Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ဓမ္မ​ရာဇဝင် 15:32 - Judson Bible in Zawgyi Version

32 တောင်​ပေါ်​သို့ ရောက်​သော​အ​ခါ ဒါ​ဝိဒ်​သည် ဘု​ရား​သ​ခင်​ကို​ကိုး​ကွယ်၏။ အာ​ခိ​မြို့​သား​ဟု​ရှဲ​သည်​လည်း အင်္ကျီ​ကို​ဆုတ်​လျက် ခေါင်း​ပေါ်​မှာ မြေ​မှုန့်​ကို​တင်​လျက် ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ လာ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

32 ဘုရားသခင်​ကို ဝတ်ပြုကိုးကွယ်​ရာ​နေရာ​တောင်ထိပ်​သို့ ဒါဝိဒ်​မင်းကြီး​ရောက်​သောအခါ အာခိ​လူမျိုး ဟုရှဲ​သည် မိမိ​အဝတ်​ကို ဆုတ်ဖြဲ​၍ ခေါင်း​ပေါ် မြေမှုန့်​တင်​လျက် မင်းကြီး​ကို ဆီးကြို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

32 ဒါ​ဝိဒ်​သည်​ကိုး​ကွယ်​ရာ​ဌာ​န​တော်​ရှိ​သည့် တောင်​ထိပ်​သို့​ရောက်​သော​အ​ခါ မိ​မိ​၏​လူ​ယုံ တော်​အာ​ခိ​မြို့​သား​ဟု​ရှဲ​သည် မိ​မိ​အ​ဝတ် များ​ကို​ဆုတ်​ဖြဲ​လျက်​ဦး​ခေါင်း​ကို​လည်း မြေ​မှုန့်​ဖြင့်​လူး​လျက်​မင်း​ကြီး​အား​ခ​ရီး ဦး​ကြို​ပြု​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ဓမ္မ​ရာဇဝင် 15:32
20 ပူးပေါင်းရင်းမြစ်များ  

သုံး​ရက်​မြောက်​သော​နေ့​တွင် လူ​တစ်​ယောက်​သည် မိ​မိ​အ​ဝတ်​ကို​ဆုတ်​လျက်၊ မိ​မိ​ခေါင်း​ပေါ်​မှာ မြေ​မှုန့်​ကို​တင်​လျက်၊ ရှော​လု​တပ်​က​လာ၍၊ ဒါ​ဝိဒ်​ထံ​သို့​ရောက်​သော်၊ မြေ​ပေါ်​မှာ ပျပ်​ဝပ်​လျက်​ရှိ​ခိုး၏။


တာ​မာ​သည်​လည်း ခေါင်း​ပေါ်​မှာ ပြာ​ကို​တင်၍ အ​ဆင်း​အ​ရောင်​ထူး​ခြား​သော အ​ဝတ်​ကို​ဆုတ်​ပြီး​မှ၊ ခေါင်း​ပေါ်၌​လက်​တင်၍ ငို​ကြွေး​လျက် ပြန်​သွား၏။


ဒါ​ဝိဒ်​သည်​လည်း ငို​လျက်၊ ဦး​ခေါင်း​ကို ခြုံ​လျက်၊ ခြေ​နင်း​ကို​ချွတ်​လျက် သံ​လွင်​တောင်​ပေါ်​သို့ တက်​လေ၏။ နောက်​တော်၌ လိုက်​သော​သူ​အ​ပေါင်း​တို့​သည်​လည်း ဦး​ခေါင်း​ကို​ခြုံ​လျက် ငို​ကြွေး​လျက် တက်​ကြ၏။


ဒါ​ဝိဒ်​သည် တောင်​ထိပ်​ကို အ​နည်း​ငယ်​လွန်​သော​အ​ခါ၊ မေ​ဖိ​ဗော​ရှက်၏​ကျွန် ဇိ​ဘ​သည် ကုန်း​နှီး​တင်​သော မြည်း​နှစ်​စီး​နှင့်​တ​ကွ၊ မုန့်​လုံး​နှစ်​ရာ၊ စ​ပျစ်​သီး​ခြောက် အ​ပြွတ်​တစ်​ရာ၊ သင်္ဘော​သ​ဖန်း​သီး​ပျဉ် အ​ပြား​တစ်​ရာ စ​ပျစ်​ရည်​ဘူး​တစ်​လုံး​ကို မြည်း​ပေါ်​မှာ တင်​ဆောင်​လျက် ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ လာ၏။


အ​ဗ​ရှ​လုံ​နှင့် လူ​အ​ပေါင်း​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်၍ အ​ဟိ​သော​ဖေ​လ​လည်း ပါ၏။


ထို​အ​ခါ အ​ဗ​ရှ​လုံ​က၊ အာ​ခိ​လူ​ဟု​ရှဲ​ကို​လည်း​ခေါ်​ခဲ့။ ငါ​တို့​သည် သူ၏​စ​ကား​ကို နာ​ကြား​ကြ​ကုန်​အံ့​ဟု ဆို​သည်​အ​တိုင်း၊


ထို​အ​ခါ ရှော​လ​မုန်​သည် ရွံ​ရှာ​ဖွယ်​သော မော​ဘ​ဘု​ရား​ခေ​မု​ရှ​နှင့် ရွံ​ရှာ​ဖွယ်​သော အ​မ္မုန်​ဘု​ရား​မော​လုတ်​အ​ဖို့၊ ယေ​ရု​ရှ​လင်​မြို့ ရှေ့​တော်၌​ရှိ​သော တောင်​ပေါ်​တွင် ကုန်း​တို့​ကို​တည်​လေ၏။


အာ​ရှာ​ခ​ရိုင်​နှင့် အာ​လုပ်​မြို့​မှာ ဟု​ရှဲ၏​သား​ဗာ​နာ၊


အ​ဟိ​သော​ဖေ​လ​သည် ရှင်​ဘု​ရင်၏​တိုင်​ပင်​မှူး​မတ်၊ အာ​ခိ​မြို့​သား​ဟု​ရှဲ​သည် ရှင်​ဘု​ရင်၏​အ​ဆွေ​ခင်​ပွန်း​ဖြစ်၏။


အို​ထာ​ဝ​ရ​ဘု​ရား ထ​တော်​မူ​ပါ။ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​ကို ကယ်​မ​တော်​မူ​ပါ။ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏ ရန်​သူ​တို့၏​ပါး​ရိုး​ကို ရိုက်၍၊ မ​တ​ရား​သော​သူ​တို့၏​သွား​ကို ချိုး​တော်​မူ၏။


အ​မှု​ရောက်​သည်​ကာ​လ၌ ငါ့​ကို​ပ​တ္ထ​နာ​ပြု​လော့။ ငါ​သည် ကယ်​လွှတ်​မည်။ သင်​သည်​လည်း ငါ့​ကို​ချီး​မွမ်း​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။


သူ​သည် ငါ့​ကို​ခေါ်​သော​အ​ခါ ငါ​ထူး​မည်။ ဒု​က္ခ​ခံ​ရ​သော​အ​ခါ သူ့​ဘက်​မှာ​ငါ​နေ၍ ချမ်း​သာ​ပေး​မည်။ သူ၏​ဘုန်း​ကို​လည်း ထင်​ရှား​စေ​မည်။


သံ​လွင်​အ​မည်​ရှိ​သော တောင်​ခြေ​ရင်း၌ ဗက်​ဖာ​ဂေ​ရွာ​နှင့် ဗေ​သ​နိ​ရွာ​အ​နီး​သို့ ရောက်​တော်​မူ​သော​အ​ခါ၊ တ​ပည့်​တော်​နှစ်​ယောက်​တို့​ကို စေ​လွှတ်၍၊-


ဗေ​သ​လ​လု​ဇ​မြို့​သို့​လည်း​ကောင်း၊ အာ​ခိ​အ​တ​ရုတ်​မြို့​သို့​လည်း​ကောင်း၊


ဗင်္ယာ​မိန် အ​မျိုး​သား​တစ်​ယောက်​သည်၊ စစ်​တိုက်​ရာ​ထဲ​က ပြေး​လာ၍၊ မိ​မိ​အ​ဝတ်​ကို​ဆုတ်​လျက်၊ မိ​မိ​ခေါင်း​ပေါ်​မှာ မြေ​မှုန့်​ကို​တင်​လျက်၊ ထို​နေ့​ချင်း​တွင် ရှိ​လော​မြို့​သို့ ရောက်​လေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ