Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ဓမ္မ​ရာဇဝင် 15:27 - Judson Bible in Zawgyi Version

27 ယဇ်​ပု​ရော​ဟိတ် ဇာ​ဒုတ်​အား​လည်း သင်​သည် ပ​ရော​ဖက်​ဖြစ်​သည်​မ​ဟုတ်​လော။ သင်၏​သား အ​ဟိ​မတ်​နှင့် အ​ဗျာ​သာ၏​သား ယော​န​သန်၊ ထို​သား​နှစ်​ယောက်​ကို​ခေါ်၍ မြို့​သို့​ငြိမ်​ဝပ်​စွာ ပြန်​သွား​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

27 ထို့ပြင် ရှင်ဘုရင်​က ယဇ်ပုရောဟိတ်​ဇာဒုတ်​အား “​သင်​သည် စိတ်အာရုံ​မြင်​ရ​သူ မ​ဟုတ်​လော​။ သင်​တို့​နှင့်အတူ​ရှိ​နေ​သော သင့်​သား အဟိမတ်​နှင့် အဗျာသာ​၏​သား ယောနသန်​တို့​နှစ်​ဦး​ကို​ခေါ်​ပြီး မြို့​ထဲသို့ အေးအေးချမ်းချမ်း​ပြန်သွား​လော့​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

27 ထို့​အ​ပြင်​မင်း​ကြီး​က​ဇာဒုတ်​အား``ကြည့်​လော့၊ သင်​၏​သား​အ​ဟိ​မတ်​နှင့်​အ​ဗျာ​သာ​၏​သား ယော​န​သန်​တို့​ကို​ခေါ်​၍​ငြိမ်း​ချမ်း​စွာ​မြို့ တော်​သို့​ပြန်​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ဓမ္မ​ရာဇဝင် 15:27
11 ပူးပေါင်းရင်းမြစ်များ  

မြို့​သို့​ပြန်၍ အ​ဗ​ရှ​လုံ​အား၊ အ​ရှင်​မင်း​ကြီး၊ ကျွန်​တော်​သည် ခ​မည်း​တော်​ထံ၌ ကျွန်​ခံ​ဖူး​သည်​နည်း​တူ ကိုယ်​တော်​ထံ၌​ကျွန်​ခံ​ပါ​မည်​ဟု လျှောက်​လျှင်၊ အ​ဟိ​သော​ဖေ​လ​ပေး​သော​အ​ကြံ​ကို ငါ့​ဘက်​မှာ​နေ၍ ဖျက်​နိုင်​လိမ့်​မည်။


သူ​တို့၌ ဇာ​ဒုတ်၏​သား အ​ဟိ​မတ်​နှင့် အ​ဗျာ​သာ၏​သား ယော​န​သန်​သား​နှစ်​ယောက် ရှိ​ကြ၏။ ကြား​နိုင်​သ​မျှ​ကို ထို​သား​တို့​တွင် ငါ့​ထံ​သို့ ပေး​လိုက်​ရ​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊


ယော​န​သန်​နှင့် အ​ဟိ​မတ်​သည် မြို့​ထဲ​သို့​ဝင်​လျှင် သူ​တစ်​ပါး​မြင်​မည်​စိုး​သော​ကြောင့်၊ အင်္ရော​ဂေ​လ​ရွာ​နား​မှာ နေ​ရ​စဉ်​တွင်၊ မိန်း​မ​က​လေး​တစ်​ယောက် သွား၍​ပြော​သည်​အ​တိုင်း သူ​တို့​သည် ဒါ​ဝိဒ်​မင်း​ကြီး​ထံ​သို့​သွား၍ လျှောက်​ကြ၏။


ထို​အ​ခါ ဇာ​ဒုတ်၏​သား အ​ဟိ​မတ်​က၊ ထာ​ဝ​ရ​ဘု​ရား​သည် ရှင်​ဘု​ရင်၏​ရန်​သူ​တို့​ကို အ​ပြစ်​အ​လျောက် စီ​ရင်​တော်​မူ​ကြောင်း​ကို ကျွန်​တော်​ပြေး၍ သ​တင်း​ကြား​လျှောက်​ပါ​ရ​စေ​ဟု အ​ခွင့်​တောင်း​လျှင်၊


ဒါ​ဝိဒ်​သည် နံ​နက်​အ​ချိန်၌​ထ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ဒါ​ဝိဒ်၏​ပ​ရော​ဖက်​ဂဒ်​သို့​ရောက်​လာ၍၊


ယဇ်​ပု​ရော​ဟိတ် အ​ဗျာ​သာ၏​သား ယော​န​သန်​သည်​လာ​လျှင်၊ အ​ဒေါ​နိ​ယ​က ဝင်​ပါ။ သင်​သည် လူ​ကောင်း​ဖြစ်၍၊ ကောင်း​သော​သ​တင်း​ကို ကြား​ပြော​လိမ့်​မည်​ဟု ဆို​လျှင်၊


နဿ​လိ​ခ​ရိုင်​ကို စီ​ရင်​သော​သူ၊ ရှော​လ​မုန်၏​သ​မီး​တော် ဗာ​သ​မတ်​နှင့်​စုံ​ဖက်​သော အ​ဟိ​မတ်၊


ထို​သူ​အ​ပေါင်း​တို့​သည် တံ​ပိုး​မှုတ်​လျက် ဘု​ရား​သ​ခင်၏​တ​ရား​တော်​ကို ဟော​ပြော​သော​ရှင်​ဘု​ရင်၏ ဆ​ရာ​တော်​ဟေ​မန်​သား ဖြစ်​ကြ၏။ ဘု​ရား​သ​ခင်​သည် ဟေ​မန်​အား သား​တစ်​ကျိပ်​လေး​ယောက်​နှင့် သ​မီး​သုံး​ယောက်​တို့​ကို ပေး​တော်​မူ၏။


အ​ဟိ​တုပ်​သား ဇာ​ဒုတ်၊ ဇာ​ဒုတ်​သား အ​ဟိ​မတ်၊


ငယ်​သား​က၊ ဤ​မြို့၌ အ​သ​ရေ​ထင်​ရှား​သော ဘု​ရား​သ​ခင်၏ လူ​တစ်​ယောက်​ရှိ၏။ သူ​ပြော​သ​မျှ​သော စ​ကား​သည် ဧ​ကန်​အ​မှန် ပြည့်​စုံ​တတ်၏။ သူ့​ထံ​သို့ သွား​ကြ​စို့။ ငါ​တို့ သွား​ရ​သော​လမ်း​ကို သူ​ပြ​ကောင်း​ပြ​လိမ့်​မည်​ဟု ဆို၏။


ရှေး​ကာ​လ၌ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဘု​ရား​သ​ခင်​ကို မေး​မြန်း​ခြင်း​ငှာ​သွား​မည်​ဟု အ​ကြံ​ရှိ​လျှင်၊ မြင်​သော​သူ​ထံ​သို့ သွား​ကြ​စို့​ဟု ဆို​တတ်​ကြ၏။ ပ​ရော​ဖက်​ဟူ၍​ခေါ်​ဝေါ်​သော​သူ​ကို ရှေး​ကာ​လ၌ မြင်​သော​သူ​ဟူ၍ ခေါ်​ဝေါ်​ကြ​သ​တည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ