Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ဓမ္မ​ရာဇဝင် 17:22 - Judson Bible in Zawgyi Version

22 ဒါ​ဝိဒ်​နှင့် လူ​အ​ပေါင်း​တို့​သည်​ထ၍ ယော်​ဒန်​မြစ်​ကို​ကူး​ကြ၏။ မိုး​လင်း​သော​အ​ခါ မ​ကူး​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

22 ထို့ကြောင့် ဒါဝိဒ်​မင်းကြီး​နှင့် သူ​နှင့်အတူ​ရှိ​သော လူ​အပေါင်း​တို့​သည် ထ​၍​ဂျော်ဒန်​မြစ်​ကို ကူး​ကြ​၏​။ နံနက်​မိုးလင်း​ချိန်​ရောက်​လျှင် တစ်ယောက်မကျန် ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​ကို ရောက်​ကုန်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

22 သို့​ဖြစ်​၍​ဒါ​ဝိဒ်​နှင့်​နောက်​ပါ​အ​ပေါင်း​တို့ သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​ကြ​ရာ မိုး သောက်​ချိန်​၌​တစ်​ယောက်​မ​ကျန်​တစ်​ဘက် ကမ်း​သို့​ရောက်​ရှိ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ဓမ္မ​ရာဇဝင် 17:22
8 ပူးပေါင်းရင်းမြစ်များ  

ပြန်​သွား​သော​နောက် အ​ဟိ​မတ်​နှင့် ယော​န​သန်​သည် ရေ​တွင်း​ထဲ​က​တက်၍ ဒါ​ဝိဒ်​မင်း​ကြီး​ထံ​သို့​သွား​ပြီး​လျှင်၊ မြစ်​တစ်​ဖက်​သို့ အ​လျင်​အ​မြန်​ထ၍ ကြွ​တော်​မူ​ပါ။ အ​ဟိ​သော​ဖေ​လ​သည် ကိုယ်​တော်​တစ်​ဖက်၌ ဤ​မည်​သော အ​ကြံ​ကို​ပေး​ပါ​ပြီ​ဟု လျှောက်​သော်၊


အ​ဟိ​သော​ဖေ​လ​သည် မိ​မိ​ပေး​သော​အ​ကြံ​သို့ မ​လိုက်​ကြ​သည်​အ​ကြောင်း​ကို သိ​မြင်​သော​အ​ခါ၊ မြည်း​ကို ကုန်း​နှီး​တင်​စေ​ပြီး​လျှင် ထ၍ မိ​မိ​နေ​ရင်း​မြို့ မိ​မိ​အိမ်​သို့​သွား​သ​ဖြင့် အိမ်​မှု​အိမ်​ရေး​များ​ကို စီ​ရင်​ပြီး​မှ လည်​ကြိုး​တပ်၍ သေ​လေ၏။ ဘိုး​ဘေး​တို့​သင်္ချိုင်း၌ သင်္ဂြိုဟ်​ကြ၏။


ဒါ​ဝိဒ်​သည် မ​ဟာ​နိမ်​မြို့​သို့ ရောက်​လေ၏။ အ​ဗ​ရှ​လုံ​သည်​လည်း ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​နှင့်​အ​တူ ယော်​ဒန်​မြစ်​ကို ကူး​လေ၏။


အ​ကျွန်ုပ်​စိတ်​ဝိ​ညာဉ်​သည် အ​ကျွန်ုပ်​အ​ထဲ​မှာ ညှိုး​ငယ်​လျက်​ရှိ​ပါ၏။ အ​ကြောင်း​မူ​ကား၊ ယော်​ဒန်​မြစ်​ကမ်း၊ ဟေ​ရ​မုန်​တောင်​ရိုး၊ မိ​ဇ​ရ​ကုန်း​ပေါ်​မှာ ကိုယ်​တော်​ကို အ​ကျွန်ုပ်​အောက်​မေ့​ပါ၏။


သ​မ္မာ​သ​တိ​ရှိ​သော​သူ​သည် အ​မှု​ကို​မြော်​မြင်၍၊ ပုန်း​ရှောင်​လျက် နေ​တတ်၏။ ဉာဏ်​တိမ်​သော​သူ​မူ​ကား၊ အ​စဉ်​အ​တိုင်း​သွား၍ အ​မှု​နှင့်​တွေ့​တတ်၏။


ကိုယ်​တော်​ကျွန်​တို့​သည် အုပ်​သော​စစ်​သူ​ရဲ​တို့​ကို စာ​ရင်း​ယူ​ပြန်၍၊ လူ​တစ်​ယောက်​မျှ မ​လျော့​ပါ။


တော​ခွေး​စု​ထဲ​သို့ သိုး​တို့​ကို စေ​လွှတ်​သ​ကဲ့​သို့ သင်​တို့​ကို ငါ​စေ​လွှတ်၏။ ထို​ကြောင့် သင်​တို့​သည် မြွေ​ကဲ့​သို့ လိ​မ္မာ​လျက်၊ ချိုး​ငှက်​ကဲ့​သို့ အ​ဆိပ်​ကင်း​လျက် ရှိ​ကြ​လော့။-


ကိုယ်​တော်​သည် အ​ကျွန်ုပ်​အား ပေး​တော်​မူ​သော​သူ​တို့​တွင် အ​ဘယ်​သူ​မျှ​ပျက်​စီး​ခြင်း​သို့ မ​ရောက်​ပါ​ဟူ​သော အ​ထက်​က​စ​ကား​တော်​ကို ပြည့်​စုံ​စေ​ခြင်း​ငှာ ဤ​သို့​မိန့်​တော်​မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ