Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ယောဟန် 1:7 - Judson Bible in Zawgyi Version

7 လူ​ဇာ​တိ​အား​ဖြင့် ကြွ​လာ​တော်​မူ​သော ယေ​ရှု​ခ​ရစ်​ကို ငြင်း​ပယ်​လျက်၊ လှည့်​ဖြား​သော​သူ​အ​များ​တို့​သည် လော​က​ထဲ​သို့​ဝင်​ကြ​ပြီ။ ထို​သို့​သော​သူ​သည် လှည့်​ဖြား​သော​သူ ဖြစ်၏။ အ​န္တိ​ခ​ရစ်​လည်း ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

7 အကြောင်းမူကား ယေရှု​ခရစ်တော်​သည် လူသား​အဖြစ်​ဖြင့်​ကြွလာ​တော်မူ​ခဲ့​သည်​ကို ဝန်​မ​ခံ​သော​သူ​ဖြစ်​သည့် လှည့်ဖြား​သော​သူ​များစွာ​တို့​သည် ဤ​လောက​၌​ပေါ်လာ​ကြ​ပြီ။ ထိုသို့​သော​သူ​သည် လှည့်ဖြား​သော​သူ​ဖြစ်​ပြီး ခရစ်တော်​ကို​ဆန့်ကျင်​အန်တု​သူ​လည်း​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

7 လူ့​ဇာ​တိ​ကို​ခံ​ယူ​၍​သ​ခင်​ယေ​ရှု​ကြွ​လာ တော်​မူ​သည်​ကို​လက်​မ​ခံ​ဘဲ လှည့်​ဖြား​သော သူ​အ​များ​ပင်​ကမ္ဘာ​လော​က​ထဲ​သို့​ရောက်​ရှိ​နေ လေ​ပြီ။ ထို​သို့​သော​သူ​သည်​လှည့်​ဖြား​သော​သူ၊ ခ​ရစ်​တော်​၏​ရန်​သူ​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ယောဟန် 1:7
8 ပူးပေါင်းရင်းမြစ်များ  

နှုတ်​က​ပတ်​တော်​သည်​လည်း လူ​ဇာ​တိ​အ​ဖြစ်​ကို​ခံ​ယူ၍၊ ကျေး​ဇူး​တော်​နှင့်​လည်း​ကောင်း၊ သ​စ္စာ​တော်​နှင့်​လည်း​ကောင်း ပြည့်​စုံ​လျက် ငါ​တို့​တွင် တည်​နေ​တော်​မူ​သည်​ဖြစ်၍၊ ခ​မည်း​တော်၌ တစ်​ပါး​တည်း​သော​သား​တော်၏ ဘုန်း​ကဲ့​သို့ သူ၏​ဘုန်း​တော်​ကို ငါ​တို့​သည် မြင်​ရ​ကြ​ပြီ။-


မှန်​သော​ကိုး​ကွယ်​ခြင်း၏ နက်​နဲ​သော​အ​ရာ​သည် ကြီး​စွာ​သော​အ​ရာ​ဖြစ်​သည်​ဟု ငြင်း​ခုံ​ရန်​မ​ရှိ။ ဘု​ရား​သ​ခင်​သည် ကိုယ်​ခ​န္ဓာ၌ ပေါ်​ထွန်း​တော်​မူ​ပြီ။ ဟုတ်​မှန်​တော်​မူ​ခြင်း​အ​ကြောင်း​သည် ဝိ​ညာဉ်​တော်​အား​ဖြင့် ထင်​ရှား​ပြီ။ ကောင်း​ကင်​တ​မန်​တို့​သည် ကိုယ်​တော်​ကို ရှု​မြင်​ရ​ကြ​ပြီ။ တစ်​ပါး​အ​မျိုး​သား​တို့​သည် သ​တင်း​တော်​ကို ကြား​ရ​ကြ​ပြီ။ လော​ကီ​သား​တို့​သည် ယုံ​ကြည်​ရ​ကြ​ပြီ။ ဘုန်း​အ​သ​ရေ​နှင့်​တ​ကွ အ​ထက်​သို့ ဆောင်​ယူ​ခြင်း​ကို ခံ​တော်​မူ​ပြီ။


သင်​တို့​ကို လှည့်​ဖြား​သော​သူ​တို့၏​အ​ကြောင်း​ကို ဤ​သို့ သင်​တို့​အား ငါ​ရေး၍​ပေး​လိုက်၏။-


ပ​ထ​မ​သား​ရဲ​ရှေ့၌ ပြ​ပိုင်​သော နိ​မိတ်​လ​က္ခ​ဏာ​တို့​အား​ဖြင့် မြေ​ကြီး​သား​တို့​ကို လှည့်​ဖြား၏။ ဓား​နှင့် ခုတ်​သော​ဒဏ်​ချက်​ကို ခံ​ရ၍ အ​သက်​ရှင်​သေး​သော သား​ရဲ၏ ရုပ်​တု​ကို လုပ်​စေ​ခြင်း​ငှာ မြေ​ကြီး​သား​တို့​ကို မှာ​ထား၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ