Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ဓမ္မ​ရာဇဝင် 19:12 - Judson Bible in Zawgyi Version

12 သင်​တို့​သည် ငါ့​ညီ​အစ်​ကို၊ ငါ့​အ​ရိုး၊ ငါ့​အ​သား​ဖြစ်၍၊ ရှင်​ဘု​ရင်​ကို ပြန်​ပို့​မည့်​အ​မှု​မှာ အ​ဘယ်​ကြောင့်​နောက်​ကျ​ကြ​သ​နည်း ဟူ၍​လည်း​ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

12 ငါ့​ညီအစ်ကို​၊ ငါ့​အရိုး​အသား​ဖြစ်​သော​သင်​တို့​သည် ရှင်ဘုရင်​ကို နန်းတော်​သို့​ပြန်လည်​ခေါ်ဆောင်​ရန် အဘယ်ကြောင့် နောက်ကျ​နေ​ရ​သနည်း​’​ဟု ပြော​လော့​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

12 သင်​တို့​သည်​ငါ​၏​ဆွေ​မျိုး၊ ငါ​၏​သွေး​သား များ​ဖြစ်​ကြ​၏။ ငါ့​အား​ပြန်​လည်​ခေါ်​ဆောင် ရန်​အ​ဘယ်​ကြောင့်​နောက်​ကျ​နေ​ရ​ပါ​သ​နည်း'' ဟု​မေး​မြန်း​စေ​ရန်​ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ် နှင့်​အ​ဗျာ​သာ​တို့​ကို​ယု​ဒ​ခေါင်း​ဆောင် များ​ထံ​သို့​စေ​လွှတ်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ဓမ္မ​ရာဇဝင် 19:12
9 ပူးပေါင်းရင်းမြစ်များ  

လူ​က​လည်း၊ ယ​ခု ဤ​သူ​သည် ငါ့​အ​ရိုး​ထဲ​က​အ​ရိုး၊ ငါ့​အ​သား​ထဲ​က​အ​သား​ဖြစ်​၏။ လူ​ထဲ​က​ထုတ်​သော​ကြောင့် သူ့​ကို​လူ​မိန်း​မ​ဟု ခေါ်​ဝေါ်​အပ်​သည်​ဟု ဆို​လေ​၏။


လာ​ဗန်​က၊ အ​ကယ်​စင်​စစ် သင်​သည်​ငါ့​အ​ရိုး​အ​သား​ပင်​ဖြစ်၏​ဟု ဆို​လေ၏။


တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ရှင်​ဘု​ရင်​ထံ​တော်​သို့​လာ၍၊ ကျွန်​တော်​တို့ ညီ​အစ်​ကို​ဖြစ်​သော ယု​ဒ​အ​မျိုး​သား​တို့​သည် ကိုယ်​တော်​ကို​ခိုး​ယူ၍ ကိုယ်​တော်​နှင့်​တ​ကွ နန်း​တော်​သား ကိုယ်​တော်၏ လူ​အ​ပေါင်း​တို့​ကို အ​ဘယ်​ကြောင့်​ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ ပို့​ရ​ကြ​မည်​နည်း​ဟု လျှောက်​ကြ​သော်၊


ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့​က၊ ရှင်​ဘု​ရင်​သည် ငါ​တို့​နှင့် ပေါက်​ဖော်​တော်​သည်​ဖြစ်၍၊ ဤ​အ​မှု၌ သင်​တို့​သည် အ​ဘယ်​ကြောင့် စိတ်​ဆိုး​ကြ​သ​နည်း။ ရှင်​ဘု​ရင်၏ ရိ​က္ခာ​တော်​ကို ငါ​တို့​စား​ကြ​သ​လော။ ငါ​တို့​အား တစ်​စုံ​တစ်​ခု​သော ဆု​ကို​ပေး​တော်​မူ​သ​လော​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပြန်​ပြော​ကြ၏။


ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ် အ​ပေါင်း​တို့​သည် ဒါ​ဝိဒ်​ရှိ​ရာ ဟေ​ဗြုန်​မြို့​သို့​လာ၍၊ ကျွန်​တော်​တို့​သည် ကိုယ်​တော်​အ​ရိုး၊ ကိုယ်​တော်​အ​သား​ဖြစ်​ကြ​ပါ၏။


အ​ဟိ​တုပ်​သား ဇာ​ဒုတ်​နှင့် အ​ဗျာ​သာ၏​သား အ​ဟိ​မ​လက်​သည် ယဇ်​ပု​ရော​ဟိတ်​ဖြစ်၏။ စ​ရာ​ယ​သည် စာ​ရေး​တော်​ကြီး​ဖြစ်၏။


အ​ကယ်​စင်​စစ် ငါ​တို့​သည် သ​ခင်​ဘု​ရား၏ အ​သား​တော်၊ အ​ရိုး​တော်​တို့​အ​ဝင်​ဖြစ်၍၊ ကိုယ်​တော်​မြတ်၏ အင်္ဂါ​ဖြစ်​ကြ၏။-


ယေ​ရု​ဗ္ဗာ​လ​သား​ခု​နစ်​ဆယ်​တို့​သည် သင်​တို့​ကို အုပ်​စိုး​ကောင်း​သ​လော။ သား​တစ်​ယောက်​တည်း အုပ်​စိုး​ကောင်း​သ​လော။ ငါ​သည် သင်​တို့၏​အ​ရိုး​အ​သား​စစ်​ဖြစ်​ကြောင်း​ကို မ​မေ့​ကြ​နှင့်​ဟု ရှေ​ခင်​မြို့​သား​အ​ပေါင်း​တို့​အား ပြော​ရ​မည်​အ​ကြောင်း​ကို တိုင်​ပင်​လေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ