Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ကောရိန်သု 9:12 - Judson Bible in Zawgyi Version

12 အ​ဘယ်​သို့​နည်း ဟူ​မူ​ကား၊ ဤ​လုပ်​ကျွေး​ခြင်း​အ​မှု​သည် သန့်​ရှင်း​သူ​တို့၏ ဆင်း​ရဲ​ခြင်း​ကို မ​စ​သည်​သာ​မ​က၊ ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​စ​ရာ​အ​ကြောင်း အ​များ​နှင့် ပြည့်​စုံ​လျက်​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

12 အဘယ်ကြောင့်​ဆိုသော် ဤ​ကူညီ​ထောက်မ​ခြင်း​အမှု​သည် သန့်ရှင်း​သူ​တို့​လိုအပ်သည့်​အရာ​များ​ကို ဖြည့်ဆည်း​ပေး​သည်​သာမက ဘုရားသခင်​၏​ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​ကို​လည်း များစွာ​တိုးပွား​စေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

12 သင်​တို့​သည်​ဤ​ကောင်း​မှု​အား​ဖြင့်​ဘု​ရား သ​ခင်​၏​လူ​စု​တော်​အား​ချို့​တဲ့​နေ​စဉ်​ကူ​ညီ မ​စ​သည်​သာ​မ​က၊ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​ကို​ချီး​မွမ်း​သံ​ကို​လည်း​တ​ခဲ​နက်​ထွက် ပေါ်​လာ​စေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကောရိန်သု 9:12
10 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​သည်​ကူ​ညီ၍ ငါ​တို့​အ​ဖို့ ဆု​တောင်း​လျှင်၊ နောက်၌​လည်း ကယ်​လွှတ်​တော်​မူ​လ​တ္တံ့​ဟု ငါ​တို့​သည် ယုံ​ကြည်​မျှော်​လင့်​ခြင်း​ရှိ၏၊ ထို​သို့​ဖြစ်​လျှင် အ​များ​သော​သူ​တို့​သည် ကူ​ညီ​သော​အား​ဖြင့် ငါ​တို့၌ ရောက်​သော ကျေး​ဇူး​ကို အ​များ​သော​သူ​တို့​သည်​ထောက်၍ ငါ​တို့​အ​တွက် ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လိမ့်​မည်။


အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ခ​ရစ်​တော်​ကြောင့် ငါ​တို့​ခံ​ရ​သော ဆင်း​ရဲ​ခြင်း​သည် အ​လွန်​များ​ပြား​သည်​နည်း​တူ၊ ခ​ရစ်​တော်၏ ကျေး​ဇူး​အား​ဖြင့် ငါ​တို့​ခံ​ရ​သော သက်​သာ​ခြင်း​သည် အ​လွန်​များ​ပြား၏။-


သူ​တို့​အ​လှူ​ဒါ​န​ကို ငါ​တို့​သည်​ယူ၍ သူ​တို့​နှင့် ကူ​ညီ​လျက်၊ သန့်​ရှင်း​သူ​တို့​အား လုပ်​ကျွေး​ခြင်း​အ​မှု​ကို ဆောင်​ရွက်​မည်​အ​ကြောင်း၊ သူ​တို့​သည် တိုက်​တွန်း​သွေး​ဆောင်​သော စ​ကား​များ​အား​ဖြင့် ငါ​တို့​ကို တောင်း​ပန်​ကြ၏။-


သန့်​ရှင်း​သူ​တို့​ကို လုပ်​ကျွေး​ခြင်၏ အ​မှု​အ​ရာ​များ​ကို သင်​တို့​အား ငါ​ရေး၍​ကြား​လိုက်​သော် အ​ကျိုး​မ​ရှိ။-


သို့​သော်​လည်း ဆောင်​ရွက်​ခြင်း၊ စစ်​တိုက်​ခြင်း​အ​မှု၌ ငါ၏​အ​ပေါင်း​အ​ဖော်၊ ငါ့​ကို​ပြု​စု​သော သူ​တည်း​ဟူ​သော သင်​တို့​တ​မန်၊ ငါ့​ညီ ဧ​ပ​ဖြော​ဒိတ်​ကို သင်​တို့​ရှိ​ရာ​သို့ ယ​ခု​စေ​လွှတ်​သင့်​သည်​ဟု ငါ​ထင်​မှတ်၏။-


အ​ကြင်​သူ​သည် လော​ကီ​စည်း​စိမ်​ဥ​စ္စာ ရှိ​လျက်​ပင်၊ မိ​မိ​ညီ​အစ်​ကို​ဆင်း​ရဲ​ခြင်း​ကို မြင်၍၊ သ​နား​ခြင်း က​ရု​ဏာ​စိတ်​ကို ချုပ်​တည်း၏။ ထို​သူ၌ ဘု​ရား​သ​ခင်၏ မေ​တ္တာ​တော်​သည် အ​ဘယ်​သို့ တည်​မည်​နည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ