Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ဓမ္မ​ရာဇဝင် 18:22 - Judson Bible in Zawgyi Version

22 တစ်​ဖန် ဇာ​ဒုတ်​သား​အ​ဟိ​မတ်​က၊ သို့​သော်​လည်း ကျွန်​တော်​သည် ကု​ရှိ​နောက်​မှာ ပြေး​ပါ​ရ​စေ​ဟု အ​ခွင့်​တောင်း​ပြန်​လျှင်၊ ယွာ​ဘ​က ငါ့​သား၊ ဝမ်း​မြောက်​စ​ရာ သ​တင်း​မ​ဟုတ်​သည်​ဖြစ်၍ အ​ဘယ်​ကြောင့် ပြေး​သွား​ချင်​သ​နည်း​ဟု ဆို​သော်​လည်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

22 ဇာဒုတ်​၏​သား အဟိမတ်​က ထပ်၍​ယွာဘ​အား “​မည်သို့ပင်​ဖြစ်​စေ​၊ ယခု ထို​ကုရှိ​အမျိုးသား​နောက်သို့ အကျွန်ုပ် ပြေးလိုက်​ပါရစေ​”​ဟု ဆို​လျှင် ယွာဘ​က သူ့​အား “​ငါ့​သား​၊ အဘယ်ကြောင့် သင်​ပြေးလိုက်​လို​သနည်း​။ ဤ​သတင်း​သည် ဆု​ရရှိ​စေ​မည့်​သတင်း​မ​ဟုတ်​”​ဟု သူ့​အား ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

22 အ​ဟိ​မတ်​က``အ​ကျွန်ုပ်​အား​လည်း​ထို​သတင်း ကို​ယူ​ဆောင်​သွား​ခွင့်​ပြု​ပါ။ ဘေး​တွေ့​မည် ဖြစ်​သော်​လည်း​အ​ကျွန်ုပ်​အ​မှု​မ​ထား​ပါ'' ဟု​ထပ်​မံ​၍​တောင်း​ပန်​၏။ ယွာ​ဘ​က``ငါ့​သား၊ သင်​သည်​အ​ဘယ်​ကြောင့် ဤ​အ​မှု​ကို​ပြု​လို​ပါ​သ​နည်း။ ယင်း​သို့​ပြု သည့်​အ​တွက်​ဆု​လာဘ်​ရ​ရှိ​လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ဓမ္မ​ရာဇဝင် 18:22
6 ပူးပေါင်းရင်းမြစ်များ  

ကု​ရှိ​အား သင်​မြင်​သ​မျှ​ကို​သွား၍ ရှင်​ဘု​ရင်​အား ကြား​လျှောက်​လော့​ဟု ဆို​သည်​အ​တိုင်း၊ ကု​ရှိ​သည် ယွာ​ဘ​အား​ဦး​ညွှတ်၍ ပြေး​လေ၏။


ပြေး​ပါ​ရ​စေ​ဟု တစ်​ဖန်​အ​ခွင့်​တောင်း​သော​ကြောင့် ပြေး​လော့​ဟု အ​ခွင့်​ပေး၏။ ထို​အ​ခါ အ​ဟိ​မတ်​သည် လွင်​ပြင်​လမ်း၌​ပြေး၍ ကု​ရှိ​ကို​လွန်​လေ၏။


ရှင်​ဘု​ရင်​က​လည်း၊ ငါ့​သား အ​ဗ​ရှ​လုံ​သည် ဘေး​လွတ်၏​လော​ဟု မေး​တော်​မူ​လျှင် အ​ဟိ​မတ်​က၊ အ​ရှင်​မင်း​ကြီး၏​ကျွန်​ယွာ​ဘ​သည် ကိုယ်​တော်​ကျွန် ကို​စေ​လွှတ်​သော​အ​ခါ ရုန်း​ရင်း​ခတ်​ခြင်း​အ​မှု​ကို ကျွန်​တော်​မြင်​သော်​လည်း သေ​ချာ​စွာ​မ​သိ​ရ​ပါ​ဟု လျှောက်​သော်၊


ဖာ​ရော​ဘု​ရင်​က၊ သင်​သည်​ကိုယ်​ပြည်​သို့ ပြန်​ချင်​သော​စိတ်​ရှိ​မည်​အ​ကြောင်း ငါ့​ထံ​မှာ​အ​ဘယ်​အ​ရာ လို​သေး​သ​နည်း​ဟု မေး​သော်၊ အ​ဘယ်​အ​ရာ​မျှ​မ​လို​ပါ။ သို့​သော်​လည်း သွား​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ​ဟု လျှောက်​ပြန်​လေ၏။


ထို​သူ​တို့​သည် ဘု​ရား​သ​ခင်​ကို မ​သိ​မ​မှတ်​လို​သည်​ဖြစ်၍၊ မ​လျောက်​ပတ်​သော အ​မှု​ကို ပြု​စေ​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် သူ​တို့​ကို မော​ဟ​လက်​သို့ အပ်​လိုက်​တော်​မူ​သည်​နှင့်​အ​ညီ၊-


မ​တော်​မ​လျော်​သော ညစ်​ညူး​ပြက်​ပြယ် ပြက်​ရယ်​သော စ​ကား​များ​ကို​လည်း​ပယ်၍ ကျေး​ဇူး​တော် ချီး​မွမ်း​ခြင်း​စ​ကား​ကို သုံး​ကြ​လော့။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ