Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ကောရိန်သု 13:10 - Judson Bible in Zawgyi Version

10 ထို​ကြောင့် ပယ်​ရှင်း​ဖျက်​ဆီး​ခြင်း​အ​လို​ငှာ မ​ဟုတ်၊ တည်​ဆောက်​ခြင်း​အ​လို​ငှာ သ​ခင်​ဘု​ရား​သည် ငါ၌ အပ်​ပေး​တော်​မူ​သော တန်​ခိုး​ရှိ​သည်​အ​တိုင်း ငါ​သည် ရောက်​လာ​သော​အ​ခါ ပြင်း​စွာ​သော​ဒဏ်​ကို မ​ပေး​လို၍၊ ယ​ခု​သင်​တို့​နှင့် ကွာ​ဝေး​သေး​သည်​ကာ​လ ဤ​သို့ ငါ​ရေး​လိုက်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

10 ဤ​အကြောင်း​ကြောင့် ဖြိုဖျက်​ရန်​အတွက်​မ​ဟုတ်​ဘဲ တည်ဆောက်​ရန်​အတွက် ငါ့​အား သခင်​ဘုရား​ပေး​တော်မူ​သော​အခွင့်​အာဏာ​ကို ငါ​ရောက်လာ​သောအခါ ပြင်းထန်​စွာ​အသုံး​မ​ချ​ရ​ရန် ငါ​သည် သင်​တို့​နှင့်​ကွဲကွာ​နေ​စဉ် ဤ​အကြောင်းအရာ​များ​ကို ရေး​လိုက်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

10 သင်​တို့​နှင့်​ဝေး​ကွာ​သည်​ကာ​လ​ဤ​စာ​ကို​ရေး​ရ ခြင်း​မှာ​ငါ​လာ​သော​အ​ခါ သ​ခင်​ဘု​ရား​ငါ့​အား ပေး​တော်​မူ​သည့်​အ​ခွင့်​အာ​ဏာ​ကို​ပြင်း​ပြင်း​ထန် ထန်​အ​သုံး​မ​ပြု​ရ​စေ​ရန်​ပင်​ဖြစ်​ပေ​သည်။ ထို​အ​ခွင့် အာ​ဏာ​သည်​သင်​တို့​အား​ပြု​စု​ပျိုး​ထောင်​ပေး​ရန် အ​တွက်​ဖြစ်​၏။ ဖြို​ဖျက်​ပစ်​ရန်​အ​တွက်​မ​ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကောရိန်သု 13:10
11 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​သည် အ​ဘယ်​သို့ အ​လို​ရှိ​သ​နည်း။ ငါ​သည်​နှင်​တံ​နှင့် သင်​တို့​ဆီ​သို့​လာ​ရ​မည်​လော။ သို့​မ​ဟုတ် မေ​တ္တာ​နှင့် လည်း​ကောင်း၊ နူး​ညံ့​သိမ်​မွေ့​သော စိတ်​နှင့်​လည်း​ကောင်း၊ လာ​ရ​မည်​လော။


စီ​ရင်​ချက်​ဟူ​မူ​ကား၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ အ​ခွင့်​အား​ဖြင့် သင်​တို့​သည် ငါ့​ဝိ​ညာဉ်​နှင့်​အ​တူ စည်း​ဝေး​ပြီး​မှ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ တန်​ခိုး​တော်​ကို အ​မှီ​ပြု၍၊-


ငါ​တို့​သည် ဇာ​တိ​ပ​က​တိ​အ​လို​သို့​လိုက်၍ ကျင့်​သော​သူ ဖြစ်​ကြ​သည်​ဟု ထင်​မှတ်​သော​သူ​တို့​အား၊ ငါ​ကြံ​စည်​သော ရဲ​ရင့်​ခြင်း​အ​တိုင်း သင်​တို့​ဆီ​သို့ ရောက်​လာ​သော​အ​ခါ၊ ထို​မျှ​လောက်​ရဲ​ရင့်​ခြင်း မ​ရှိ​မည်​အ​ကြောင်း ငါ​တောင်း​ပန်​ပါ၏။-


ငါ​တို့​စစ်​တိုက်၍ သုံး​စွဲ​သော လက်​နက်​သည် ဇာ​တိ​ပ​က​တိ​လက်​နက် မ​ဟုတ်။ ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​အား​ဖြင့် မြို့​ရိုး​မြို့​ပြ​တို့​ကို ဖြို​ဖျက်​နိုင်​သော​လက်​နက် ဖြစ်၏။-


သင်​တို့​ကို ပယ်​ရှင်း​ဖျက်​ဆီး​ခြင်း​အ​လို​ငှာ မ​ဟုတ်။ တည်​ဆောက်​ခြင်း​အ​လို​ငှာ သ​ခင်​ဘု​ရား​သည် ငါ​တို့၌ အပ်​ပေး​တော်​မူ​သော တန်​ခိုး​ကို ငါ​သည်​သာ၍ ဝါ​ကြွား​သော်​လည်း၊ ရှက်​ကြောက်​စ​ရာ​အ​ကြောင်း မ​ရှိ၊-


တစ်​ဖန် ငါ​ရောက်​လာ​လျှင် သင်​တို့​ကို​မ​သ​နား​ရ​ဟု ပြစ်​မှား​သော​သူ​မှ​စ၍ ကြွင်း​သော​သူ​အ​ပေါင်း​တို့​အား အ​ထက်​က ငါ​ပြော​သည်​သာ​မ​က၊ ယ​ခု​ပင်​သင်​တို့​နှင့်​အ​တူ မ​ရှိ​သော်​လည်း၊ တစ်​ဖန် ရှိ​ဘိ​သ​ကဲ့​သို့ ငါ​ပြော​နှင့်၏။-


ငါ​တို့​သည် သ​မ္မာ​တ​ရား​ကို ဆီး​တား​ခြင်း​ငှာ အ​လျှင်း​မ​တတ်​နိုင်​ကြ။-


ငါ​ဝမ်း​မြောက်​ခြင်း၏ အ​ကြောင်း​သည် သင်​တို့​ရှိ​သ​မျှ၏ ဝမ်း​မြောက်​ခြင်း​အ​ကြောင်း​ဖြစ်​သည်​ကို ငါ​သ​ဘော​ကျ​သည်​ဖြစ်၍၊ ငါ​ရောက်​သော​အ​ခါ ငါ့​ကို ဝမ်း​မြောက်​စေ​အပ်​သော​သူ​တို့​သည် ဝမ်း​နည်း​ခြင်း အ​ကြောင်း​ကို မ​ပြု​စေ​ခြင်း​ငှာ၊ အ​ထက်​စာ​ကို ငါ​ရေး၍ ပေး​လိုက်၏။-


စိတ်​နှ​လုံး​စင်​ကြယ်​ခြင်း၊ ပ​ညာ​ရှိ​ခြင်း၊ စိတ်​ရှည်​ခြင်း၊ ကျေး​ဇူး​ပြု​ခြင်း၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ကို​ခံ​ခြင်း၊ ချစ်​ယောင်​မ​ဆောင် အ​မှန်​ချစ်​ခြင်း၊-


ဤ​သက်​သေ မှန်၏။ ထို​ကြောင့်၊ သူ​တို့​သည် ယု​ဒ​ဒ​ဏ္ဏာ​ရီ​စ​ကား​ကို​လည်း​ကောင်း၊ သ​မ္မာ​တ​ရား​ကို​စွန့်​သော လူ​တို့၏ ပ​ညတ်​တို့​ကို​လည်း​ကောင်း၊ အ​မှု​မ​ထား​ဘဲ ယုံ​ကြည်​ခြင်း​အ​မှု၌ စင်​ကြယ်​စေ​ခြင်း​ငှာ၊ သူ​တို့​ကို ကျပ်​တည်း​စွာ ဆုံး​မ​ပြစ်​တင်​လော့။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ