၂ ဓမ္မရာဇဝင် 17:25 - Judson Bible in Zawgyi Version25 အဗရှလုံသည် ဗိုလ်ချုပ်မင်းယွာဘအရာ၌ အာမသကိုခန့်ထား၏။ အာမသကား၊ ယွာဘအမိ ဇေရုယာ၏ညီမနာဟတ်သမီး အဘိဂဲလနှင့် စုံဖက်သော ဣရှမေလအမျိုးယေသာ၏သား ဖြစ်သတည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်25 အဗရှလုံသည် အာမသကို ဗိုလ်ချုပ်ယွာဘနေရာတွင် ခန့်ထား၏။ အာမသသည် ယွာဘ၏မိခင်၊ ဇေရုယာ၏ညီမ၊ နာဟတ်၏သမီး အဘိဂဲလနှင့်ပေါင်းသင်းသော ယေသာအမည်ရှိ အစ္စရေးအမျိုးသားတစ်ဦး၏သားဖြစ်၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version25 (အဗရှလုံသည်အာမသအားယွာဘ၏ နေရာတွင်တပ်မတော်ဗိုလ်ချုပ်အဖြစ်ခန့် ထား၏။ အာမသကားဣရှမေလအမျိုး သားယေသာ၏သားဖြစ်၏။ သူ၏မိခင်မှာ နာဟတ်၏သမီး၊ ယွာဘ၏မိခင်ဇေရုယာ ၏ညီမအဘိဂဲလဖြစ်သတည်း။-) အခန်းကိုကြည့်ပါ။ |
ဇေရုယာသားယွာဘသည် ငါ၌ပြုသောအမှု၊ ဣသရေလဗိုလ်ချုပ်နှစ်ပါး နေရ၏သားအာဗနာ၊ ယေသာ၏သားအာမသ၌ ပြုသောအမှုတည်းဟူသော သူတို့ကိုသတ်၍ စစ်မတိုက်ဘဲ စစ်အသွေးကိုသွန်းလောင်းသဖြင့်၊ မိမိဝတ်သောခါးစည်း၊ မိမိနင်းသောခြေနင်းတို့ကို စစ်အသွေးနှင့် လူးသောအမှုကို သင်သိသည်ဖြစ်၍၊
ထိုမှတစ်ပါး၊ ဒါဝိဒ်သည် ရှောလုကို စစ်တိုက်သွားသော ဖိလိတ္တိလူတို့နှင့် လိုက်သောအခါ၊ ဖိလိတ္တိမင်းတို့က၊ ဤသူသည် ငါတို့ကိုအပ်၍ မိမိသခင်ရှောလုဘက်သို့ ဝင်စားမည်ဟုတိုင်ပင်ပြီးမှ ပြန်စေသောကြောင့်၊ ဒါဝိဒ်သည် စစ်မကူဘဲ ဇိကလတ်မြို့သို့သွားသောကာလ၊ သူ့ဘက်သို့ ဝင်စားသော မနာရှေအမျိုးသားဟူမူကား၊