Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၎ ဓမ္မ​ရာဇဝင် 22:9 - Judson Bible in Zawgyi Version

9 တစ်​ဖန် စာ​ရေး​တော်​ရှာ​ဖန်​သည် ရှင်​ဘု​ရင်​ထံ​သို့​သွား၍၊ ကိုယ်​တော်​ကျွန်​တို့​သည် ဗိ​မာန်​တော်၌ တွေ့​သော​ငွေ​ကို မှုတ်​ပြီး​မှ၊ ဗိ​မာန်​တော်​အုပ်၊ အ​မှု​တော်​စောင့်​တို့၌ အပ်​ပါ​ပြီ​ဟူ၍​လည်း​ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

9 ထို့နောက် စာရေးတော်ကြီး​ရှာဖန်​သည် ရှင်ဘုရင်​ထံ ပြန်သွား​၍ “​အရှင့်​အစေအပါး​တို့​သည် အိမ်​တော်​၌ တွေ့ရှိ​သမျှ​သော​ငွေ​တို့​ကို စုသိမ်း​ပြီး ထာဝရဘုရား​၏​အိမ်​တော်​၌ ခန့်ထား​သော​အလုပ်​ကြီးကြပ်​သူ​တို့​လက်​သို့ ပေးအပ်​ပါ​ပြီ​”​ဟု အစီရင်ခံ​လျှောက်တင်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

9 ထို​နောက်​သူ​သည်​မင်း​ကြီး​ထံ​သို့​ပြန်​၍``အ​ရှင် ၏​အ​စေ​ခံ​တို့​သည်​ဗိ​မာန်​တော်​မှ​ငွေ​ကို​ယူ​၍ ပြင်​ဆင်​မှု​ကြီး​ကြပ်​သူ​တို့​၏​လက်​သို့​ပေး အပ်​ပြီး​ကြ​ပါ​ပြီ'' ဟု​လျှောက်​ထား​အ​စီ​ရင် ခံ​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၎ ဓမ္မ​ရာဇဝင် 22:9
13 ပူးပေါင်းရင်းမြစ်များ  

ရှင်​ဘု​ရင်​ကို ခေါ်​သော​အ​ခါ၊ ဟိ​လ​ခိ​သား​ဖြစ်​သော နန်း​တော်​အုပ်​ဧ​လျာ​ကိမ်၊ စာ​ရေး​တော်​ကြီး​ရှေ​ဗ​န၊ အာ​သပ်​သား အ​တွင်း​ဝန်​ယော​အာ​တို့​သည် သူ​တို့​ထံ​သို့​ထွက်​ပြီး​လျှင်၊


ယဇ်​ပု​ရော​ဟိတ်​ဟိ​လ​ခိ​သည် ကျွန်​တော်၌ စာ​စောင်​ကို အပ်​ပါ​ပြီ​ဟူ၍​လည်း​ကောင်း ကြား​လျှောက်​လျက်၊ ရှင်​ဘု​ရင်​ရှေ့​တော်၌ ဖတ်​ရွတ်​လေ၏။


ယဇ်​ပု​ရော​ဟိတ်​ဟိ​လ​ခိ၊ ရှာ​ဖန်​သား​အ​ဟိ​ကံ၊ မိ​က္ခာ​သား​အာ​ခ​ဗော်၊ စာ​ရေး​တော်​ရှာ​ဖန်၊ မိ​မိ​ကျွန်​အ​သ​ဟိ​ကို​ခေါ်၍၊


ယော​ရှိ​မင်း​ကြီး နန်း​စံ​ဆယ်​ရှစ်​နှစ်​တွင်၊ မေ​ရှု​လံ​သား​ဖြစ်​သော အာ​ဇ​လိ၏​သား စာ​ရေး​တော်​ရှာ​ဖန်​ကို​ခေါ်၍ သင်​သည် ယဇ်​ပု​ရော​ဟိတ်​မင်း​ဟိ​လ​ခိ​ထံ​သို့ သွား​လော့။


ယဇ်​ပု​ရော​ဟိတ်​မင်း ဟိ​လ​ခိ​က​လည်း၊ ပ​ည​တ္တိ​ကျမ်း​စာ​စောင်​ကို ဗိ​မာန်​တော်၌ ငါ​တွေ့​ပြီ​ဟု စာ​ရေး​တော်​ရှာ​ဖန်​အား ဆို​လျက်၊ ကျမ်း​စာ​ကို​အပ်၍ စာ​ရေး​တော်​ဖတ်၏။


ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ၏​အ​ခွင့်​နှင့် ယု​ဒ​ပြည်၌ ကျန်​ကြွင်း​သေး​သော​လူ​တို့​ကို အုပ်​ရ​သော​မင်း​အ​ရာ၌၊ ရှာ​ဖန်၏​သား​ဖြစ်​သော အ​ဟိ​ကံ၏​သား​ဂေ​ဒ​လိ​ကို ခန့်​ထား​တော်​မူ၏။


သို့​သော်​လည်း၊ ရှာ​ဖန်​သား​အ​ဟိ​ကံ​သည် ယေ​ရ​မိ​ကို​မ​စ​သော​ကြောင့်၊ အ​သေ​ခံ​စေ​ခြင်း​ငှာ လူ​များ​တို့​လက်​သို့ မ​အပ်​ရ။


ယဇ်​ပု​ရော​ဟိတ်၊ ပ​ရော​ဖက်၊ ဆင်း​ရဲ​သား ကျန်​ကြွင်း​သ​မျှ​တို့​နေ​ရာ​သို့ ယေ​ရု​ရှ​လင်​မြို့​မှ ပေး​လိုက်​သော​စာ​ဟူ​မူ​ကား၊


ယေ​ရ​မိ​ကို ထောင်​ဝင်း​ထဲ​က နုတ်​ယူ​ပြီး​လျှင်၊ သူ၏​နေ​ရာ​သို့​ပို့​ဆောင်​စေ​ခြင်း​ငှာ၊ ရှာ​ဖန်​သား​ဖြစ်​သော အ​ဟိ​ကံ၏​သား​ဂေ​ဒ​လိ၌ အပ်​ကြ၏။ သို့​ဖြစ်၍၊ ယေ​ရ​မိ​သည် ပြည်​သား​များ​နှင့်​အ​တူ နေ​ရ​လေ၏။


ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် ယု​ဒ​ပြည်၌ လူ​အ​ချို့​တို့​ကို​ကျန်​ကြွင်း​စေ၍၊ ရှာ​ဖန်၏​သား​ဖြစ်​သော အ​ဟိ​ကံ၏​သား​ဂေ​ဒ​လိ​ကို မင်း​အ​ရာ၌ ခန့်​ထား​ကြောင်း​ကို၊ မော​ဘ​ပြည်၊ အ​မ္မုန်​ပြည်၊ ဧ​ဒုံ​ပြည်​အ​စ​ရှိ​သော အ​တိုင်း​တိုင်း အ​ပြည်​ပြည်​တို့၌​ရှိ​သော ယု​ဒ​လူ​အ​ပေါင်း​တို့​သည် ကြား​သိ​ကြ​သော​အ​ခါ၊


ထို​အ​ခါ နာ​သ​နိ​သား ဣ​ရှ​မေ​လ​နှင့် ထို​လူ​တစ်​ကျိပ်​တို့​သည်​ထ၍၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​အ​ခွင့်​နှင့် ပြည်​အုပ်​လုပ်​သော ရှာ​ဖန်၏​သား​ဖြစ်​သော အ​ဟိ​ကံ၏​သား​ဂေ​ဒ​လိ​ကို ဓား​နှင့်​ခုတ်၍​သတ်​ကြ၏။


သူ​တို့​ရှေ့​မှာ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ ခု​နစ်​ကျိပ်​တို့​နှင့်​တ​ကွ၊ ယာ​ဇ​ညာ​သား​ရှာ​ဖန်​သည် သူ​တို့​အ​လယ်၌​ရပ်၍၊ ထို​သူ​အ​ပေါင်း​တို့​သည် အ​သီး​အ​သီး လင်​ပန်း​ကို​ကိုင်​လျက်၊ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ကြ​သ​ဖြင့်၊ မီး​ခိုး​သည် ထူ​ထပ်​စွာ​တက်​လေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ