Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ဓမ္မ​ရာဇဝင် 19:1 - Judson Bible in Zawgyi Version

1 ရှင်​ဘု​ရင်​သည် အ​ဗ​ရှ​လုံ​ကြောင့် ငို​ကြွေး​မြည်​တမ်း​တော်​မူ​သည်​ဟု ယွာ​ဘ​အား ကြား​ပြော​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

1 “​ရှင်ဘုရင်​သည် အဗရှလုံ​အတွက်​ကြောင့် ငိုကြွေး​မြည်တမ်း​နေ​ရ​ပါ​ပြီ​”​ဟု ယွာဘ​ထံ သတင်း​ရောက်လာ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

1 ဒါ​ဝိဒ်​မင်း​သည်​အ​ဗ​ရှ​လုံ​အ​တွက်​ငို​ကြွေး မြည်​တမ်း​လျက်​နေ​ကြောင်း ယွာ​ဘ​ထံ​သို့ သ​တင်း​ရောက်​ရှိ​လာ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ဓမ္မ​ရာဇဝင် 19:1
9 ပူးပေါင်းရင်းမြစ်များ  

သား​သ​မီး​အ​ပေါင်း​တို့​သည်၊ အ​ဘ​ကို​နှစ်​သိမ့်​စေ​ခြင်း​ငှာ ကြိုး​စား​သော်​လည်း၊ သူ​သည် နှစ်​သိမ့်​စေ​သော​စ​ကား​ကို နား​မ​ထောင်​ဘဲ၊ ငါ့​သား​ရှိ​ရာ မ​ရ​ဏာ​နိုင်​ငံ​သို့ စိတ်​မ​သာ​ညည်း​တွား​လျက် ဆင်း​သက်​တော့​မည်​ဟု​ဆို​လေ၏။ ထို​သို့​ယော​သပ်​အ​ဘ​သည် သား​ကြောင့်​ငို​ကြွေး​မြည်​တမ်း​လျက်​နေ​လေ​၏။


ထို​သူ​က ကျွန်​တော်​သည် ကိုယ်​လက်၌ ငွေ​အ​ခွက်​တစ်​ဆယ်​ကို​ပင် ခံ​ရ​သော်​လည်း ရှင်​ဘု​ရင်၏​သား​ကို မ​ပြု​နိုင်​ပါ။ အ​ကြောင်း​မူ​ကား၊ ကျွန်​တော်​တို့​ကြား​သည်​အ​တိုင်း ရှင်​ဘု​ရင်​က၊ ငါ့​မျက်​နှာ​ကို​ထောက်၍ ငါ့​သား​အ​ဗ​ရှ​လုံ​ကို စောင့်​မ​ကြ​လော့​ဟု ကိုယ်​တော်​နှင့် အ​ဘိ​ရှဲ၊ အိ​တ္တဲ​တို့​ကို မှာ​ထား​တော်​မူ​ပြီ။


ယွာ​ဘ​က၊ သင်​နှင့်​အ​တူ ငါ​မ​နေ​အား​ဟု​ဆို​လျက် လှံ​ယဉ်​သုံး​စင်း​ကို​ကိုင်​ယူ၍ သ​ပိတ်​ပင်​အ​လယ်၌ အ​သက်​ရှင်​လျက်​ရှိ​သော အ​ဗ​ရှ​လုံ၏​နှ​လုံး​ကို ထုတ်​ချင်း ခပ်​ထိုး​လေ၏။


ယွာ​ဘ​က၊ ယ​နေ့​သင်​သည် သ​တင်း​မ​ကြား မ​လျှောက်​ရ။ အ​ခြား​သော​နေ့၌​ကြား​လျှောက်​ရ​မည်။ ရှင်​ဘု​ရင်၏​သား​တော်​သေ​သော​ကြောင့် ယ​နေ့​သင်​သည် သ​တင်း​မ​ကြား​မ​လျှောက်​ရ​ဟု ဆို​ပြီး​မှ၊


ရှင်​ဘု​ရင်​သည် အ​လွန်​နာ​ကျင်​သော​စိတ်​ရှိ​သ​ဖြင့် မြို့​တံ​ခါး​အ​ပေါ်၌​ရှိ​သော တဲ​သို့​တက်၍ တက်​စဉ်​တွင်၊ အို​ငါ့​သား​အ​ဗ​ရှ​လုံ၊ ငါ့​သား၊ ငါ့​သား​အ​ဗ​ရှ​လုံ၊ သင့်​ကိုယ်​စား ငါ​မ​သေ​ပါ​လေ​တ​ကား။ အို​အ​ဗ​ရှ​လုံ၊ ငါ့​သား၊ ငါ့​သား​ဟု ငို​ကြွေး​လေ၏။


ရှင်​ဘု​ရင်​က​လည်း၊ ငါ့​မျက်​နှာ​ကို​ထောက်၍ ငါ့​သား​အ​ဗ​ရှ​လုံ​ကို ဖြည်း​ညင်း​စွာ​ပြု​ကြ​လော့​ဟု ယွာ​ဘ၊ အ​ဘိ​ရှဲ၊ အိ​တ္တဲ​တို့​ကို မှာ​ထား​တော်​မူ၏။ ထို​သို့ ရှင်​ဘု​ရင်​သည် အ​ဗ​ရှ​လုံ​အ​တွက် ဗိုလ်​မင်း​အ​ပေါင်း​တို့​ကို မှာ​ထား​တော်​မူ​သော​အ​ခါ၊ လူ​အ​ပေါင်း​တို့​သည် ကြား​ကြ၏။


ထို​နေ့၌​အောင်​ပွဲ​သည် လူ​အ​ပေါင်း​တို့​တွင် ဝမ်း​နည်း​စ​ရာ​အ​ကြောင်း​ဖြစ်​ပြန်၏။ ရှင်​ဘု​ရင်​သည် သား​တော်​ကြောင့် စိတ်​နာ​ကျင်​တော်​မူ​သည်​ကို လူ​အ​ပေါင်း​တို့​သည် ထို​နေ့၌​ကြား၍၊


မိုက်​သော​သူ​သည် အ​ဘ​ဝမ်း​နည်း​စ​ရာ​အ​ကြောင်း၊ မွေး​သော​အ​မိ စိတ်​ညစ်​စ​ရာ​အ​ကြောင်း​ဖြစ်၏။


ကျေး​ဇူး​တော်​ကို ခံ​သော​သ​ဘော၊ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​သော​သ​ဘော​ကို ဒါ​ဝိဒ်​မင်း​မျိုး၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​အ​ပေါ်​သို့ ငါ​သွန်း​လောင်း​သ​ဖြင့်၊ သူ​တို့​သည် မိ​မိ​တို့ ထိုး​ဖောက်​သော ငါ့​ကို ရှု​မြင်​ရ​ကြ​လိမ့်​မည်။ တစ်​ယောက်​တည်း​သော​သား​အ​တွက် အ​ဘ​သည် ငို​ကြွေး​မြည်​တမ်း​သ​ကဲ့​သို့၊ ထို​သူ​အ​တွက် ငို​ကြွေး​မြည်​တမ်း​ရ​ကြ​လိမ့်​မည်။ သား​ဦး​အ​တွက် အ​ဘ​သည် နာ​ကြည်း​ရ​ကြ​လိမ့်​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ