Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ဓမ္မ​ရာဇဝင် 18:33 - Judson Bible in Zawgyi Version

33 ရှင်​ဘု​ရင်​သည် အ​လွန်​နာ​ကျင်​သော​စိတ်​ရှိ​သ​ဖြင့် မြို့​တံ​ခါး​အ​ပေါ်၌​ရှိ​သော တဲ​သို့​တက်၍ တက်​စဉ်​တွင်၊ အို​ငါ့​သား​အ​ဗ​ရှ​လုံ၊ ငါ့​သား၊ ငါ့​သား​အ​ဗ​ရှ​လုံ၊ သင့်​ကိုယ်​စား ငါ​မ​သေ​ပါ​လေ​တ​ကား။ အို​အ​ဗ​ရှ​လုံ၊ ငါ့​သား၊ ငါ့​သား​ဟု ငို​ကြွေး​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

33 ထိုအခါ ရှင်ဘုရင်​သည် တုန်လှုပ်​လျက်​၊ မြို့​တံခါး​အထက်ခန်း​သို့ တက်သွား​ပြီးလျှင် လမ်းလျှောက်​ရင်း ငိုကြွေး​လျက် “​အို ငါ့​သား​၊ ငါ့​သား အဗရှလုံ​၊ ငါ့​သား အဗရှလုံ​၊ အဘယ်ကြောင့် သင့်​အစား ငါ​မ​သေ​ရ​သနည်း​။ အို ငါ့​သား​၊ ငါ့​သား အဗရှလုံ​”​ဟု မြည်တမ်း​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

33 မင်း​ကြီး​သည်​လွန်​စွာ​ဝမ်း​နည်း​ကြေ​ကွဲ​လျက် မြို့​တံ​ခါး​အ​မိုး​ထက်​၌​ရှိ​သော​အ​ခန်း​သို့ တက်​သွား​၍​ငို​ကြွေး​တော်​မူ​၏။ ယင်း​သို့ တက်​သွား​စဉ်``အို ငါ့​သား၊ ငါ့​သား​အ​ဗ​ရှ​လုံ၊ အ​ဗ​ရှ​လုံ​ငါ့​သား၊ သင့်​ကိုယ်​စား​ငါ​သေ ချင်​ပါ​ဘိ။ ငါ့​သား​အ​ဗ​ရှ​လုံ၊ ငါ့​သား'' ဟု ငို​ကြွေး​မြည်​တမ်း​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ဓမ္မ​ရာဇဝင် 18:33
11 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြ​ဟံ​လည်း၊ မိ​မိ​သား​ဖြစ်​သော​ကြောင့်၊ ထို​အ​မှု​အ​လွန်​ခက်​သည်​ဟု ထင်​လေ၏။


ထို​သို့​ရှင်​ဘု​ရင်၏​စိတ်​နှ​လုံး​သည် အ​ဗ​ရှ​လုံ​သို့ ပါ​သွား​ကြောင်း​ကို ဇေ​ရု​ယာ​သား​ယွာ​ဘ​သည် ရိပ်​မိ​သော​အ​ခါ၊


ရှင်​ဘု​ရင်​သည် အ​ဗ​ရှ​လုံ​ကြောင့် ငို​ကြွေး​မြည်​တမ်း​တော်​မူ​သည်​ဟု ယွာ​ဘ​အား ကြား​ပြော​လေ၏။


ရှင်​ဘု​ရင်​သည်​လည်း မျက်​နှာ​ကို​ဖုံး၍၊ အို​ငါ့​သား အ​ဗ​ရှ​လုံ၊ အို​အ​ဗ​ရှ​လုံ၊ ငါ့​သား၊ ငါ့​သား​ဟု ကြီး​သော​အ​သံ​နှင့် ငို​ကြွေး​တော်​မူ၏။


အ​ဘ​သည် သား​တို့​ကို သ​နား​စုံ​မက်​သည်​နည်း​တူ၊ ထာ​ဝ​ရ​ဘု​ရား​သည် ကြောက်​ရွံ့​သော​သူ​တို့​ကို သ​နား​စုံ​မက်​တော်​မူ၏။


သို့​သော်​လည်း သူ​တို့​အ​ပြစ်​ကို​လွှတ်​ခြင်း​ငှာ အ​လို​တော်​ရှိ​လျှင် လွှတ်​တော်​မူ​ပါ။ သို့​မ​ဟုတ်၊ ကိုယ်​တော်​စီ​ရင်​တော်​မူ​သော​စာ​ရင်း၌ အ​ကျွန်ုပ်​နာ​မ​ကို ချေ​တော်​မူ​ပါ။ အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏​ဟု လျှောက်​လျှင်၊


ရှော​လ​မုန်​မင်း၏​သု​တ္တံ​စ​ကား​ဟူ​မူ​ကား၊ ပ​ညာ​ရှိ​သော​သား​သည် အ​ဘ​ဝမ်း​မြောက်​ခြင်း​အ​ကြောင်း၊ မိုက်​သော​သား​မူ​ကား၊ အ​မိ​ဝမ်း​နည်း​ခြင်း​အ​ကြောင်း​ကို ဖြစ်​စေ​တတ်၏။


မိုက်​သော​သူ​သည် အ​ဘ​ဝမ်း​နည်း​စ​ရာ​အ​ကြောင်း၊ မွေး​သော​အ​မိ စိတ်​ညစ်​စ​ရာ​အ​ကြောင်း​ဖြစ်၏။


အ​ကြောင်း​မူ​ကား၊ ဇာ​တိ​အား​ဖြင့် ငါ့​အ​မျိုး​သား​ချင်း​ဖြစ်​သော ငါ့​ညီ​အစ်​ကို​တို့​အ​တွက်၊ ငါ​သည် ကိုယ်​တိုင် ခ​ရစ်​တော်​နှင့်​ခွာ၍ ကျိန်​ခြင်း​ကို ခံ​ချင်​လောက်​အောင် စိတ်​ရှိ၏။-


ဧ​လိ​ယ​သည် ငါ​တို့​ကဲ့​သို့ လော​က​ဓံ​တ​ရား၌ ကျင်​လည်​သော​သူ ဖြစ်​သော်​လည်း၊ မိုး​မ​ရွာ​မည်​အ​ကြောင်း အ​ထူး​သ​ဖြင့် ဆု​တောင်း​သော​အ​ခါ၊ သုံး​နှစ်​နှင့် ခြောက်​လ​ပတ်​လုံး မြေ​ပေါ်​သို့ မိုး​မ​ရွာ​ဘဲ​နေ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ