Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ဓမ္မ​ရာဇဝင် 18:15 - Judson Bible in Zawgyi Version

15 လက်​နက်​ဆောင်​လု​လင် တစ်​ကျိပ်​တို့​သည်​လည်း ဝိုင်း၍ အ​ဗ​ရှ​လုံ​ကို အ​သေ​သတ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

15 ယွာဘ​၏​လက်နက်ကိုင်​တပ်သား ဆယ်​ဦး​တို့​က​လည်း အဗရှလုံ​ကို ဝိုင်းဝန်း​ထိုး​သတ်​ကြ​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

15 ထို​နောက်​ယွာ​ဘ​၏​တပ်​သား​ဆယ်​ယောက် တို့​သည် အ​ဗ​ရှ​လုံ​ကို​ဝိုင်း​၍​အ​ဆုံး စီ​ရင်​လိုက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ဓမ္မ​ရာဇဝင် 18:15
9 ပူးပေါင်းရင်းမြစ်များ  

ယ​ခု​မှာ​သင်​သည် ငါ့​ကို​မ​ထီ​မဲ့​မြင်​ပြု၍ ဟိ​တ္တိ​လူ၊ ဥ​ရိ​ယ၏​မ​ယား​ကို​သိမ်း​သော​ကြောင့်၊ သင့်​အ​ဆွေ​အ​မျိုး​တို့​သည် ဓား​ဘေး​နှင့်​အ​စဉ် တွေ့​ကြုံ​ရ​ကြ​လိမ့်​မည်။


ယွာ​ဘ​က၊ သင်​နှင့်​အ​တူ ငါ​မ​နေ​အား​ဟု​ဆို​လျက် လှံ​ယဉ်​သုံး​စင်း​ကို​ကိုင်​ယူ၍ သ​ပိတ်​ပင်​အ​လယ်၌ အ​သက်​ရှင်​လျက်​ရှိ​သော အ​ဗ​ရှ​လုံ၏​နှ​လုံး​ကို ထုတ်​ချင်း ခပ်​ထိုး​လေ၏။


ယွာ​ဘ​သည်​လည်း တံ​ပိုး​မှုတ်၍ လူ​တို့​ကို​ဆီး​တား​သ​ဖြင့် ဣ​သ​ရေ​လ​လူ​တို့​ကို လိုက်​ရာ​မှ ပြန်​လာ​ကြ၏။


ဒါ​ဝိဒ်​မင်း​ကြီး​သည်​လည်း ယဇ်​ပု​ရော​ဟိတ် ဇာ​ဒုတ်​နှင့် အ​ဗျာ​သာ​တို့​ထံ​သို့ လူ​ကို​စေ​လွှတ်၍၊ ယု​ဒ​အ​မျိုး သက်​ကြီး​သူ​တို့​ထံ​သို့ သွား၍​ပြော​ရ​မည်​ကား၊ ရှင်​ဘု​ရင်​ကို နန်း​တော်​သို့ ပြန်​ပို့​ရ​မည်​အ​မှု​မှာ သင်​တို့​သည် အ​ဘယ်​ကြောင့် နောက်​ကျ​ကြ​သ​နည်း။ ရှင်​ဘု​ရင်​သည် စံ​နန်း​တော်၌ နေ​စဉ်​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့ ပြော​တတ်​သော​စ​ကား​ကို ကြား​တော်​မူ​ပြီ။


ဆိုး​သော​သူ​သည် ကြာ​မြင့်​စွာ​ကာ​လ မ​ဝါ​ကြွား​ရ​ကြောင်း​ကို​လည်း​ကောင်း၊ အ​ဓ​မ္မ​လူ​သည် ခ​ဏ​သာ​ဝမ်း​မြောက်​ကြောင်း​ကို​လည်း​ကောင်း မ​သိ​သ​လော။


မ​တ​ရား​သော​သူ​သည် အ​စိုး​တ​ရ​ပြု၍၊ ပေါက်​ရင်း​အ​ရပ်​မှာ ကြီး​ပွား​သော သစ်​ပင်​လန်း​လန်း​ရှိ​သ​ကဲ့​သို့၊ ကိုယ်​ကို​ကိုယ်​ပြန့်​ပွား​စေ​သည်​ကို ငါ​မြင်​ရ​သော်​လည်း၊


ပုန်​ကန်​သော​သူ​သည် မ​တ​ရား​သော​အ​မှု​ကို​သာ ပြု​စု​တတ်၏။ ထို​ကြောင့် ကြမ်း​ကြုတ်​သော​တ​မန်​ကို သူ့​ဆီ​သို့​စေ​လွှတ်​ရ၏။


လူ​အ​သက်​ကို​ညှဉ်း​ဆဲ​သော​သူ​သည် သင်္ချိုင်း​တွင်း​သို့​ပြေး​ပါ​လေ​စေ။ အ​ဘယ်​သူ​မျှ​မ​ဆီး​တား​စေ​နှင့်။


တွင်း​ကို တူး​သော​သူ​သည် ထို​တွင်း​ထဲ​သို့ ကျ​လိမ့်​မည်။ ခြံ​ကို​ဖျက်​သော​သူ​သည် မြွေ​ကိုက်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ