Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ဓမ္မ​ရာဇဝင် 19:23 - Judson Bible in Zawgyi Version

23 ရှိ​မိ​အား​လည်း၊ သင်​သည် အ​သေ​သတ်​ခြင်း​ကို မ​ခံ​ရ​ဟု ကျိန်​ဆို​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

23 ထို့နောက် ရှင်ဘုရင်​က ရှိမိ​အား “​သင် မ​သေ​ရ​”​ဟု ကတိသစ္စာပြု​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

23 ရှိ​မိ​အား``သင်​သည်​သေ​ဒဏ်​ခံ​ရ​မည်​မ​ဟုတ် ကြောင်း​ငါ​က​တိ​ပြု​၏'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ဓမ္မ​ရာဇဝင် 19:23
9 ပူးပေါင်းရင်းမြစ်များ  

ရှင်​ဘု​ရင်​က အို​ဇေ​ရု​ယာ​သား​တို့၊ သင်​တို့​သည် ငါ​နှင့်​အ​ဘယ်​သို့​ဆိုင်​သ​နည်း။ ထို​သူ​သည် ကျိန်​ဆဲ​ပါ​လေ​စေ။ ဒါ​ဝိဒ်​ကို ကျိန်​ဆဲ​လော့​ဟု ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​ပြီ။ သို့​ဖြစ်၍ သင်​သည် အ​ဘယ်​ကြောင့် ဤ​သို့​ပြု​သ​နည်း​ဟု အ​ဘယ်​သူ​ဆို​ရ​မည်​နည်း ဟူ၍​လည်း​ကောင်း၊


ရှော​လု၏​သား မေ​ဖိ​ဗော​ရှက်​သည်​လည်း ရှင်​ဘု​ရင်​ကို ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ​လာ၏။ ရှင်​ဘု​ရင်​ထွက်​သော​နေ့​မှ​စ၍ ငြိမ်​ဝပ်​စွာ ပြန်​လာ​တော်​မ​မူ​မီ​တိုင်​အောင်၊ သူ​သည်​ခြေ​တို့​ကို မ​ပြု​စု၊ မုတ်​ဆိတ်​ကို​မ​ပြင်​ဆင်၊ အ​ဝတ်​ကို မ​လျှော်​ဘဲ​နေ​ပြီ။


မြို့​ပြင်​သို့​ထွက်၍ ကေ​ဒြုန်​ချောင်း​ကို​ကူး​လျှင်၊ ကူး​သော​နေ့၌ အ​သေ​သတ်​ခြင်း​ကို​အ​မှန်​ခံ​ရ​မည်​ဟု သ​တိ​နှင့်​မှတ်​လော့။ သင့်​အ​သွေး​သည် သင့်​ခေါင်း​ပေါ်​မှာ သက်​ရောက်​စေ​ဟု မိန့်​တော်​မူ​သော်၊


ယော​ယ​ဒ​သား​ဗေ​နာ​ယ​သည် အ​မိန့်​တော်​ကို​ခံ၍ ပြင်​သို့​ထွက်​ပြီး​လျှင် ရှိ​မိ​ကို​သေ​အောင်​လုပ်​ကြံ​လေ၏။ ထို​သို့ နိုင်​ငံ​တော်​သည် ရှော​လ​မုန်​လက်၌ တည်၏။


လူ​တို့​သည် မိ​မိ​ထက်​ကြီး​မြတ်​သော​သူ​ကို တိုင်​တည်၍ ကျိန်​ဆို​လေ့​ရှိ​ကြ၏။ မြဲ​မြံ​စေ​တတ်​သော အ​ကျိန်​သည် ငြင်း​ခုံ​ခြင်း​ရှိ​သ​မျှ​ကို ဖြေ​တတ်၏။-


ရှော​လု​က၊ လူ​တစ်​ယောက်​ကို​မျှ ယ​နေ့​မ​သတ်​ရ၊ ထာ​ဝ​ရ​ဘု​ရား​သည် ယ​နေ့ ဣ​သ​ရေ​လ​အ​မျိုး​ကို ကယ်​တင်​တော်​မူ​ပြီ​ဟု ဆို၏။


ရှော​လု​က၊ ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ ဤ​အ​မှု​ကြောင့် အ​ဘယ်​အ​ပြစ်​မျှ မ​ရောက်​ရ​ဟု ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်၍ ကျိန်​ဆို​လေ၏။


ဒါ​ဝိဒ်​က​လည်း၊ ထို​အ​လုံး​အ​ရင်း​ရှိ​ရာ​သို့ လမ်း​ပြ​နိုင်​သ​လော​ဟု မေး​လျှင် သူ​က၊ ကိုယ်​တော်​သည် ကျွန်​တော်​ကို မ​သတ်၊ သ​ခင့်​လက်​သို့ မ​အပ်​မည်​အ​ကြောင်း ဘု​ရား​သ​ခင်​ကို​တိုင်​တည်၍ ကျိန်​ဆို​ပါ​တော့။ သို့​ပြု​လျှင် ထို​အ​လုံး​အ​ရင်း​ရှိ​ရာ​သို့ လမ်း​ပြ​ပါ​မည်​ဟု ဆို​သည်​အ​တိုင်း၊ ဒါ​ဝိဒ်​သည် ကျိန်​ဆို​ခြင်း​ကို ပြု​လေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ