၂ ပေတရု 2:8 - Judson Bible in Zawgyi Version8 ထိုဖြောင့်မတ်သောသူသည် မတရားသော သူတို့တွင် နေစဉ်အခါ၊ သူတို့၏ မတရားသောအမှုများကို နေ့တိုင်းမပြတ် မျက်စိမြင်လျက်၊ နားကြားလျက်ရှိသဖြင့်၊ မိမိဖြောင့်မတ်သော စိတ်နှလုံးကို ပြင်းစွာညှဉ်းဆဲရ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်8 အကြောင်းမူကား ထိုဖြောင့်မတ်သောသူသည် သူတို့ထဲ၌နေထိုင်ခဲ့စဉ် သူတို့၏တရားမဲ့သောအမှုများကို တွေ့မြင်ကြားသိနေရ၍ နေ့စဉ်ရက်ဆက် သူ၏ဖြောင့်မတ်သောစိတ်ဝိညာဉ်၌ အလွန်အနှောင့်အယှက်ဖြစ်လေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version8 ထိုသူတော်ကောင်းသည်ဆိုးယုတ်သူတို့နှင့် အတူနေထိုင်ကာ နေ့စဉ်နှင့်အမျှသူတို့ပြု ကျင့်သည့်ဆိုးညစ်မှုများကိုတွေ့မြင်ကြား သိသဖြင့် လွန်စွာစိတ်ဒုက္ခရောက်ခဲ့ရပေသည်။- အခန်းကိုကြည့်ပါ။ |
အသက်ကြီးသောသူ၊ အသက်ငယ်သောသူ၊ အပျိုမ၊ သူငယ်၊ မိန်းမတို့ကို ရှင်းရှင်းသတ်ကြလော့။ သို့ရာတွင်၊ အမှတ်ပါသောသူကို မချဉ်းကပ်ကြနှင့်။ ငါ၏သန့်ရှင်းရာဌာန၌ အဦးပြုကြလော့ဟု မိန့်တော်မူသည်ကို ငါကြား၏။ သူတို့သည်လည်း၊ အိမ်တော်ရှေ့မှာရှိသော အသက်ကြီးသူတို့ကို ရှေ့ဦးစွာသတ်ကြ၏။
အာဗေလသည်၊ ကာဣနပူဇော်သောယဇ်ထက် သာ၍ မြတ်သောယဇ်ကို၊ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်အား ပူဇော်၏။ ထိုသို့သောယဇ်ကို ပူဇော်၍၊ မိမိဖြောင့်မတ်သည်ဟု သက်သေခံတော်မူခြင်းကို ရလေ၏။ အဘယ်သို့နည်းဟူမူကား၊ သူလှူသောအလှူကို ဘုရားသခင်သည် လက်ခံတော်မူ၏။ သို့ဖြစ်၍၊ အာဗေလသည် သေလွန်သော်လည်း ယခုပင် တရားဟောသေး၏။-