Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ဓမ္မ​ရာဇဝင် 14:12 - Judson Bible in Zawgyi Version

12 တစ်​ဖန် မိန်း​မ​က​လည်း၊ ကိုယ်​တော်​ကျွန်​မ​သည် အ​ရှင်​မင်း​ကြီး​အား စ​ကား​တစ်​ခွန်း​လျှောက်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ​ဟု တောင်း​ပန်​လျှင်၊ လျှောက်​လော့​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

12 ထို​အမျိုးသမီး​က​လည်း “​အရှင့်​ကျွန်မ​သည် အကျွန်ုပ်​သခင်​အရှင်မင်းကြီး​အား စကား​တစ်​ခွန်း​ကို​လျှောက်တင်​ပါရစေ​”​ဟု လျှောက်ပြန်​လျှင် ရှင်ဘုရင်​က “​လျှောက်​စေ​”​ဟု ခွင့်ပြု​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

12 အ​မျိုး​သ​မီး​က``အ​ရှင်​မင်း​ကြီး​ကျွန်​တော် မ​အား​စ​ကား​တစ်​ခွန်း​ထပ်​မံ​လျှောက်​ထား ခွင့်​ပြု​တော်​မူ​ပါ'' ဟု​တောင်း​ပန်​သော​အ​ခါ၊ မင်း​ကြီး​က``လျှောက်​လော့'' ဟု​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ဓမ္မ​ရာဇဝင် 14:12
10 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန်​အာ​ဗြ​ဟံ​က၊ အ​ကျွန်ုပ်​သည်​မြေ​မှုန့်​နှင့် ပြာ​သက်​သက်​ဖြစ်​သော်​လည်း၊ ဘု​ရား​ရှင်​ကို​ယ​ခု​လျှောက်​မည်​ဟု အား​ထုတ်​ပါ၏။


အို​ဘု​ရား​ရှင်၊ စိတ်​ရှိ​တော်​မ​မူ​ပါ​နှင့်။ သည်​တစ်​ကြိမ် အ​ကျွန်ုပ်​လျှောက်​ပါ​ရ​စေ​ဦး။ ထို​မြို့၌​တစ်​ဆယ်​ကို တွေ့​ကောင်း​တွေ့​တော်​မူ​လိမ့်​မည်​ဟု လျှောက်​ဆို​ပြန်​လျှင်၊ တစ်​ဆယ်​အ​တွက် ငါ​မ​ဖျက်​ဆီး​ဘဲ​နေ​မည်​ဟု မိန့်​တော်​မူ၏။


ထို​အ​ခါ ယု​ဒ​သည်​ချဉ်း​ကပ်​လျက်၊ သ​ခင်​ဘု​ရား၊ ကိုယ်​တော်​ကျွန်​သည် စ​ကား​တစ်​ခွန်း​ဖြင့် နား​တော်​လျှောက်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ။ ကိုယ်​တော်​ကျွန်၌ အ​မျက်​ထွက်​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​သည် ဖာ​ရော​ဘု​ရင်​ကဲ့​သို့ ဖြစ်​တော်​မူ၏။


မိန်း​မ​က၊ သေ​စား​သေ​စေ​သော​သူ​တို့​သည် ကျွန်​တော်​မ၏​သား​ကို​သတ်​မည်​ဟု စိုး​ရိမ်​ပါ​သည်​ဖြစ်၍၊ သူ​တို့​သည် အ​ထူး​သ​ဖြင့် မ​ဖျက်​ဆီး​စေ​ခြင်း​ငှာ အ​ရှင်​မင်း​ကြီး​သည် ကိုယ်​တော်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို အောက်​မေ့​တော်​မူ​ပါ​ဟု လျှောက်​ပြန်​သော်၊ ရှင်​ဘု​ရင်​က၊ ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ သင့်​သား၏​ဆံ​ပင်​တစ်​ပင်​မျှ မြေ​ပေါ်​သို့​မ​ကျ​ရ​ဟု မိန့်​တော်​မူ၏။


မိန်း​မ​က​လည်း၊ သို့​ဖြစ်​လျှင် ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏​လူ​တို့​တစ်​ဖက်၌ အ​ဘယ်​ကြောင့် ကြံ​စည်​တော်​မူ​သ​နည်း။ အ​ရှင်​မင်း​ကြီး နှင်​ထုတ်​သော​သူ​ကို တစ်​ဖန်​ခေါ်​တော်​မ​မူ​သ​ဖြင့်၊ ကိုယ်​ကို​အ​ပြစ်​တင်၍ စီ​ရင်​တော်​မူ​ပါ​ပြီ​တ​ကား။


ယွာ​ဘ​သည် ချဉ်း​လာ​သော​အ​ခါ မိန်း​မ​က၊ သင်​သည် ယွာ​ဘ​ဟုတ်​သ​လော​ဟု မေး​လျှင်၊ ငါ​ဟုတ်​သည်​ဟု ဆို​သော်၊ မိန်း​မ​က၊ ကိုယ်​တော်​ကျွန်​မ၏ စ​ကား​ကို နား​ထောင်​တော်​မူ​ပါ​ဟု​ဆို၏။ ယွာ​ဘ​က​လည်း၊ ငါ​နား​ထောင်​လျက်​နေ​သည်​ဟု ဆို​သော်၊


ပြော​စ​ရာ​တစ်​စုံ​တစ်​ခု ရှိ​ပါ​သည်​ဟု​ဆို​သော်၊ မယ်​တော်​က​ပြော​ပါ​ဟု ပြန်​ဆို၏။


အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​နှင့် တ​ရား​စ​ကား​ကို​ဆွေး​နွေး​သော​အ​ခါ၊ ကိုယ်​တော်​သည် တ​ရား​တော်​မူ၏။ သို့​သော်​လည်း၊ စစ်​ကြော​စီ​ရင်​တော်​မူ​ခြင်း​အ​ကြောင်း​ကို မေး​လျှောက်​ပါ​မည်။ မ​တ​ရား​သော​သူ​တို့​သည် အ​ဘယ်​ကြောင့် အ​ကြံ​မြောက်​ရ​ကြ​ပါ​သ​နည်း။ အ​လွန်​သ​စ္စာ​ပျက်​သော သူ​အ​ပေါင်း​တို့​သည် အ​ဘယ်​ကြောင့် ချမ်း​သာ​ရ​ကြ​ပါ​သ​နည်း။


ထို​အ​ခါ အ​ဂြိ​ပ္ပ​မင်း​က၊ သင်​သည်​ကိုယ်​အ​ဖို့​အ​လို​ငှာ ပြော​ရ​သော​အ​ခွင့်​ရှိ​သည်​ဟု ပေါ​လု​အား​ဆို​လျှင်၊ ပေါ​လု​သည် လက်​ကို​ဆန့်၍ အ​ပြစ်​ဖြေ​ရာ​စ​ကား​ကို ဤ​သို့​ပြော၏။-


သူ၏​ခြေ​ရင်း၌ ဝပ်​တွား​လျက်၊ ကျွန်​မ​သ​ခင်၊ အ​ပြစ်​ရှိ​သ​မျှ​ကို ကျွန်​မ​ခံ​ပါ​မည်။ ကိုယ်​တော်၏​ကျွန်​မ​သည် နား​တော်​လျှောက်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ