Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ဓမ္မ​ရာဇဝင် 19:26 - Judson Bible in Zawgyi Version

26 အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​ကျွန်​သည် ခြေ​ဆွံ့​သော​ကြောင့် မြည်း​စီး၍ ကိုယ်​တော်​ထံ​သို့​သွား​ခြင်း​ငှာ မြည်း​ကို ကုန်း​နှီး​တင်​မည်​ဟု ကြံ​စဉ်​အ​ခါ၊ ကျွန်​တော်​ကျွန်​သည် ကျွန်​တော်​ကို လှည့်​စား​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

26 သူ​က​လည်း “​အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​၊ အကျွန်ုပ်​သည် ခြေမသန်သူ​ဖြစ်၍ အကျွန်ုပ်​က အကျွန်ုပ်​၏​အစေအပါး​အား ‘​ငါ​သည် ရှင်ဘုရင်​နှင့်အတူ​လိုက်သွား​မည်​ဖြစ်၍ ငါ​စီး​ဖို့ မြည်း​ကို​ကုန်းနှီးတင်​ပေး​ပါ​’​ဟု ဆို​သော်လည်း သူ​သည် အကျွန်ုပ်​ကို လှည့်စား​ခဲ့​ပါ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

26 မေ​ဖိ​ဗော​ရှက်​က``အ​ရှင်​မင်း​ကြီး၊ အ​ရှင်​သိ တော်​မူ​သည့်​အ​တိုင်း​အ​ကျွန်ုပ်​သည်​ခြေ​ဆွံ့ သူ​ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​သည်​အ​ရှင်​နှင့်​အ​တူ မြည်း​စီး​၍​လိုက်​နိုင်​ရန်​မြည်း​ကို​ကုန်း​နှီး အ​တင်​ခိုင်း​သော်​လည်း​အ​ကျွန်ုပ်​၏​အ​စေ​ခံ သည်​အ​ကျွန်ုပ်​အား​လှည့်​စား​ပါ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ဓမ္မ​ရာဇဝင် 19:26
4 ပူးပေါင်းရင်းမြစ်များ  

သူ​နှင့်​အ​တူ ဗင်္ယာ​မိန်​အ​မျိုး​သား​တစ်​ထောင်၊ ရှော​လု​အ​ဆွေ​အ​မျိုး၏ ကျွန်​ဇိ​ဘ​နှင့် သူ၏​သား တစ်​ကျိပ်​ငါး​ယောက်၊ ကျွန်​နှစ်​ဆယ်​တို့​သည်​လည်း လိုက်​လာ၍ ရှင်​ဘု​ရင်​ရှေ့​တော်၌ ယော်​ဒန်​မြစ်​ကို ကူး​ကြ၏။


ရှော​လု၏​သား​ယော​န​သန်၌ ခြေ​ဆွံ့​သော သား​တစ်​ယောက်​ရှိ​ရစ်၏။ သူ​သည် အ​သက်​ငါး​နှစ်​ရှိ​သော​အ​ခါ၊ ယေ​ဇ​ရေ​လ​မြို့​မှ ရှော​လု​နှင့် ယော​န​သန်​တို့၏​သ​တင်း​ကို​ကြား​လျှင်၊ အ​ထိန်း​သည် သူ့​ကို​ချီ၍​ပြေး​စဉ်​တွင်၊ အ​လျင်​အ​မြန်​ပြေး​သော​ကြောင့်၊ သူ​ငယ်​သည်​ကျ၍​ခြေ​ဆွံ့၏။ ထို​သူ​ငယ်၏​အ​မည်​ကား မေ​ဖိ​ဗော​ရှက်​တည်း။


ရှင်​ဘု​ရင်​က​လည်း၊ ဘု​ရား​သ​ခင့်​အ​လို​တော်​အ​တိုင်း ငါ​ကျေး​ဇူး​ပြု​စ​ရာ အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ၊ ရှော​လု​အ​ဆွေ​အ​မျိုး တစ်​စုံ​တစ်​ယောက်​မျှ မ​ရှိ​သ​လော​ဟု မေး​လျှင် ဇိ​ဘ​က၊ ယော​န​သန်၌ ခြေ​ဆွံ့​သော​သား​တစ်​ယောက် ရှိ​ပါ​သေး၏​ဟု လျှောက်​သော်၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ