Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ဓမ္မ​ရာဇဝင် 17:17 - Judson Bible in Zawgyi Version

17 ယော​န​သန်​နှင့် အ​ဟိ​မတ်​သည် မြို့​ထဲ​သို့​ဝင်​လျှင် သူ​တစ်​ပါး​မြင်​မည်​စိုး​သော​ကြောင့်၊ အင်္ရော​ဂေ​လ​ရွာ​နား​မှာ နေ​ရ​စဉ်​တွင်၊ မိန်း​မ​က​လေး​တစ်​ယောက် သွား၍​ပြော​သည်​အ​တိုင်း သူ​တို့​သည် ဒါ​ဝိဒ်​မင်း​ကြီး​ထံ​သို့​သွား၍ လျှောက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

17 ယောနသန်​နှင့် အဟိမတ်​တို့​သည် မြို့​တွင်း​သို့​ဝင်​ပြီး လူ​မြင်​ခံ​၍​မ​ရ​သဖြင့် အင်္ရောဂေလ​အရပ်​တွင် နေ​နေ​၏​။ သတင်း​ရရှိ​သော​အစေခံမလေး​တစ်​ဦး​က သူ​တို့​အား လာ​ပြောပြ​သောအခါ သူ​တို့​သည်​လည်း ဒါဝိဒ်​မင်းကြီး​အား သွား​ပြောပြ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

17 ဇာ​ဒုတ်​၏​သား​ယော​န​သန်​နှင့်​အ​ဗျာ​သာ ၏​သား​အ​ဟိ​မတ်​တို့​သည်​လူ​မြင်​မည်​စိုး ၍ မြို့​ထဲ​မ​ဝင်​ဝံ့​ဘဲ​အင်္ရော​ဂေ​လ​ရွာ​တွင် စောင့်​နေ​ကြ​၏။ ဒါ​ဝိဒ်​ထံ​သို့​သူ​တို့​ယူ ဆောင်​ရန်​သ​တင်း​ကို​အ​စေ​ခံ​မ​က​လေး တစ်​ယောက်​က​လာ​ရောက်​ပေး​ပို့​သည့်​အ​တိုင်း သူ​တို့​သည်​ဒါ​ဝိဒ်​ထံ​သို့​သွား​၍​လျှောက် ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ဓမ္မ​ရာဇဝင် 17:17
8 ပူးပေါင်းရင်းမြစ်များ  

ယဇ်​ပု​ရော​ဟိတ် ဇာ​ဒုတ်​အား​လည်း သင်​သည် ပ​ရော​ဖက်​ဖြစ်​သည်​မ​ဟုတ်​လော။ သင်၏​သား အ​ဟိ​မတ်​နှင့် အ​ဗျာ​သာ၏​သား ယော​န​သန်၊ ထို​သား​နှစ်​ယောက်​ကို​ခေါ်၍ မြို့​သို့​ငြိမ်​ဝပ်​စွာ ပြန်​သွား​လော့။


မြို့​တွင် သင်​နှင့်​အ​တူ ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်​နှင့် အ​ဗျာ​သာ​တို့​သည် ရှိ​ကြ​သည်​မ​ဟုတ်​လော။ သို့​ဖြစ်၍ နန်း​တော်၌​ကြား​သ​မျှ​ကို ယဇ်​ပု​ရော​ဟိတ်​တို့​အား ပြန်​ပြော​ရ​မည်။


သူ​တို့၌ ဇာ​ဒုတ်၏​သား အ​ဟိ​မတ်​နှင့် အ​ဗျာ​သာ၏​သား ယော​န​သန်​သား​နှစ်​ယောက် ရှိ​ကြ၏။ ကြား​နိုင်​သ​မျှ​ကို ထို​သား​တို့​တွင် ငါ့​ထံ​သို့ ပေး​လိုက်​ရ​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊


ယဇ်​ပု​ရော​ဟိတ် အ​ဗျာ​သာ၏​သား ယော​န​သန်​သည်​လာ​လျှင်၊ အ​ဒေါ​နိ​ယ​က ဝင်​ပါ။ သင်​သည် လူ​ကောင်း​ဖြစ်၍၊ ကောင်း​သော​သ​တင်း​ကို ကြား​ပြော​လိမ့်​မည်​ဟု ဆို​လျှင်၊


အ​ဒေါ​နိ​ယ​သည် အင်္ရော​ဂေ​လ​မြို့​နယ်​အ​တွင်း၊ ဇော​ဟေ​လက်​ကျောက်​နား​မှာ သိုး၊ နွား​မှ​စ၍ ဆူ​ဖြိုး​သော​အ​ကောင်​တို့​ကို သတ်​ပြီး​လျှင်၊ ရှင်​ဘု​ရင်​သား​မိ​မိ​ညီ​များ​နှင့် ရှင်​ဘု​ရင်၏​ကျွန် ယု​ဒ​လူ​များ​အ​ပေါင်း​တို့​ကို ခေါ်​ဖိတ်​လေ၏။


အာ​ခေါ်​ချိုင့်​မြောက်​ဘက်​မှ​ထွက်၍ ဒေ​ဗိ​ရ​ရွာ​သို့​လည်း​ကောင်း၊ မြစ်​တောင်​ဘက် အ​ဒု​မ္မိမ်​ကုန်း​ရှေ့၌​ရှိ​သော ဂိ​လ​ဂါ​လ​မြို့​သို့​လည်း​ကောင်း ရောက်​ပြီး​မှ၊ အင်​ရှေ​မက်​အိုင်၊ အင်္ရော​ဂေ​လ​ရွာ​လမ်း​သို့ လိုက်​လျက်၊


ဟိ​န္နုံ​သား၏​ချိုင့်​ရှေ့​မှာ၊ ရေ​ဖိမ်​ချိုင့်​မြောက်​ဘက်၌​ရှိ​သော တောင်​ခြေ​ရင်း​သို့​လာ၍ ယေ​ဗု​သိ​မြို့​တောင်​ဘက် ဟိ​န္နုံ​ချိုင့်​သို့​လည်း​ကောင်း၊ အင်္ရော​ဂေ​လ​ရွာ​သို့​လည်း​ကောင်း၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ