၂ ဓမ္မရာဇဝင် 11:1 - Judson Bible in Zawgyi Version1 အခါလည်၍ ရှင်ဘုရင်တို့သည် စစ်တိုက်ချိန်ရောက်သောအခါ၊ ဒါဝိဒ်သည် ယွာဘနှင့်ကျွန်များ၊ ဣသရေလ အမျိုးသားများအပေါင်းတို့ကို စေလွှတ်သဖြင့်၊ သူတို့သည် အမ္မုန်အမျိုးသားတို့ကိုတိုက်ဖျက်၍ ရဗ္ဗာမြို့ကိုဝိုင်းထားကြ၏။ ဒါဝိဒ်သည် ကိုယ်တိုင်ယေရုရှလင်မြို့၌ နေလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်1 ထိုနှစ် နွေဦးရာသီ၊ ရှင်ဘုရင်တို့ စစ်ထွက်တိုက်ချိန်ရောက်သောအခါ ဒါဝိဒ်မင်းကြီးသည် ယွာဘနှင့်တပ်မှူးများအပါအဝင် အစ္စရေးစစ်သည်အပေါင်းတို့ကို စစ်ထွက်တိုက်စေ၏။ သူတို့သည် အမ္မုန်အမျိုးသားတို့ကို တိုက်ခိုက်ဖျက်ဆီးပြီး ရဗ္ဗာမြို့ကိုလည်း ဝိုင်းထားလိုက်ကြ၏။ ဒါဝိဒ်မင်းကြီးမူကား ဂျေရုဆလင်မြို့၌ နေရစ်ခဲ့၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version1 ထိုနှစ်နွေဦးပေါက်၍ ဘုရင်တို့စစ်တိုက် ထွက်လေ့ရှိသည့်အချိန်ရောက်သောအခါ ဒါဝိဒ်သည်ယွာဘအားသူ၏တပ်မှူးများ နှင့်ဣသရေလတပ်မတော်ကိုစေလွှတ်ရာ သူတို့သည်အမ္မုန်ပြည်သားတို့ကိုနှိမ်နင်း၍ ရဗ္ဗာမြို့ကိုဝိုင်းထားကြ၏။ ဒါဝိဒ်မူကား ယေရုရှလင်မြို့တွင်နေရစ်သတည်း။- အခန်းကိုကြည့်ပါ။ |
ထိုကြောင့်၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ အမ္မုန်အမျိုးသားတို့နေရာ ရဗ္ဗာမြို့၌ စစ်တိုက်ခြင်းအသံကို ငါကြားစေသောအချိန် ရောက်လိမ့်မည်။ ထိုမြို့သည် ပျက်စီးရာပုံဖြစ်၍၊ သူ၏သမီးတို့သည်လည်း မီးရှို့ခြင်းကို ခံရကြလိမ့်မည်။ ထိုအခါ ဣသရေလအမျိုး၏ နေရာကို၊ သိမ်းယူသောသူတို့၏နေရာကို၊ ဣသရေလသည် တစ်ဖန်သိမ်းယူရလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
အို ဟေရှဘုန်မြို့၊ ညည်းတွားမြည်တမ်းလော့။ အာဣမြို့ပျက်စီးပြီ။ အို ရဗ္ဗာမြို့သမီးတို့၊ ငိုကြွေးကြလော့။ လျှော်တေအဝတ်ကို ဝတ်၍ မြည်တမ်းလျက်၊ ခြံနားမှာ တောင်မြောက်ပြေးကြလော့။ အကြောင်းမူကား၊ မိလကုံဘုရားသည် သူ၏ယဇ်ပုရောဟိတ်၊ သူ၏မင်းများနှင့်တကွ သိမ်းသွားခြင်းကိုခံရ၏။