၂ ဓမ္မရာဇဝင် 15:8 - Judson Bible in Zawgyi Version8 ထာဝရဘုရားသည် အကျွန်ုပ်ကို တစ်ဖန်ယေရုရှလင်မြို့သို့ ဆောင်တော်မူလျှင်၊ ထာဝရဘုရားဝတ်ကို အကျွန်ုပ်ပြုပါမည်ဟု ကိုယ်တော်ကျွန်သည် ရှုရိပြည် ဂေရှုရမြို့၌နေသောအခါ သစ္စာကတိပြုပါပြီ။ သို့ဖြစ်၍ ကျွန်တော်သည် ထာဝရဘုရားအား သစ္စာကတိပြုသည်အတိုင်း၊ ဟေဗြုန်မြို့သို့သွား၍ သစ္စာဝတ်ကိုဖြေရမည်အကြောင်း အခွင့်ပေးတော်မူပါဟုလျှောက်လျှင်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်8 အကျွန်ုပ်သည် ဆီးရီးယားပြည်၊ ဂေရှုရမြို့တွင်နေစဉ်က ‘ထာဝရဘုရားသည် အကျွန်ုပ်ကို ဂျေရုဆလင်မြို့သို့ အမှန်တကယ်ပြန်လည်ပို့ဆောင်တော်မူလျှင် ထာဝရဘုရားကို အကျွန်ုပ်ဝတ်ပြုပါမည်’ဟု ကျွန်တော်မျိုးကတိသစ္စာပြုခဲ့ပါပြီ”ဟု လျှောက်၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version8 ရှုရိပြည်ဂေရှုရမြို့တွင်နေထိုင်စဉ်အခါက အကယ်၍ထာဝရဘုရားသည် အကျွန်ုပ်အား ယေရုရှလင်မြို့သို့ပြန်လည်ပို့ဆောင်ပေး တော်မူပါလျှင် ကိုယ်တော်အားဟေဗြုန်မြို့ တွင်ဝတ်ပြုကိုးကွယ်ပါမည်ဟုအကျွန်ုပ် ကတိထားခဲ့ပါ၏'' ဟုလျှောက်၏။- အခန်းကိုကြည့်ပါ။ |
အဗရှလုံက၊ ငါသည် ဂေရှုရမြို့မှ အဘယ်ကြောင့် လာရသနည်း။ ထိုမြို့၌ ယခုတိုင်အောင် နေကောင်းသည်ဟု လျှောက်စေခြင်းငှာ၊ သင့်ကို ရှင်ဘုရင်ထံတော်သို့ စေလွှတ်မည်ဟု ငါခေါ်၏။ ယခုမှာ ရှင်ဘုရင်၏မျက်နှာတော်ကို ငါမြင်ရပါစေ။ အပြစ်ရှိလျှင် သတ်တော်မူပါစေဟု ယွာဘအားပြောဆိုသော်၊
အကယ်စင်စစ် သင်တို့က၊ အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရားအား အကျွန်ုပ်တို့အဖို့ ဆုတောင်းပါလော့။ အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသမျှတို့ကို ကြားပြောပါလော့။ အကျွန်ုပ်တို့သည် နားထောင်ပါမည်ဟုဆို၍၊ ငါ့ကို သင်တို့၏ ဘုရားသခင် ထာဝရဘုရားထံတော်သို့ စေလွှတ်သောအခါ၊ ကိုယ်စိတ်ကို ကိုယ်လှည့်စားကြပြီ။
သို့မဟုတ် ထာဝရဘုရားအား ဝတ်မပြုကောင်းဟု သင်တို့ထင်လျှင်၊ မြစ်ကြီးတစ်ဖက်၌ ဘိုးဘေးတို့ဝတ်ပြုသောဘုရား၊ သင်တို့နေရာ အာမောရိပြည်သားတို့၏ဘုရားများတွင်၊ အဘယ်မည်သော ဘုရားတို့အား ဝတ်ပြုမည်အရာကို ယနေ့ရွေးကြလော့။ ငါနှင့် ငါ့အိမ်သားဖြစ်လျှင် ထာဝရဘုရားကိုသာ ဝတ်ပြုမည်ဟု ဆိုလေသော်၊
အိုကောင်းကင် ဗိုလ်ခြေအရှင်ထာဝရဘုရား၊ ကိုယ်တော်၏ ကျွန်မကို မေ့လျော့တော်မမူဘဲ၊ ကိုယ်တော်ကျွန်မ၏ ဆင်းရဲခြင်းကို ကြည့်ရှုအောက်မေ့သဖြင့်၊ သားယောက်ျားကို ပေးသနားတော်မူလျှင်၊ သူ၏ဆံပင်ရိတ်ခြင်းကို အလျှင်းမပြု။ တစ်သက်လုံး ထာဝရဘုရား၏ကျွန်ဖြစ်စေခြင်းငှာ ကျွန်မအပ်ပါမည်ဟု သစ္စာကတိပြုလေ၏။