၂ ဓမ္မရာဇဝင် 14:13 - Judson Bible in Zawgyi Version13 မိန်းမကလည်း၊ သို့ဖြစ်လျှင် ကိုယ်တော်သည် ဘုရားသခင်၏လူတို့တစ်ဖက်၌ အဘယ်ကြောင့် ကြံစည်တော်မူသနည်း။ အရှင်မင်းကြီး နှင်ထုတ်သောသူကို တစ်ဖန်ခေါ်တော်မမူသဖြင့်၊ ကိုယ်ကိုအပြစ်တင်၍ စီရင်တော်မူပါပြီတကား။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်13 ထိုအမျိုးသမီးက “အရှင်မင်းကြီး၊ ဘုရားသခင်၏လူမျိုးတော်ကိုဆန့်ကျင်၍ အဘယ်ကြောင့် ဤသို့စီရင်ရပါသနည်း။ နှင်ထုတ်ခံရသောသူကို အရှင်မင်းကြီးပြန်မလာစေဘဲ အရှင်မင်းကြီး ဤသို့မိန့်တော်မူခြင်းဖြင့် ကိုယ်တော်တိုင် အပြစ်ရှိကြောင်း ပြလေပြီ။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version13 အမျိုးသမီးက``အရှင်မင်းကြီး၊ အရှင်သည် ဘုရားသခင်၏လူမျိုးတော်အား အဘယ် ကြောင့်မတရားပြုတော်မူပါသနည်း။ ပြည် နှင်ဒဏ်သင့်သူသားတော်ကိုပြန်လာခွင့်ပေး တော်မမူသဖြင့် အရှင်သည်ယခုပင်မိန့်ကြား တော်မူခဲ့သည့်စကားအရ မိမိကိုယ်ကို ပြန်၍အပြစ်ဒဏ်သင့်စေတော်မူပါပြီ။- အခန်းကိုကြည့်ပါ။ |