Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ဓမ္မ​ရာဇဝင် 11:25 - Judson Bible in Zawgyi Version

25 ဒါ​ဝိဒ်​က​လည်း၊ ဤ​အ​မှု​ကြောင့် စိတ်​မ​ပျက်​နှင့်။ စစ်​တိုက်​ပွဲ​တွင် တစ်​ယောက်​တစ်​လှည့် သေ​တတ်၏။ အား​ယူ၍ မြို့​ကို​ကျပ်​တည်း​စွာ​တိုက်​လျက် လုပ်​ကြံ​တိုက်​ဖျက်​ကြ​လော့​ဟု တ​မန်​အား​ဖြင့် ယွာ​ဘ​ကို မှာ​လိုက်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

25 ထိုအခါ ဒါဝိဒ်​မင်းကြီး​က တမန်​အား “​သင်​သည် ယွာဘ​အား ‘​ဤ​အမှု​ကား ဆိုး​လှ​သည်​ဟု သင်​မ​မြင်​နှင့်​။ ဓား​သည် တစ်ယောက်​မ​ဟုတ်​တစ်ယောက် ဝါးမျို​တတ်​၏​။ မြို့​ကို​သာ ဖိတိုက်​ပြီး ဖျက်ဆီး​ပစ်​ပါ​’​ဟု ပြန်ပြော​လော့​။ သူ့​ကို​လည်း အားပေး​လော့​”​ဟု ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

25 မင်း​ကြီး​က​စေ​တ​မန်​အား``စစ်​ပွဲ​တွင်​မည်​သူ မည်​ဝါ​ကျ​ဆုံး​မည်​ကို​အ​ဘယ်​အ​ခါ​၌​မျှ မ​ပြော​နိုင်။ သို့​ဖြစ်​၍​ယွာ​ဘ​အား​စိတ်​မ​ပျက် ရန်​အား​ပေး​စ​ကား​ပြော​ကြား​လော့။ မြို့​ကို ပို​မို​ပြင်း​ထန်​စွာ​တိုက်​စစ်​ဆင်​၍​သိမ်း​ယူ​ရန် ကို​လည်း​ပြော​လော့''ဟု​မှာ​တော်​မူ​လိုက်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ဓမ္မ​ရာဇဝင် 11:25
8 ပူးပေါင်းရင်းမြစ်များ  

လေး​သ​မား​တို့​သည် မြို့​ရိုး​ပေါ်​က ကိုယ်​တော်​ကျွန်​တို့​ကို​ပစ်၍ ကိုယ်​တော်​ကျွန်​အ​ချို့ သေ​ကြ​ပါ၏။ ကိုယ်​တော်​ကျွန်​ဟိ​တ္တိ​လူ၊ ဥ​ရိ​ယ​သည်​လည်း​သေ​ပါ၏​ဟု လျှောက်​လျှင်၊


ဥ​ရိ​ယ​သေ​ကြောင်း​ကို သူ၏​မ​ယား​ကြား​သော​အ​ခါ၊ ခင်​ပွန်း​ကြောင့် ငို​ကြွေး​မြည်​တမ်း​လျက်​နေ၏။


ယွာ​ဘ​သည်​လည်း အ​မ္မုန်​ပြည်၊ ရ​ဗ္ဗာ​မြို့​ကို​တိုက်၍ မြို့​တော်​ကို​ရ​ပြီး​မှ၊


သို့​ရာ​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရဲ​ရင့်​သော​စိတ်​ကို​ယူ၍ ပ​ထ​မ​နေ့​တွင် စစ်​ခင်း​ကျင်း​သော​အ​ရပ်၌ တစ်​ဖန် ခင်း​ကျင်း​ကြ၏။


သေ​တ္တာ​တော်​သည် မိ​မိ​ပြည်​သို့​သွား​သော​လမ်း ဗက်​ရှေ​မက်​မြို့​သို့​လိုက်​လျှင်၊ ထို​ဘု​ရား​သ​ခင်​သည် ဤ​ဘေး​ကြီး​ကို ငါ​တို့၌ ဖြစ်​စေ​ပြီ။ သို့​မ​ဟုတ် ဒဏ်​ခတ်​တော်​မူ​သော​ကြောင့် ငါ​တို့​မ​ခံ၊ အ​လို​လို ခံ​ရ​သည်​ကို သိ​ရ​ကြ​မည်​ဟု စီ​ရင်​သည်​အ​တိုင်း၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ