Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ဓမ္မ​ရာဇဝင် 15:2 - Judson Bible in Zawgyi Version

2 အ​ဗ​ရှ​လုံ​သည် စော​စော​ထ၍ တံ​ခါး​ဝ​မှာ ရပ်​နေ​တတ်၏။ အ​မှု​ရှိ​သော​သူ​သည် စီ​ရင်​တော်​မူ​ခြင်း​ကို ခံ​အံ့​သော​ငှာ၊ ရှင်​ဘု​ရင်​ထံ​တော်​သို့ လာ​သော​အ​ခါ အ​ဗ​ရှ​လုံ​က၊ သင်​သည် အ​ဘယ်​မြို့​သား​ဖြစ်​သ​နည်း​ဟု မေး​လျှင်၊ ထို​သူ​က ကိုယ်​တော်​ကျွန်​သည် ဤ​မည်​သော ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​သား​ဖြစ်​ပါ၏​ဟု ပြန်​လျှောက်​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

2 အဗရှလုံ​သည် နံနက်​စောစောထ​၍ မြို့​တံခါး​နား လမ်း​ဘေး​၌ ရပ်​လေ့​ရှိ​၏​။ အမှုကိစ္စ​ဖြစ်​၍ အဆုံးအဖြတ်​ခံယူ​ရန် ရှင်ဘုရင်​ထံသို့​လာ​သော​မည်သူမဆို အဗရှလုံ​သည် သူ့​ထံသို့​ခေါ်လာ​ပြီး “​သင် မည်သည့်​မြို့​က လာ​သနည်း​”​ဟု မေး​တတ်​၏​။ အမှုသည်​က “​ကျွန်တော်မျိုး​သည် အစ္စရေး​အမျိုးအနွယ်​ထဲမှ တစ်​နွယ်​ဖြစ်​ပါ​၏​”​ဟု ပြန်ဖြေ​လျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

2 သူ​သည်​နံ​နက်​စော​စော​ထ​ပြီး​လျှင်​မြို့​တံ​ခါး ဝ​လမ်း​နံ​ဘေး​တွင်​ရပ်​လျက်​နေ​တတ်​၏။ ဘု​ရင် ၏​အ​ဆုံး​အ​ဖြတ်​ကို​ခံ​ရန်​အ​မှု​သည်​တစ်​စုံ တစ်​ယောက်​ရောက်​ရှိ​လာ​သော​အ​ခါ​သူ့​ကို​ခေါ် ၍``သင်​သည်​အ​ဘယ်​အ​ရပ်​က​လာ​သနည်း'' ဟု မေး​လေ့​ရှိ​၏။ အ​မှု​သည်​က``အ​ရှင်​အ​ကျွန်ုပ် သည်​ဤ​မည်​သော​ဣ​သ​ရေ​လ​အ​နွယ်​မှ​ဖြစ် ပါ​သည်'' ဟု​ဆို​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ဓမ္မ​ရာဇဝင် 15:2
13 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ၊ ဟာ​မော်​မင်း​နှင့် သား​တော်​ရှေ​ခင်​သည်၊ မိ​မိ​မြို့​တံ​ခါး​သို့​သွား၍၊ မြို့​သား​တို့​နှင့်​နှုတ်​ဆက်​လျက်၊


ရှင်​ဘု​ရင်​သည် ထ၍ တံ​ခါး​ဝ၌​ထိုင်​တော်​မူ၏။ ရှင်​ဘု​ရင်​သည် တံ​ခါး​ဝ၌ ထိုင်​တော်​မူ​သည်​ကို လူ​အ​ပေါင်း​တို့​သည် ကြား​သော​အ​ခါ အ​ထံ​တော်​သို့ ချဉ်း​ကပ်​ကြ၏။ ဣ​သ​ရေ​လ​လူ​များ​မူ​ကား မိ​မိ​တို့​နေ​ရာ​သို့ ပြေး​သွား​ကြ​ပြီ။


သူ​တို့​က ကိုယ်​တော်​သည် ဤ​သူ​တို့၌ ကျေး​ဇူး​ပြု​လျက်၊ သူ​တို့​စိတ်​ကို​ဖြေ၍ ကောင်း​သော​စ​ကား​ကို ပြော​တော်​မူ​လျှင်၊ သူ​တို့​သည် အ​စဉ် ကိုယ်​တော်၏​ကျွန် ခံ​ကြ​ပါ​လိမ့်​မည်​ဟု လျှောက်​ထား​ကြ၏။


လူ​သတ်​သည်​စော​စော​ထ၍ ဆင်း​ရဲ​ငတ်​မွတ်​သော သူ​တို့​ကို သတ်​တတ်၏။ ည​အ​ခါ သူ​ခိုး​လုပ်​တတ်၏။


မော​ရှေ​သည် လူ​များ​တို့​အား​ပြု​သ​မျှ​ကို ယော​က္ခ​မ​မြင်​လျှင်၊ ဤ​လူ​များ​တို့​အား ပြု​သော​အ​မှု​အ​ဘယ်​သို့​နည်း။ သင်​သည် တစ်​ယောက်​တည်း​ထိုင်​လျက်၊ လူ​အ​ပေါင်း​တို့​သည် နံ​နက်​မှ​စ၍​ညဥ့်​ဦး​တိုင်​အောင် သင့်​ရှေ့​မှာ အ​ဘယ်​ကြောင့် နေ​ရ​ကြ​သ​နည်း​ဟု​ဆို​၏။


သူ​တို့​သည်​အ​မှု​ရှိ​လျှင် အ​ကျွန်ုပ်​ထံ​သို့​လာ၍ သူ​တို့၏​အ​မှု​ကို ကျွန်ုပ်​ဆုံး​ဖြတ်​ရ၏။ ဘု​ရား​သ​ခင်၏​ပ​ညတ်​တ​ရား​များ​ကို​သင်​ချ​ရ​၏​ဟု ယော​က္ခ​မ​အား ပြော​လျှင်၊


ထို​သူ​တို့​သည် ခပ်​သိမ်း​သော​အ​ချိန်၌ လူ​တို့​ကို​တ​ရား​စီ​ရင်​ကြ​၏။ ခက်​သော​အ​မှု၌ မော​ရှေ​၏​အ​ယူ​ကို​ခံ​ကြ​၏။ လွယ်​သော​အ​မှု​ကို အ​လို​လို​စီ​ရင်​ကြ​၏။


သူ​တို့​သည် သူ​တစ်​ပါး၌ အ​ပြစ်​မ​ပြု​ရ​လျှင် မ​အိပ်​တတ်။ တစ်​စုံ​တစ်​ယောက်​သော​သူ​ကို မ​လဲ​စေ​လျှင် အိပ်၍​မ​ပျော်​တတ်။


ထို​သူ​အ​ရာ၌​လည်း မင်း​စည်း​စိမ်​ကို ခံ​ထိုက်​သော​သူ မ​ဟုတ်၊ ယုတ်​မာ​သော​သူ ပေါ်​လာ​လိမ့်​မည်။ သူ​သည် အ​နိုင်​အ​ထက်​မ​ပြု၊ ချော့​မော့​ခြင်း​အား​ဖြင့် နိုင်​ငံ​ကို​ရ​လိမ့်​မည်။


နံ​နက်​အ​ချိန်​ရောက်​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လူ​တို့​တွင် အ​ကြီး​အ​ကဲ​ဖြစ်​သော သူ​အ​ပေါင်း​တို့​သည် ယေ​ရှု​ကို သတ်​အံ့​သော​ငှာ တိုင်​ပင်၍၊-


သင့်​နေ​ရာ​မြို့​တွင် လူ​အ​သက်​ကို သတ်​ခြင်း​အ​မှု၊ တ​ရား​တွေ့​ခြင်း​အ​မှု၊ လူ​ချင်း​ရိုက်​ပုတ်​ခြင်း​အ​မှု​တို့​သည် မင်း​ရှေ့​သို့​ရောက်၍ မ​စီ​ရင် မ​ဆုံး​ဖြတ်​နိုင်​လျှင်၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော အ​ရပ်​သို့ သွား၍၊


ထို​အ​ခါ ဗော​ဇ​သည် မြို့​တံ​ခါး​ဝ​သို့​သွား၍ ထိုင်​သ​ဖြင့်၊ မ​နေ့​က​ပြော​သော အ​မျိုး​သား​ချင်း လျှောက်​သွား​သည်​ကို​မြင်​လျှင်၊ အို​မည်​သူ၊ လှည့်၍​ထိုင်​ပါ​တော့​ဟု ခေါ်​သည်​အ​တိုင်း သူ​သည် လှည့်၍​ထိုင်​လေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ