၂ ဓမ္မရာဇဝင် 14:16 - Judson Bible in Zawgyi Version16 ငါနှင့် ငါ့သားကို ဘုရားသခင်၏အမွေတော်မြေပေါ်က သုတ်သင်ပယ်ရှင်းသော သူ၏လက်မှ ငါ့ကိုနုတ်အံ့သောငှာ နားထောင်တော်မူလိမ့်မည်ဟု ဆိုပါ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်16 ရှင်ဘုရင်သည် ငါ့စကားကိုနားထောင်ပြီး သူ၏ကျွန်မဖြစ်သောငါနှင့် ငါ့သားကို ဘုရားသခင်၏အမွေတော်အဖြစ်မှ ဖျက်ဆီးမည့်သူ၏လက်မှ ကယ်နုတ်ကောင်းကယ်နုတ်လိမ့်မည်’ဟု တွေးမိ၍ လျှောက်တင်ရခြင်းဖြစ်ပါ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version16 မင်းကြီးသည်ကျွန်တော်မ၏သားကိုသတ် ၍မိမိလူမျိုးတော်အား ဘုရားသခင်ပေး တော်မူသည့်ပြည်မှပယ်ရှားရန်ကြိုးစား သူတို့၏လက်မှကျွန်တော်မကိုကယ်တော် မူမည်ဖြစ်ကြောင်းကျွန်တော်မသည်တွေး တောမိပါ၏။- အခန်းကိုကြည့်ပါ။ |
ယခုမှာ ကျွန်တော်သခင်ရှင်ဘုရင်၊ ကိုယ်တော်ကျွန်စကားကို နားညောင်းတော်မူပါ။ ထာဝရဘုရားသည် ကိုယ်တော်ကို ကျွန်တော်တစ်ဖက်၌ နှိုးဆော်တော်မူသည် မှန်လျှင်၊ ယဇ်ပူဇော်ခြင်းကိုလက်ခံတော်မူပါစေသော။ သို့မဟုတ် လူသားတို့ နှိုးဆော်သည်မှန်လျှင်၊ ထာဝရဘုရားရှေ့တော်၌ ကျိန်ခြင်းကို ခံကြပါစေသော။ အကြောင်းမူကား၊ သူတို့က သွားတော့။ အခြားတစ်ပါးသော ဘုရားတို့ကိုဝတ်ပြုတော့ဟု ဆိုလျက် ကျွန်တော်ကို ထာဝရဘုရား၏အမွေတော်မြေ၌ မနေစေခြင်းငှာ ယနေ့ပင် နှင်ထုတ်ကြပါသည်တကား။