Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၎ ဓမ္မ​ရာဇဝင် 4:6 - Judson Bible in Zawgyi Version

6 အိုး​များ၌ ဆီ​ပြည့်​သော​အ​ခါ၊ အိုး​တစ်​လုံး​ကို​ယူ​ခဲ့​ဦး​ဟု သား​အား​ဆို​လျှင်၊ အိုး​လပ်​မ​ရှိ​ပါ​ဟု ပြန်​ပြော​သော်၊ ဆီ​သည် တန့်​လျက်​နေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

6 အိုး​များ​ပြည့်​သွား​သောအခါ သူ​က သား​အား “​နောက်ထပ်​အိုး​တစ်​လုံး​ယူ​ခဲ့​ပါ​”​ဟု​ဆို​လျှင် သူ့​သား​က “​အိုး​မ​ရှိ​တော့​ပါ​”​ဟု​ပြော​လိုက်​သည်​နှင့် ဆီ​များ​လည်း ရပ်သွား​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

6 ထို​အိုး​များ​အား​လုံး​ဆီ​ပြည့်​သော​အ​ခါ မု​ဆိုး​မ​က``အိုး​လွတ်​ကျန်​သေး​သ​လော'' ဟု သား​တို့​အား​မေး​၏။ သား​တစ်​ယောက်​က``မ​ကျန် တော့​ပါ'' ဟု​ဆို​လိုက်​သည်​နှင့်​ဆီ​ထွက်​ရပ်​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၎ ဓမ္မ​ရာဇဝင် 4:6
12 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ပေါ်​မှာ မိုး​ရွာ​စေ​တော်​မ​မူ​မီ​တိုင်​အောင်၊ အိုး၌​ရှိ​သော​မုန့်​ညက် မ​ကုန်။ ဘူး၌​ရှိ​သော​ဆီ မ​လျော့​ရ​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို၏။


ထို​အ​ခါ ဘု​ရား​သ​ခင်၏​လူ​သည် အ​မျက်​ထွက်၍၊ အ​ဘယ်​ကြောင့် ငါး​ကြိမ်​ခြောက်​ကြိမ် မ​ရိုက်​သ​နည်း။ ထို​သို့​ရိုက်​လျှင်၊ ရှု​ရိ​လူ​တို့​ကို အ​ကုန်​အ​စင် လုပ်​ကြံ​ရ​လိမ့်​မည်။ ယ​ခု​မူ​ကား၊ သုံး​ကြိမ်​သာ လုပ်​ကြံ​ရ​လိမ့်​မည်​ဟု ဆို၏။


ထို​မိန်း​မ​သည်​သွား၍ သား​တို့​သည်​အိုး​များ​ကို​ယူ​ခဲ့​ပြီး​မှ၊ မိန်း​မ​သည် သား​တို့​နှင့်​အ​တူ အိမ်​ထဲ​သို့​ဝင်၍ တံ​ခါး​ကို​ပိတ်​လျက် ဆီ​ကို​လောင်း​လေ၏။


မြို့​သား​များ​တို့​သည် မ​ယုံ​ကြည်​ကြ​သော​ကြောင့်၊ ထို​အ​ရပ်၌ များ​စွာ​သော​တန်​ခိုး​ကို ပြ​တော်​မ​မူ။-


တ​ပည့်​တော်​တို့​သည်​လည်း လူ​အ​ပေါင်း​တို့​အား ပေး​ကြ၏။ လူ​အ​ပေါင်း​တို့​သည် စား၍ ဝ​ကြ​ပြီး​မှ ကြွင်း​ရစ်​သော​အ​ကျိုး​အ​ပဲ့​ကို ကောက်​သိမ်း၍ တစ်​ဆယ်​နှစ်​တောင်း အ​ပြည့်​ရ​ကြ၏။-


လူ​အ​ပေါင်း​တို့​သည် စား၍​ဝ​ကြ​ပြီး​မှ၊ ကြွင်း​ရစ်​သော အ​ကျိုး​အ​ပဲ့​ကို ကောက်​သိမ်း၍ ခု​နစ်​တောင်း​အ​ပြည့် ရ​ကြ၏။-


ထို​အ​ခါ သူ​တို့၏​မျက်​စိ​ကို တို့​တော်​မူ၍၊ သင်​တို့ ယုံ​ခြင်း​ရှိ​သည်​အ​တိုင်း သင်​တို့၌​ဖြစ်​စေ​ဟု မိန့်​တော်​မူ​လျှင်၊-


ကိုယ်​တော်​အ​ထဲ​က တန်​ခိုး​ထွက်၍ လူ​အ​ပေါင်း​တို့​ကို သက်​သာ​စေ​တော်​မူ​သည် ဖြစ်၍၊ ပ​ရိတ်​သတ်​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​တို့​ခြင်း​ငှာ ရှာ​ကြံ​ကြ၏။


ထို​သူ​တို့​သည်​ဝ​ကြ​ပြီး​မှ ကိုယ်​တော်​က၊ ဘာ​မျှ မ​ပျောက်​စေ​ခြင်း​ငှာ ကြွင်း​ကျန်​သော​အ​ကျိုး​အ​ပဲ့​တို့​ကို ကောက်​သိမ်း​ကြ​လော့​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​သည်​ဖြစ်၍၊-


ခါ​နာန်​ပြည် စ​ပါး​ကို​စား၍၊ နက်​ဖြန်​နေ့၌ မ​န္န​ပြတ်​လေ၏။ နောက်​တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မ​န္န​ကို​မ​ရ​ကြ။ ထို​နှစ်​တွင် ခါ​နာန်​ပြည်၌​ဖြစ်​သော အ​သီး​အ​နှံ​ကို စား​ရ​ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ