Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၎ ဓမ္မ​ရာဇဝင် 4:8 - Judson Bible in Zawgyi Version

8 တစ်​နေ့​သ၌ ဧ​လိ​ရှဲ​သည် ရှု​နင်​မြို့​သို့​သွား​ရာ​တွင်၊ ထို​မြို့၌ ထင်​ရှား​သော​မိန်း​မ​တစ်​ယောက်​သည် ဧ​လိ​ရှဲ​ကို ကျွေး​ခြင်း​ငှာ ခေါ်​ပင့်​လေ၏။ နောက်​မှ ထို​လမ်း​သို့​သွား​သော​အ​ခါ​ခါ၊ ကျွေး​ခြင်း​ကို​ခံ​အံ့​သော​ငှာ ထို​အိမ်​သို့​ဝင်​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

8 တစ်နေ့တွင် ဧလိရှဲ​သည် ရှုနင်​မြို့​သို့​သွား​ရာ ထို​မြို့​ရှိ​ထင်ပေါ်​သော​အမျိုးသမီး​တစ်​ဦး​က သူ့​အား ဧည့်ခံ​ကျွေးမွေး​ရန် ခေါ်ဖိတ်​လေ​၏​။ နောင်တွင်​လည်း ဧလိရှဲ​သည် ထို​မြို့​သို့​ရောက်​လျှင် ထို​အမျိုးသမီး​အိမ်​သို့​ဝင်​၍ ရပ်နား​စားသောက်​လေ့​ရှိ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

8 တစ်​နေ့​သ​၌​ဧ​လိ​ရှဲ​သည်​ရှု​နင်​မြို့​သို့​သွား​၏။ ထို​မြို့​တွင်​ချမ်း​သာ​ကြွယ်​ဝ​သော​အ​မျိုး​သ​မီး တစ်​ဦး​ရှိ​၏။ သူ​သည်​ဧ​လိ​ရှဲ​အား​ဖိတ်​ခေါ်​၍ ကျွေး​မွေး​ဧည့်​ခံ​၏။ ထို​ကြောင့်​ထို​အ​ချိန်​မှ အ​စ​ပြု​၍​ဧ​လိ​ရှဲ​သည် ထို​မြို့​သို့​ရောက်​သည့် အ​ခါ​တိုင်း​ထို​အ​မျိုး​သ​မီး​၏​အိမ်​တွင်​စား သောက်​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၎ ဓမ္မ​ရာဇဝင် 4:8
16 ပူးပေါင်းရင်းမြစ်များ  

ကျပ်​ကျပ်​သွေး​ဆောင်​သော​ကြောင့် တစ်​ဖန်​လော​တ​နေ​ရာ​သို့​လှည့်၍၊ သူ၏​အိမ်​သို့​ဝင်​ကြ၏။ လော​တ​လည်း၊ သူ​တို့​အ​ဖို့​ပွဲ​လုပ်၍၊ တ​ဆေး​မ​ပါ​သော​မုန့်​ကို​ပေါင်း​ပြီး​မှ၊ သူ​တို့​သည်​စား​ကြ​၏။


ဗာ​ဇိ​လဲ​သည် အ​သက်​ရှစ်​ဆယ်​ရှိ၍ အို​သော​သူ​ဖြစ်၏။ ရှင်​ဘု​ရင်​သည် မ​ဟာ​နိမ်​မြို့​မှာ တပ်​ချ​သော​ကာ​လ​ပတ်​လုံး ရှင်​ဘု​ရင်​ကို လုပ်​ကျွေး၏။ အ​လွန်​ရ​တတ်​သော​သူ​လည်း ဖြစ်၏။


ထို​သို့​နှင့်​အ​ညီ အ​ဆင်း​လှ​သော​အ​ပျို​မ​ကို ဣ​သ​ရေ​လ​ပြည်​တစ်​လျှောက်​လုံး​တွင်​ရှာ၍၊ ရှု​နင်​မြို့​သူ​အ​ဘိ​ရှက်​ကို​တွေ့​သ​ဖြင့် အ​ထံ​တော်​သို့ ဆောင်​ခဲ့​ကြ၏။


ထို​သား​သည် နို့​ကွာ​ပြီး​မှ၊ တစ်​နေ့​သ၌ စ​ပါး​ရိတ်​သော​သူ​တို့​ရှိ​ရာ မိ​မိ​အ​ဘ​ထံ​သို့ သွား၍၊


သူ၏​ဥ​စ္စာ​ကား၊ သိုး ခု​နစ်​ထောင်၊ ကု​လား​အုတ် သုံး​ထောင်၊ နွား​ယှဉ် ငါး​ရာ၊ မြည်း​မ ငါး​ရာ၊ ငယ်​သား​အ​တိုင်း​မ​သိ​များ​သည်​ဖြစ်၍၊ ထို​သူ​သည် အ​ရှေ့​မျက်​နှာ အ​ရပ်​သား​တ​ကာ​တို့​ထက် သာ၍​ကြီး​သော​သူ ဖြစ်၏။


လူ​ကြီး​တို့​သည် အ​စဉ်​ပ​ညာ​ရှိ​သည်​မ​ဟုတ်။ အ​သက်​ကြီး​သော သူ​အ​ပေါင်း​တို့​သည် မှန်​သော​တ​ရား​ကို နား​လည်​သည်​မ​ဟုတ်။


ချစ်​ဖွယ်​သော စ​ကား​နှင့် ထို​သူ​ကို သွေး​ဆောင်၍ ချော့​မော့​တတ်​သော နှုတ်​ခမ်း​နှင့် နိုင်​သ​ဖြင့်၊


ထို​နည်း​တူ အ​ခွက်​နှစ်​ဆယ်​ကို ခံ​သော​သူ​သည်​လည်း၊ အ​ခြား​သော အ​ခွက်​နှစ်​ဆယ်​ကို အ​မြတ်​ရ​လေ၏။-


အ​ကြောင်း​မူ​ကား၊ ထို​သား​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကြီး​မြတ်​သော​သူ ဖြစ်​လိမ့်​မည်။ စ​ပျစ်​ရည်​နှင့် ယစ်​မျိုး​ကို မ​သောက်​ဘဲ​နေ၍၊ အ​မိ​ဝမ်း​ထဲ​က​ပင် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့် ပြည့်​ဝ​လိမ့်​မည်။-


သ​ခင်​က၊ မြို့​ပြင်၊ လမ်း​မ၊ ခြံ​နား​သို့ သွား​ဦး​လော့။ ငါ့​အိမ်​ကို ပြည့်​စေ​ခြင်း​ငှာ အ​နိုင်​အ​ထက် ခေါ်​သွင်း​လော့။-


ထို​သူ​တို့​က အ​ကျွန်ုပ်​တို့​နှင့်​အ​တူ​ဝင်၍ နေ​ပါ။ ညဥ့်​ဦး​ယံ​အ​ချိန် ရှိ​ပြီ။ မိုး​လည်း​ချုပ်​ပါ​သည်​ဟူ၍ ကိုယ်​တော်​ကို ကျပ်​ကျပ်​သွေး​ဆောင်​ကြ၏။ ထို​ကြောင့် သူ​တို့​နှင့်​အ​တူ​နေ​ခြင်း​ငှာ ဝင်​တော်​မူ၏။-


ထို​မိန်း​မ​သည် အိမ်​သူ​အိမ်​သား​တို့​နှင့်​တ​ကွ ဗ​တ္တိ​ဇံ​ကို​ခံ​ပြီး​မှ၊ ကျွန်​မ​သည် သ​ခင်​ဘု​ရား၌ အ​မှန်​ယုံ​ကြည်​သည်​ကို သင်​တို့​သည် ထင်​မှတ်​လျှင်၊ ကျွန်​မ​အိမ်​သို့ ဝင်၍​နေ​ကြ​ပါ​ဟု တောင်း​ပန်​လျက် ငါ​တို့​ကို အ​နိုင်​သွေး​ဆောင်​လေ၏။


သူ​တို့​အ​ပိုင်း​အ​ခြား​သည် ယေ​ဇ​ရေ​လ​မြို့၊ ခေ​သု​လုတ်​မြို့၊ ရှု​နင်​မြို့၊


လူ​အို​က​လည်း၊ သင်၌ ချမ်း​သာ​ရှိ​ပါ​စေ​သော။ သင်​လို​သ​မျှ​သည် ငါ့​တာ​ရှိ​စေ​တော့။ လမ်း​မှာ​ည​ကို မ​လွန်​စေ​နှင့်​ဟု​ဆို​လျက်၊


ထို​အ​ခါ ဖိ​လိ​တ္တိ​လူ​တို့​သည် စု​ဝေး၍ ရှု​နင်​မြို့​မှာ တပ်​ချ​ကြ၏။ ရှော​လု​သည်​လည်း ဣ​သ​ရ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို စု​ဝေး​စေ၍ သူ​တို့​သည် ဂိ​လ​ဗော​မြို့​မှာ တပ်​ချ​ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ