Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ဓမ္မ​ရာဇဝင် 14:9 - Judson Bible in Zawgyi Version

9 တေ​ကော​မြို့​သူ​မိန်း​မ​က​လည်း၊ အို​အ​ရှင်​မင်း​ကြီး၊ ကျွန်​တော်​မ​နှင့် ကျွန်​တော်​မ​အ​ဆွေ​အ​မျိုး၌ အ​ပြစ်​ရောက်​ပါ​စေ။ ရှင်​ဘု​ရင်​နှင့် ရာ​ဇ​ပ​လ္လင်​တော်​သည် အ​ပြစ်​လွတ်​ပါ​စေ​ဟု​လျှောက်​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

9 တေကော​မြို့သူ ထို​အမျိုးသမီး​က​လည်း ရှင်ဘုရင်​အား “​အကျွန်ုပ်​သခင်​အရှင်မင်းကြီး​၊ အကျွန်ုပ်​နှင့် အကျွန်ုပ်​ဖခင်​၏​မိသားစု​၌​သာ အပြစ်​ရောက်​ပါစေသော​။ ရှင်ဘုရင်​နှင့် သူ​၏​ရာဇပလ္လင်​မူကား အပြစ်ကင်း​ပါစေသော​”​ဟု လျှောက်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

9 အ​မျိုး​သ​မီး​က``အ​ရှင်​မင်း​ကြီး၊ အ​ရှင် အ​ဘယ်​သို့​ပင်​ပြု​သည်​မ​ဆို​ကျွန်​တော်​မ နှင့်​မိ​သား​စု​တို့​အ​ပေါ်​အ​ပြစ်​ရောက်​ပါ စေ​သော။ အ​ရှင်​နှင့်​အရှင့်​ဆွေ​တော်​မျိုး​တော် တို့​သည်​အ​ပြစ်​ကင်း​ကြ​ပါ​စေ​သော'' ဟု လျှောက်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ဓမ္မ​ရာဇဝင် 14:9
10 ပူးပေါင်းရင်းမြစ်များ  

အ​မိ​ရေ​ဗ​က္က​က​လည်း၊ ငါ့​သား၊ သင်​ခံ​ရ​သော​ကျိန်​ခြင်း​အ​မင်္ဂ​လာ​သည် ငါ၌​သင့်​ရောက်​ပါ​စေ။ ငါ့​စ​ကား​ကို​နား​ထောင်၍ ဆိတ်​သ​ငယ်​တို့​ကို​သာ​ယူ​ခဲ့​ပါ​ဟု ဆို​သည်​အ​တိုင်း၊


ကျွန်ုပ်​သည် သူ၏​အာ​မ​ခံ​ဖြစ်​ပါ​မည်။ ကျွန်ုပ်​တွင် သူ့​ကို​တောင်း​ပါ။ သူ့​ကို​ပြန်၍​မ​ဆောင်၊ အ​ဘ​ရှေ့​မှာ​မ​ထား​လျှင်၊ အ​စဉ်​မ​ပြတ် အ​ပြစ်​ကို​ခံ​ပါ​စေ။


ရှင်​ဘု​ရင်​က၊ သင်၌​အ​ပြစ်​တင်​သော​သူ​ကို ငါ့​ထံ​သို့​ခေါ်​ခဲ့​လော့။ နောက်​တစ်​ဖန် သင့်​ကို မ​နှောင့်​ယှက်​ရ​ဟု မိန့်​တော်​မူ​သော်၊


ရှင်​ဘု​ရင်​က သင့်​အိမ်​သို့ ပြန်​သွား​လော့။ သင့်​အ​မှု​ကို ငါ​စီ​ရင်​မည်​ဟု မိန်း​မ​အား​မိန့်​တော်​မူ၏။


ထို​သူ​တို့၏ အ​သွေး​သည် ယွာ​ဘ​ခေါင်း၊ သား​မြေး​တို့၏ ခေါင်း​ပေါ်​မှာ အ​စဉ်​သက်​ရောက်​ပါ​စေ။ ဒါ​ဝိဒ်​နှင့် သူ၏​ဆွေ​တော်​မျိုး​တော်၊ နန်း​တော်၊ ရာ​ဇ​ပ​လ္လင်​တော်၌ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ငြိမ်​ဝပ်​ခြင်း​အ​မြဲ​သက်​ရောက်​ပါ​စေ​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊


ထို​သို့ သင်​တို့​နေ​သော​ပြည်​ကို မ​ညစ်​ညူး​စေရ။ လူ​အ​သွေးသည် ပြည်​ကိုညစ်​ညူး​စေ​တတ်၏။ လူ​အ​သွေး​ကို သွန်း​သော​သူ၏ အ​သွေး​အား​ဖြင့်​သာ ထို​ညစ်​ညူး​ခြင်း​ကို စင်​ကြယ်​စေ​နိုင်၏။


ထို​လူ​အ​ပေါင်း​တို့​က သူ၏​အ​သွေး​သည် ငါ​တို့၏ ခေါင်း​ပေါ်၌​လည်း​ကောင်း၊ သား​မြေး​တို့​ခေါင်း​ပေါ်၌​လည်း​ကောင်း တည်​ရှိ​ပါ​စေ​ဟု ပြန်​ပြော​ကြ၏။-


သူ၏​ခြေ​ရင်း၌ ဝပ်​တွား​လျက်၊ ကျွန်​မ​သ​ခင်၊ အ​ပြစ်​ရှိ​သ​မျှ​ကို ကျွန်​မ​ခံ​ပါ​မည်။ ကိုယ်​တော်၏​ကျွန်​မ​သည် နား​တော်​လျှောက်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ