၎ ဓမ္မရာဇဝင် 7:6 - Judson Bible in Zawgyi Version6 အကြောင်းမူကား၊ ရှုရိလူတို့သည် ရထားစီးသူရဲ၊ မြင်းစီးသူရဲ၊ များစွာသော ဗိုလ်ခြေအသံကို ကြားစေခြင်းငှာ၊ ထာဝရဘုရားပြုတော်မူသဖြင့် သူတို့က ဣသရေလရှင်ဘုရင်သည် ငါတို့ကိုတိုက်စေခြင်းငှာ၊ ဟိတ္တိမင်းများ၊ အဲဂုတ္တုမင်းများတို့ကို ငှားပြီဟု တစ်ယောက်ကိုတစ်ယောက် ဆိုလျက်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်6 အကြောင်းမှာ ဘုရားရှင်သည် ဆီးရီးယားတပ်သားတို့အား စစ်ရထားသံ၊ မြင်းခွာသံများဖြင့် စစ်တပ်ကြီးချီလာသောအသံကို ကြားရစေတော်မူသဖြင့် သူတို့က “ကြည့်ပါ။ အစ္စရေးဘုရင်သည် ငါတို့ကို တိုက်ခိုက်ရန် ဟိတ္တိဘုရင်၊ အီဂျစ်ဘုရင်တို့ကို စစ်ကူတောင်းပြီးချီလာလေပြီ”ဟု အချင်းချင်းပြောဆိုကြလျက် အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version6 ထာဝရဘုရားသည်ရှုရိအမျိုးသားတို့ အားမြင်းစီးသူရဲများ၊ စစ်ရထားများဖြင့် တပ်မတော်ကြီးချီတက်လာသောအသံကို ကြားစေတော်မူသဖြင့် ရှုရိအမျိုးသားတို့ က``ငါတို့ကိုတိုက်ခိုက်ရန်ဣသရေလဘုရင် သည် ဟိတ္တိဘုရင်နှင့်အီဂျစ်ဘုရင်တို့ကိုစစ် ကူတောင်းလေပြီ'' ဟုအချင်းချင်းပြောဆို ကြ၏။- အခန်းကိုကြည့်ပါ။ |
စစ်ကူတောင်းအံ့သောငှာ အဲဂုတ္တုပြည်သို့သွား၍၊ မြင်းတို့ကို အမှီပြုလျက် များစွာသော ရထားတို့ကိုလည်းကောင်း၊ အားကြီးသော မြင်းစီးသူရဲတို့ကိုလည်းကောင်း ခိုလှုံလျက်၊ ဣသရေလအမျိုး၏သန့်ရှင်းသောဘုရားကို မမျှော်လင့်၊ ထာဝရဘုရားကို မရှာဘဲနေသောသူတို့သည် အမင်္ဂလာရှိကြ၏။