၂ ဓမ္မရာဇဝင် 15:26 - Judson Bible in Zawgyi Version26 သို့မဟုတ် သင့်ကိုငါအလိုမရှိဟု ငါ့အားမိန့်တော်မူလျှင် ငါရှိပါ၏။ အလိုတော်ရှိသည်အတိုင်း ပြုတော်မူစေသတည်း ဟူ၍လည်းကောင်း၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်26 ထိုသို့မဟုတ်ဘဲ ကိုယ်တော်က ‘သင့်ကို ငါအလိုမရှိ’ဟု မိန့်ဆိုလျှင်လည်း ငါအသင့်ရှိပါသည်။ အလိုတော်အတိုင်းသာ ငါ့ကို ပြုတော်မူပါစေသော”ဟု မိန့်ဆို၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version26 သို့ရာတွင်ငါ့အားနှစ်သက်တော်မမူပါ လျှင် ကိုယ်တော်အလိုတော်ရှိသည့်အတိုင်း ပြုတော်မူပါစေသော'' ဟုဆို၏။- အခန်းကိုကြည့်ပါ။ |
ကျွန်တော်အဆွေအမျိုးအပေါင်းတို့သည် အရှင်မင်းကြီးရှေ့တော်မှာ လူသေဖြစ်ကြသော်လည်း၊ စားပွဲတော်၌ စားသောသူတို့နှင့်အတူ ကိုယ်တော်ကျွန်ကို နေရာပေးတော်မူပြီ။ သို့ဖြစ်၍ ရှင်ဘုရင်ထံတော်၌ ကျွန်တော်မြည်တမ်းရသော အခွင့်သည် အဘယ်သို့ ရှိပါသနည်းဟု ပြန်လျှောက်သော်၊
ကိုယ်တော်ကိုနှစ်သက်၍၊ ဣသရေလနိုင်ငံ၏ရာဇပလ္လင်ပေါ်မှာ တင်တော်မူသော ကိုယ်တော်၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ ထာဝရဘုရားသည် ဣသရေလအမျိုးကိုအစဉ်ချစ်သောကြောင့်၊ ဖြောင့်မတ်စွာ တရားစီရင်စေခြင်းငှာ ကိုယ်တော်ကို ရှင်ဘုရင်အရာ၌ ခန့်ထားတော်မူပြီဟု ရှင်ဘုရင်အားပြောဆို၍၊
ကိုယ်တော်ကိုနှစ်သက်၍ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားကိုယ်စားတော် ရှင်ဘုရင်အရာနှင့် ရာဇပလ္လင်တော်ပေါ်မှာ တင်တော်မူသော ကိုယ်တော်၏ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ ကိုယ်တော်၏ ဘုရားသခင်သည် ဣသရေလအမျိုးကို ချစ်၍ အစဉ်အမြဲ တည်စေချင်သောကြောင့်၊ ဖြောင့်မတ်စွာ တရားစီရင်စေခြင်းငှာ ကိုယ်တော်ကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထားတော်မူပြီဟု ရှင်ဘုရင်အား ပြောဆို၍၊
သင့်ကို၊ စွန့်ပစ်သောသူ ဟူ၍လည်းကောင်း၊ သင်၏မြေကို၊ လူဆိတ်ညံသောမြေဟူ၍လည်းကောင်း နောက်တစ်ဖန် မခေါ်ရ။ သင်သည် ငါနှစ်သက်သောသူ၊ သင်၏မြေသည် လက်ထပ်သောမြေဟူသောအမည်ကို ရလိမ့်မည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် သင့်ကို နှစ်သက်တော်မူ၏။ သင်၏မြေကိုလည်း လက်ထပ်ရလိမ့်မည်။