Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ဓမ္မ​ရာဇဝင် 10:3 - Judson Bible in Zawgyi Version

3 အ​မ္မုန်​အ​မျိုး မှူး​မတ်​တို့​သည် မိ​မိ​တို့​အ​ရှင်​ဟာ​နုန်​ထံ​သို့​ဝင်၍၊ ဒါ​ဝိဒ်​သည် စိတ်​တော်​ကို နှစ်​သိမ့်​စေ​သော​သူ​တို့​ကို စေ​လွှတ်​ရာ​တွင် ခ​မည်း​တော်​ကို ရို​သေ​စွာ​ပြု​သည်​ဟု ထင်​မှတ်​တော်​မူ​သ​လော။ မြို့​တော်​ကို​စစ်​ဆေး​စူ​စမ်း၍ ဖျက်​ဆီး​ခြင်း​ငှာ​သာ သူ၏​ကျွန်​တို့​ကို​စေ​လွှတ်​သည် မ​ဟုတ်​လော​ဟု လျှောက်​ကြ​သော်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

3 အမ္မုန်​အမျိုးသား​အကြီးအကဲ​တို့​က မိမိ​တို့​၏​အရှင်​ဟာနုန်​မင်းကြီး​အား “​ဒါဝိဒ်​မင်းကြီး​သည် အရှင့်​ခမည်းတော်​ကို​ရိုသေလေးစား​သဖြင့် အရှင့်​ထံ​နှစ်သိမ့်​သူ​များ​ကို စေလွှတ်​သည်​ဟု အရှင်​ထင်​သလော​။ ထိုသို့​မ​ဟုတ်​။ မိမိ​၏​မင်းမှုထမ်း​တို့​ကို ဒါဝိဒ်​မင်းကြီး​စေလွှတ်​လိုက်​ခြင်း​မှာ မြို့​ကို​စူးစမ်း​ထောက်လှမ်း​၍ တိုက်ခိုက်​မှောက်လှန်​ရန်​သာ ဖြစ်​သည်​”​ဟု လျှောက်တင်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

3 အမ္မုန်​ပြည်​သား​ခေါင်း​ဆောင်​များ​က​မိ​မိ​တို့ ဘု​ရင်​အား``ဒါ​ဝိဒ်​သည်​အ​ရှင့်​ခ​မည်း​တော်​ကို ဂုဏ်​ပြု​ရန်​အ​တွက် ဤ​လူ​များ​ကို​စေ​လွှတ် လိုက်​သည်​ဟု​အ​ရှင်​ထင်​မှတ်​တော်​မူ​ပါ သ​လော။ အ​ဘယ်​နည်း​နှင့်​မျှ​မ​ဟုတ်​ပါ။ သူ သည်​အ​ကျွန်ုပ်​တို့​ကို​နှိမ်​နင်း​နိုင်​ရန်​ဤ​မြို့ အ​ခြေ​အ​နေ​ကို​စုံ​စမ်း​လို​၍​ဤ​သူ​တို့ အား​သူ​လျှို​အ​ဖြစ်​စေ​လွှတ်​လိုက်​ခြင်း ဖြစ်​ပါ​၏'' ဟု​လျှောက်​ထား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ဓမ္မ​ရာဇဝင် 10:3
6 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​စ​ကား မှန်​သည်​မ​မှန်​သည်​ကို စုံ​စမ်း၍​သိ​စေ​ခြင်း​ငှာ သင်​တို့​တွင် တစ်​ယောက်​သော​သူ​ကို​စေ​လွှတ်၍ ညီ​ကို​ဆောင်​ခဲ့​စေ။ ကြွင်း​သော​သူ​တို့​ကို ထောင်​ထဲ​မှာ​ချ​ထား​မည်။ သို့​မ​ဟုတ် ဖာ​ရော​ဘု​ရင် အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ အ​ကယ်​စင်​စစ် သင်​တို့​သည်​သူ​လျှို ဖြစ်​ကြ၏​ဟု​ဆို​ပြီး​လျှင်၊


ယော​သပ်​သည်​သူ​တို့​အ​ကြောင်း​နှင့် မြင်​ရ​သော​အိပ်​မက်​တို့​ကို အောက်​မေ့​လျက်၊ သင်​တို့​သည်​သူ​လျှို​ဖြစ်​ကြ၏။ ပြည်​တော်၌ အား​နည်း​သော​အ​ရပ်​ကို ကြည့်​ရှု​ခြင်း​ငှာ လာ​ကြ​ပြီ​ဟု​ဆို​လျှင်၊


နေ​ရ၏​သား အာ​ဗ​နာ​သည် ကိုယ်​တော်​ကို​လှည့်​စား၍ ကိုယ်​တော်​ထွက်​ဝင်​တော်​မူ​ခြင်း၊ စီ​ရင်​တော်​မူ​ခြင်း​အ​လုံး​စုံ​ကို သိ​အံ့​သော​ငှာ​သာ လာ​သည်​ကို ကိုယ်​တော်​သိ​တော်​မူ၏​ဟု လျှောက်​ပြီး​လျှင်၊


အ​မ္မုန်​အ​မျိုး မှူး​မတ်​တို့​သည် ဟာ​နုန်​မင်း​ထံ​သို့​ဝင်၍၊ ဒါ​ဝိဒ်​သည် စိတ်​တော်​ကို နှစ်​သိမ့်​စေ​သော​သူ​တို့​ကို စေ​လွှတ်​ရာ​တွင်၊ ခ​မည်း​တော်​ကို ရို​သေ​စွာ​ပြု​သည်​ဟု ထင်​မှတ်​တော်​မူ​သ​လော။ ပြည်​တော်​ကို စစ်​ဆေး​စူး​စမ်း၍ ဖျက်​ဆီး​ခြင်း​ငှာ​သာ၊ သူ၏​ကျွန်​တို့​သည် အ​ထံ​တော်​သို့ ရောက်​သည်​မ​ဟုတ်​လော​ဟု လျှောက်​ကြ​လျှင်၊


မ​လျောက်​ပတ်​စွာ မ​ကျင့်​တတ်၊ ကိုယ်​အ​ကျိုး​ကို မ​ရှာ​တတ်၊ ဒေါ​သ​အ​မျက် မ​ထွက်​တတ်၊ အ​ပြစ်​ရှိ​သည်​ဟု မ​ထင်​တတ်၊-


ခပ်​သိမ်း​သော​အ​ရာ​ကို ဖုံး​အုပ်​တတ်၏။ ခပ်​သိမ်း​သော​အ​ရာ​ကို ယုံ​တတ်၏။ ခပ်​သိမ်း​သော​အ​ရာ​ကို မျှော်​လ​င့်​တတ်၏။ ခပ်​သိမ်း​သော​အ​ရာ​ကို သည်း​ခံ​တတ်၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ