Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ပေတရု 1:21 - Judson Bible in Zawgyi Version

21 အ​ကြောင်း​မူ​ကား၊ အ​နာ​ဂ​တ္တိ​စ​ကား​သည် လူ​အ​လို​အား​ဖြင့် ဖြစ်​ဖူး​သည်​မ​ဟုတ်၊ ဘု​ရား​သ​ခင်၏ သန့်​ရှင်း​သူ​တို့​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်၏ တိုက်​တွန်း​တော်​မူ​ခြင်း​ကို ခံ​ရ၍ ဟော​ပြော​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

21 အကြောင်းမူကား ပရောဖက်ပြု​ဟောပြော​ချက်​သည် မည်သည့်​အခါ​မျှ လူ​၏​အလိုဆန္ဒ​အရ​ဖြစ်ပေါ်​လာ​သည်​မ​ဟုတ်။ သန့်ရှင်း​သော​ဝိညာဉ်​တော်​၏​နှိုးဆော်​ခြင်း​ကို ခံရ​သော​သူ​တို့​သည် ဘုရားသခင်​ထံမှ​လာ​သော​စကား​ကို ဟောပြော​ကြ​ခြင်း​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

21 အ​ဘယ်​ကြောင့်​ဆို​သော်​မည်​သည့်​ပ​ရော​ဖက် ဟော​ပြော​ချက်​မျှ မိ​မိ​၏​အ​လို​ဆန္ဒ​အ​ရ​ပေါ် ပေါက်​လာ​ခြင်း​မ​ဟုတ်။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် နှိုး​ဆော်​ခြင်း​ကို​ခံ​ရ​သော​သူ​တို့​သည် ဘု​ရား သ​ခင်​၏​ထံ​တော်​မှ​လာ​သော​ဗျာ​ဒိတ်​တော်​ကို ဟော​ပြော​ခြင်း​ဖြစ်​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ပေတရု 1:21
29 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ငါ့​အား​ဖြင့် မိန့်​တော်​မူ၏။ နှုတ်​က​ပတ်​တော်​သည် ငါ့​လျှာ၌​တည်၏။


ထို​အ​ခါ ယေ​ရော​ဗောင်​သည် နံ့​သာ​ပေါင်း​ကို မီး​ရှို့​ခြင်း​ငှာ ယဇ်​ပ​လ္လင်​နား​မှာ​ရပ်​နေ​စဉ်​တွင်၊ ဘု​ရား​သ​ခင်၏ လူ​တစ်​ယောက်​သည် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​အ​တိုင်း၊ ယု​ဒ​ပြည်​မှ ဗေ​သ​လ​မြို့​သို့ ရောက်​လာ၍၊


မိန်း​မ​က​လည်း၊ အို ဘု​ရား​သ​ခင်၏​လူ၊ ကိုယ်​တော်​သည် ကျွန်​မ​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ ကျွန်​မ​အ​ပြစ်​တို့​ကို အောက်​မေ့​စေ၍၊ ကျွန်​မ​သား​ကို သတ်​အံ့​သော​ငှာ ကျွန်​မ​ဆီ​သို့ ကြွ​လာ​တော်​မူ​သ​လော​ဟု ဧ​လိ​ယ​အား​ဆို​သော်၊


မိန်း​မ​က​လည်း၊ ဤ​အ​မှု​ကို​ထောက်၍ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏​လူ ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ ကိုယ်​တော်​ဆင့်​ဆို​သော ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော် ဟုတ်​မှန်​ကြောင်း​ကို​လည်း​ကောင်း၊ ကျွန်​မ​သိ​ပါ​သည်​ဟု ဧ​လိ​ယ​အား​ဆို၏။


ခင်​ပွန်း​ကို​လည်း​ခေါ်၍၊ ကျွန်ုပ်​သည် ဘု​ရား​သ​ခင်၏​လူ​ထံ​သို့​ပြေး၍ တစ်​ဖန်​ပြန်​လာ​ဦး​မည်။ လု​လင်​တစ်​ယောက်​နှင့် မြည်း​တစ်​စီး​ကို​ထည့်​လိုက်​ပါ​ဟု ဆို​လျှင်၊


ထို​မိန်း​မ​သည်​လာ၍ ဘု​ရား​သ​ခင်၏​လူ​ကို​ကြား​ပြော​လျှင်၊ သူ​က ထို​ဆီ​ကို​သွား၍ ရောင်း​ပြီး​လျှင် ကြွေး​ကို​ဆပ်​လော့။ ကြွင်း​သော​ဆီ​ကို အ​မှီ​ပြု၍ သင်​နှင့်​သား​တို့​သည် အ​သက်​မွေး​ကြ​လော့​ဟု ဆို၏။


မိန်း​မ​က​လည်း၊ ငါ​တို့​နေ​ရာ​လမ်း​ဖြင့် အ​စဉ်​သွား​လာ​သော ဤ​သူ​သည် ဘု​ရား​သ​ခင်၏​သန့်​ရှင်း​သူ​ဖြစ်​သည်​ကို ကျွန်ုပ်​ရိပ်​မိ၏။


သ​တိ​ပေး​သော​အ​ရပ်​သို့ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် လူ​ကို​စေ​လွှတ်၍ တစ်​ကြိမ်​နှစ်​ကြိမ်​မ​က ရန်​သူ​တို့​ကို ရှောင်​လေ၏။


နံ​နက်​စော​စော ဘု​ရား​သ​ခင့်​လူ၏​ကျွန်​သည်​ထ၍ ပြင်​သို့​ထွက်​သော​အ​ခါ၊ မြင်း​စီး​သူ​ရဲ၊ ရ​ထား​စီး​သူ​ရဲ၊ ဗိုလ်​ခြေ​တို့​သည် မြို့​ကို​ဝိုင်း​လျက် ရှိ​ကြ​သည်​ဖြစ်၍၊ အို​သ​ခင်၊ အ​ဘယ်​သို့ ပြု​ရ​ပါ​မည်​နည်း​ဟု မိ​မိ​သ​ခင်​အား​ဆို၏။


ဘု​ရား​သ​ခင့်​လူ မော​ရှေ၏​သား​ကို​ကား၊ လေ​ဝိ​အ​မျိုး​သား​တို့၏​စာ​ရင်း၌​သွင်း​ရ၏။


ခ​မည်း​တော်​ဒါ​ဝိဒ် စီ​ရင်​သည်​အ​တိုင်း၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် အ​လှည့်​အ​လှည့် ယဇ်​ပု​ရော​ဟိတ် အ​မှု​ကို​လည်း​ကောင်း၊ လေ​ဝိ​သား​တို့​သည် နေ့​ရက်​အ​စဉ် ဝတ်​ပြု​သင့်​သည်​အ​တိုင်း၊ ယဇ်​ပု​ရော​ဟိတ်​တို့​နှင့် ဝိုင်း၍ ထော​မ​နာ​သီ​ချင်း​ဆို​သ​ဖြင့်၊ မိ​မိ​တို့​အ​မှု​ကို​လည်း​ကောင်း၊ တံ​ခါး​စောင့်​တို့​သည် အ​လှည့်​အ​လှည့် တံ​ခါး​ရှိ​သ​မျှ​တို့​ကို စောင့်​ခြင်း​အ​မှု​ကို​လည်း​ကောင်း၊ အ​သီး​အ သီး ဆောင်​ရွက်​စေ​ခြင်း​ငှာ ခန့်​ထား၏။ ထို​သို့ ဘု​ရား​သ​ခင်၏​လူ ဒါ​ဝိဒ်​မှာ​ထား​နှင့်​သ​တည်း။


ထို​ပ​ရော​ဖက်​တို့​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ဤ​သို့ ကြံ​စည်​ကြ​လိမ့်​မည်​နည်း။ သူ​တို့​သည် မု​သား​စ​ကား​ကို ဟော​ပြော​တတ်​ကြ၏။ ကိုယ်​စိတ်​နှ​လုံး​လှည့်​စား​သည်​အ​တိုင်း ဟော​ပြော​တတ်​ကြ၏။


ထို​အ​ခါ ခါ​လ​ဒဲ​ပြည်၊ ခေ​ဗာ​မြစ်​နား​မှာ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ယဇ်​ပု​ရော​ဟိတ် ဗု​ဇိ​သား​ယေ​ဇ​ကျေ​လ အ​မည်​ရှိ​သော ငါ​ဆီ​သို့​ရောက်၍၊ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သည် ငါ့​အ​ပေါ်​မှာ တင်​လျက်​ရှိ၏။


ယု​ဒ​ရှင်​ဘု​ရင် ယော​သံ​မင်း၊ အာ​ခတ်​မင်း၊ ဟေ​ဇ​ကိ​မင်း​တို့​လက်​ထက်၌ မော​ရ​ရှ​ရွာ​သား မိ​က္ခာ​သည် ရှ​မာ​ရိ​မြို့​နှင့် ယေ​ရု​ရှ​လင်​မြို့​အ​ဖို့ ခံ​ရ​သော ထာ​ဝ​ရ​ဘု​ရား၏​ဗျာ​ဒိတ်​တော်​ဟူ​မူ​ကား၊


ထို​အ​ခါ ပ​ရော​ဖက်​တို့​သည် ရှက်​ကြောက်​ကြ​လိမ့်​မည်။ အ​နာ​ဂတ်​ကို ဟော​သော​သူ​တို့​သည် စိတ်​ပျက်​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင် ထူး​တော်​မ​မူ​သော​ကြောင့်၊ ထို​သူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​နှုတ်​ကို ဖုံး​ထား​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။


မော​ရှေ​က​လည်း၊ ဤ​အ​မှု​အ​လုံး​စုံ​တို့​ကို ငါ​သည်​အ​လို​လို​မ​ပြု၊ ထာ​ဝ​ရ​ဘု​ရား စေ​ခိုင်း​တော်​မူ၍ ငါ​ပြု​သည်​အ​ကြောင်း​ကို သင်​တို့​သည် အ​ဘယ်​သို့​သိ​ရ​မည်​နည်း ဟူ​မူ​ကား၊


ဒါ​ဝိဒ်၏​စ​ကား​မှာ၊ ထာ​ဝ​ရ​ဘု​ရား​က၊ သင်၏ ရန်​သူ​တို့​ကို သင်၏​ခြေ​တင်​ရာ ငါ​မ​ချ​မ​ထား​မီ​တိုင်​အောင် ငါ့​လက်​ယာ​ဘက်၌ ထိုင်​နေ​လော့​ဟု ငါ၏​သ​ခင်​အား မိန့်​တော်​မူ​သည်​ဟု သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​အား​ဖြင့် ဒါ​ဝိဒ်​ဆို​သ​တည်း။-


ညီ​အစ်​ကို​တို့၊ ယေ​ရှု​ကို​ဖမ်း​ဆီး​သော​သူ​တို့​အား လမ်း​ပြ​သော​ယု​ဒ​ရှ​ကာ​ရုတ်​ကို ရည်​မှတ်၍ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ဒါ​ဝိဒ်​မင်း၏​နှုတ်​ဖြင့် ဗျာ​ဒိတ်​ထား​တော်​မူ​နှင့်​သော ကျမ်း​စာ​ချက်​အ​တိုင်း မ​ပြည့်​စုံ​ဘဲ မ​နေ​ရ။-


ထို​သို့ အ​ချင်း​ချင်း​သ​ဘော​ကွဲ​ပြား၍ သွား​ကြ၏။ သွား​ကြ​စဉ်​တွင် ပေါ​လု​သည် စ​ကား​တစ်​ခွန်း​ကို ပြော​လိုက်​သည်​မှာ၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​သည် ပ​ရော​ဖက် ဟေ​ရှာ​ယ​အား​ဖြင့် မိန့်​တော်​မူ​ချက်​ဟူ​မူ​ကား၊-


ခ​ရစ်​တော်​သည် အ​သေ​ခံ​ရ​မည်​ဟု ပ​ရော​ဖက်​အ​ပေါင်း​တို့​သည် ဟော​ပြော၍၊ ဘု​ရား​သ​ခင်​ဖော်​ပြ​တော်​မူ​နှင့်​သော​အ​မှု​ကို ထို​သို့​အား​ဖြင့် ပြီး​စီး​တော်​မူ​ပြီ။-


ဘု​ရား​သ​ခင်၏​လူ​မော​ရှေ​သည် မ​သေ​မီ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ကောင်း​ချီး​ပေး​သော မင်္ဂ​လာ​စ​ကား​ဟူ​မူ​ကား၊


ထို​သို့​နှင့်​အ​ညီ၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ငါ​တို့​အား သက်​သေ​ပေး​တော်​မူ​သည်​မှာ၊-


ထို​ကြောင့်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် မိန့်​တော်​မူ​သည်​ကား၊ ယ​နေ့​တွင် သင်​တို့​သည် ဗျာ​ဒိတ်​တော်​အ​သံ​ကို ကြား​လျက် ရှိ​သည်​ဖြစ်၍၊-


ပ​ထ​မ​တဲ​တော် မ​ပျက်​မီ​တိုင်​အောင်၊ သန့်​ရှင်း​ရာ​ဌာ​န​သို့ သွား​သော​လမ်း မ​ဖွင့်​သေး​သော အ​ကြောင်း​ကို ထို​အ​မှု​အ​ရာ​အား​ဖြင့် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​သည် အ​ရိပ်​ပေး​တော်​မူ၏။-


ထို​အ​ခါ ယု​ဒ​အ​မျိုး​သား​တို့​သည်၊ ဂိ​လ​ဂါ​လ​မြို့၌ ယော​ရှု​ထံ​သို့​လာ၍၊ ကေ​နက်​အ​မျိုး ယေ​ဖု​န္နာ၏​သား​ကာ​လက်​က၊ ထာ​ဝ​ရ​ဘု​ရား​သည် ကာ​ဒေ​ရှ​ဗာ​နာ​အ​ရပ်၌ ကိုယ်​တော်​နှင့် အ​ကျွန်ုပ်​ကို​ရည်​ဆောင်၍၊ ဘု​ရား​သ​ခင်၏​လူ​မော​ရှေ​အား မိန့်​တော်​မူ​သော​စ​ကား​ကို ကိုယ်​တော်​သိ​ပါ၏။


ခ​ရစ်​တော်​ခံ​တော်​မူ​ရ​သော ဆင်း​ရဲ​ကို​လည်း​ကောင်း၊ ဆင်း​ရဲ​ခံ​ပြီး​မှ ဝင်​စား​တော်​မူ​ရ​သော ဘုန်း​စည်း​စိမ်​ကို​လည်း​ကောင်း၊ သူ​တို့​အ​ထဲ၌​ရှိ​သော ခ​ရစ်​တော်၏​ဝိ​ညာဉ်​သည် သက်​သေ​ခံ​နှင့်​သော​အ​ခါ၊ အ​ဘယ်​မည်​သော သူ​ကို​လည်း​ကောင်း၊ အ​ဘယ်​သို့​သော အ​ချိန်​ကာ​လ​ကို​လည်း​ကောင်း ဆို​လို​တော်​မူ​သည်​ဟု မေး​မြန်း​ရှာ​ဖွေ​ကြ၏။-


ငါ​သည် ထို​သူ​ကို ကိုး​ကွယ်​ခြင်း​ငှာ သူ၏ ခြေ​ရင်း၌ ပျပ်​ဝပ်၏။ သူ​က​လည်း၊ မ​ပြု​ပါ​နှင့်၊ ငါ​ကား သင်၏ လုပ်​ဘော်​ဆောင်​ဖက် ဖြစ်၏။ ယေ​ရှု၏ သက်​သေ​ခံ​တော်​မူ​ချက်​ကို ဆောင်​သော သင်၏ ညီ​အစ်​ကို​တို့၏ လုပ်​ဘော်​ဆောင်​ဖက်​လည်း ဖြစ်၏။ ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​လော့။ အ​ကြောင်း​မူ​ကား၊ ပ​ရော​ဖက်​ဟော​သော စ​ကား​ချက်​သ​ဘော​သည် ယေ​ရှု၏​သက်​သေ ဖြစ်​သ​တည်း​ဟု ငါ့​အား​ပြော​ဆို၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ