Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၎ ဓမ္မ​ရာဇဝင် 1:6 - Judson Bible in Zawgyi Version

6 သူ​တို့​က၊ လူ​တစ်​ယောက်​သည် ကျွန်​တော်​တို့​ကို ကြို​ဆို​ခြင်း​ငှာ​လာ၍ သင်​တို့​ကို​စေ​လွှတ်​သော ရှင်​ဘု​ရင်​ထံ​သို့ ပြန်​ကြ။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရ​လ​ပြည်၌ ဘု​ရား​သ​ခင်​မ​ရှိ​သော​ကြောင့်၊ ဧ​ကြုန်​မြို့၏ ဘု​ရား​ဗာ​လ​ဇေ​ဗုပ်​သို့​သွား၍ မေး​မြန်း​ရ​သ​လော။ ထို​ကြောင့် သင်​သည် ယ​ခု​တက်​သော သ​လွန်​ပေါ်​က နောက်​တစ်​ဖန်​မ​ဆင်း​ရ။ စင်​စစ်​သေ​ရ​မည်​ဟု ပြော​ရ​မည်​အ​ကြောင်း မှာ​ထား​ပါ​သည်​ဟု လျှောက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

6 တမန်​တို့​က​လည်း “​လူ​တစ်​ယောက်​က အကျွန်ုပ်​တို့​ကို လာ​တွေ့​ပြီး ‘​သင်​တို့​ကို​စေလွှတ်​လိုက်​သော ရှင်ဘုရင်​ထံ​ပြန်သွား​၍ သူ့​အား ထာဝရဘုရား​က ဧကြုန်​ဘုရား​ဗာလဇေဗုပ်​ကို သွား​မေး​စေ​သည်​မှာ အစ္စရေး​ပြည်​၌ ဘုရားသခင် မ​ရှိ​သလော​။ ထို့ကြောင့် သင်​လဲလျောင်း​ရာ​သလွန်​မှ ပြန်ထ​ရ​မည်​မ​ဟုတ်​။ သင်​မုချ​သေ​ရ​မည်​ဟု မိန့်​တော်မူ​ကြောင်း ပြန်လျှောက်​လော့​’​ဟူ၍ ဆို​ပါ​၏​”​ဟု လျှောက်တင်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

6 ထို​သူ​တို့​က``လူ​တစ်​ယောက်​သည် အ​ကျွန်ုပ်​တို့​နှင့် လာ​ရောက်​တွေ့​ဆုံ​ပြီး​လျှင် ထာ​ဝရ​ဘု​ရား​သည် အ​ရှင့်​အား`ဣ​သ​ရေ​လ​ပြည်​တွင်​ဘု​ရား​မ​ရှိ သော​ကြောင့် ဧ​ကြုန်​ဘု​ရား​ထံ​သံ​တ​မန်​များ စေ​လွှတ်​၍​စုံ​စမ်း​မေး​မြန်း​ရ​သ​လော။ သင်​သည် သင်​၏​သ​လွန်​မှ​တစ်​ဖန်​ပြန်​၍​ထ​နိုင်​မည် မ​ဟုတ်။ သေ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​ကြောင်း အ​ရှင့်​ထံ​ပြန်​ကြား​လျှောက်​ထား​ရန် အ​ကျွန်ုပ် တို့​အား​ပြော​ကြား​သွား​ပါ​သည်'' ဟု​သံ တော်​ဦး​တင်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၎ ဓမ္မ​ရာဇဝင် 1:6
7 ပူးပေါင်းရင်းမြစ်များ  

ဩ​ဗ​ဒိ​သည် သွား​စဉ်​အ​ခါ၊ ဧ​လိ​ယ​သည် ဆီး၍​ကြို၏။ ဩ​ဗ​ဒိ​သည် ဧ​လိ​ယ​ကို​သိ၍ ပျပ်​ဝပ်​လျက်၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​သ​ခင်​ဧ​လိ​ယ မှန်​ပါ​သ​လော​ဟု မေး​လျှင်၊


သံ​တ​မန်​တို့​သည် ပြန်​လာ​သော​အ​ခါ ရှင်​ဘု​ရင်​က၊ အ​ဘယ်​ကြောင့် ယ​ခု​ပြန်​လာ​ကြ​သ​နည်း​ဟု​မေး​လျှင်၊


ရှင်​ဘု​ရင်​က​လည်း၊ သင်​တို့​ကို​ကြို​ဆို​ခြင်း​ငှာ လာ၍ ဤ​သို့​ပြော​သော​သူ​ကား အ​ဘယ်​သို့​သော​သူ​နည်း​ဟု မေး​လျှင်၊


အ​ခြား​သော​လမ်း​သို့ လိုက်​ပြေး​သော​သူ​တို့​သည် များ​စွာ​သော​ဆင်း​ရဲ​ဒု​က္ခ​ကို ခံ​ရ​ကြ​လိမ့်​မည်။ ငါ​သည် သူ​တို့​သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​အ​သွေး​ကို မ​လှူ​မ​ဆက်​လို။ သူ​တို့​ဘု​ရား၏​နာ​မ​ကို မ​မြွက်​လို။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ