​ယောက်​စီ သတ်​ကြ​သ​ဖြင့် ရှု​ရိ​လူ​တို့​သည် ပြေး​ကြ၏။ ဣ​သ​ရေ​လ​လူ​တို့​သည်​လိုက်​ကြ​သ​ဖြင့် ရှု​ရိ​ရှင်​ဘု​ရင်​ဗင်္ဟာ​ဒဒ်​သည် မြင်း​စီး၍ မြင်း​စီး​သူ​ရဲ​တို့​နှင့်​အ​တူ အ​လွတ်​ပြေး၏။


ထို​အ​ကြောင်း​အ​ရာ​ကို ယေ​ရု​ရှ​လင်​မြို့၌​နေ​သော သူ​အ​ပေါင်း​တို့​သည်​သိ၍ မိ​မိ​တို့​ဘာ​သာ​အား​ဖြင့် ထို​မြေ​ကို အ​ကေ​လ​ဒ​မ​ဟု ခေါ်​တွင်​ကြ၏။ အ​နက်​ကား သွေး​မြေ​ဟု ဆို​လို​သ​တည်း။-


သူ​တို့​အ​ပိုင်း​အ​ခြား​သည် ဟေ​လ​ကတ်​မြို့၊ ဟာ​လိ​မြို့၊ ဗေ​တင်​မြို့၊ အာ​ခ​ရှပ်​မြို့၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ