Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ကောရိန်သု 12:16 - Judson Bible in Zawgyi Version

16 သင်​တို့​ကို ငါ​မ​နှောင့်​ယှက်​သည် မှန်​စေ​တော့။ သို့​သော်​လည်း၊ လိ​မ္မာ​သော​သူ​ဖြစ်၍ ပ​ရိ​ယာယ်​အား​ဖြင့် သင်​တို့​ကို​ဖမ်း​ဆီး​ပြီ​ဟု​ဆို​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

16 ငါ​သည် သင်​တို့​အတွက် ဝန်ထုပ်ဝန်ပိုး​မ​ဖြစ်​ခဲ့​သော်လည်း ပါးနပ်​သော​သူ​ဖြစ်​၍ ပရိယာယ်​အားဖြင့် သင်​တို့​ထံမှ ရယူ​ခဲ့​သည်​ဟု​ဆို​ကြ​လျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

16 ငါ​သည်​သင်​တို့​အား​ဝန်​မ​လေး​စေ​ခဲ့​ကြောင်း ကို​သင်​တို့​ဝန်​ခံ​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​ငါ​သည် ပ​ရိ​ယာယ်​ဖြင့်​သင်​တို့​အား​လိမ်​လည်​လှည့်​စား ခဲ့​သည်​ဟု​တစ်​စုံ​တစ်​ယောက်​က​စွပ်​စွဲ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကောရိန်သု 12:16
11 ပူးပေါင်းရင်းမြစ်များ  

ငါ​တို့​ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း အ​ကြောင်း​ဟူ​မူ​ကား၊ လော​ကီ​ပ​ညာ​ကို အ​မှီ​မ​ပြု၊ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို အ​မှီ​ပြု၍ လျစ်​လျူ​သော​စိတ်​နှင့်​လည်း​ကောင်း၊ ဘု​ရား​သ​ခင် အ​လို​တော်​ရှိ​သော ကြည်​ဖြူ​ခြင်း​နှင့်​လည်း​ကောင်း၊ ငါ​တို့​သည် ဤ​လော​က၌ ကျင့်​ကြံ​ပြု​မူ၍ သင်​တို့​ဆီ​မှာ​လည်း ထို​သို့​အ​ထူး​သ​ဖြင့် ကျင့်​ကြံ​ပြု​မူ​သည်​ဟု ကိုယ်​ကို​ကိုယ်​သိ​သော စိတ်​သည် သက်​သေ​ခံ​သ​တည်း။-


သူ​တစ်​ပါး​သည် သင်​တို့​ကို ကျွန်​ခံ​စေ​ခြင်း၊ ရောင်း၍​စား​ခြင်း၊ ဥ​စ္စာ​ကို​လု​ယူ​ခြင်း၊ ရန်​တွေ့​ခြင်း၊ ပါး​ပုတ်​ခြင်း​ကို​ပြု​လျှင် သင်​တို့​သည် သည်း​ခံ​ကြ၏။-


ငါ​သည်​သင်​တို့​ကို မ​နှောင့်​ယှက်​သော အ​ရာ​တစ်​ခု​ကို ထား​လျှင်၊ သင်​တို့​သည် အ​ခြား​သော အ​သင်း​တော်​ထက် အ​ဘယ်​သို့​ယုတ်​ညံ့​သ​နည်း။ ထို​သို့ ငါ​ပြစ်​မှား​သော​အ​ပြစ်​ကို သည်း​ခံ​ကြ​လော့။-


ဆိတ်​ကွယ်​ရာ​အ​ရပ်၌​ပြု​သော ရှက်​ဖွယ်​သော အ​မှု​များ​ကို​ပယ်​ကြ၏။ ပ​ရိ​ယာယ်​ကို​မ​သုံး၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ထိမ်​ဝှက်​မှောက်​လှန်​ခြင်း မ​ရှိ။ သ​မ္မာ​တ​ရား​ကို အ​တည့်​အ​လင်း ဖော်​ပြ၍၊ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ လူ​အ​ပေါင်း​တို့၏ စိတ်​အ​ထင်​အ​တိုင်း ချီး​မွမ်း​ဖွယ်​သော အ​ကျင့်​ဓ​လေ့​ကို ကျင့်​ကြ၏။-


အ​သ​ရေ​ထင်​ရှား​ခြင်း​နှင့် ရှုတ်​ချ​ခြင်း၊ ချီး​မွမ်း​ခြင်း​နှင့် ကဲ့​ရဲ့​ခြင်း​ကို ခံ​သ​ဖြင့်​လည်း​ကောင်း၊ လှည့်​စား​သော​သူ​ကဲ့​သို့ ဖြစ်​သော်​လည်း၊ ဟုတ်​မှန်​သော​သူ၊-


ငါ​တို့​ကို လက်​ခံ​ကြ​လော့။ ငါ​တို့​သည် အ​ဘယ်​သူ​ကို​မျှ မ​ပြစ်​မှား။ အ​ဘယ်​သူ​ကို​မျှ မ​ယို​ယွင်း​စေ၊ အ​ဘယ်​သူ၏​ဥ​စ္စာ​ကို​မျှ ပ​ရိ​ယာယ်​အား​ဖြင့် မ​ယူ။-


ငါ​တို့​သည် မှား​ယွင်း​ခြင်း၊ ညစ်​ညူး​ခြင်း၊ လှည့်​ဖြား​ခြင်း​အား​ဖြင့် သင်​တို့​ကို တိုက်​တွန်း​သွေး​ဆောင်​ကြ​သည် မ​ဟုတ်။-


အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သင်​တို့​သိ​ကြ​သည်​နှင့်​အ​ညီ၊ ငါ​တို့​သည် ချော့​မော့​သော​စ​ကား​ကို တစ်​ခါ​မျှ​မ​သုံး၊ ဝှက်​ထား​သော လော​ဘ​စိတ်​အ​လျှင်း​မ​ရှိ​ကြောင်း​ကို ဘု​ရား​သ​ခင်​သည် ငါ​တို့​သက်​သေ ဖြစ်​တော်​မူ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ