၂ ကောရိန်သု 11:4 - Judson Bible in Zawgyi Version4 သင်တို့ရှိရာသို့ ရောက်လာသောသူသည် ငါတို့ မဟောမပြောသေးသော ယေရှုတစ်ပါးကို ဟောပြောသော်လည်းကောင်း၊ သင်တို့သည် မခံရသေးသော ဝိညာဉ်တော်တစ်ပါးကို ခံရသော်လည်းကောင်း၊ နားမထောင်သေးသော ဧဝံဂေလိတရားစကားကို နားထောင်သော်လည်းကောင်း၊ ထိုသူကို သည်းခံကောင်း၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်4 အကြောင်းမူကား တစ်စုံတစ်ယောက်သောသူသည်လာ၍ ငါတို့မဟောပြောခဲ့သည့် အခြားသောယေရှုအကြောင်းကို ဟောပြောလျှင်ဖြစ်စေ၊ သင်တို့မရရှိဖူးသော အခြားဝိညာဉ်ကို သင်တို့ရရှိလျှင်ဖြစ်စေ၊ သင်တို့မခံယူခဲ့သော အခြားကောင်းမြတ်သောသတင်းကို သင်တို့ခံယူလျှင်ဖြစ်စေ သင်တို့သည် ကောင်းစွာသည်းခံနေကြ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version4 လူတစ်စုံတစ်ယောက်သည်သင်တို့ထံရောက်လာ၍ ငါတို့မကြေညာဘူးသည့်အခြားတစ်ပါးသော ယေရှု၏အကြောင်းကိုဟောပြောကြေညာသော အခါ သင်တို့သည်ဝမ်းမြောက်စွာလက်ခံခွင့်ပြု ကြ၏။ သင်တို့သည်ငါတို့ထံမှကြားသိရသည့် သတင်းကောင်းနှင့်လုံးဝမတူသည့်သတင်း ကောင်းကိုလည်းကောင်း၊ ယခင်ကခံယူရရှိ သည့်ဝိညာဉ်တော်နှင့်လုံးဝကွဲပြားခြားနား သည့်ဝိညာဉ်ကိုလည်းကောင်းလက်ခံကြ၏။ အခန်းကိုကြည့်ပါ။ |
ခြားနားသော အယူဝါဒသစ်ကို မသွန်သင်ကြနှင့် ဟူ၍လည်းကောင်း၊ ဒဏ္ဍာရီစကားကို နားမထောင်ကြနှင့် ဟူ၍လည်းကောင်း၊ ယုံကြည်ခြင်း၌တည်သော ဘုရားသခင်၏ သာသနာတော်ကို ပြုစုသည်ထက်၊ အချင်းချင်းငြင်းခုံခြင်းကိုသာ၍ ပြုစုတတ်သော၊ ပြင်ဆင်၍ မကုန်နိုင်သော ဆွေစဉ်မျိုးဆက်စာရင်းများကို ပမာဏမပြုကြနှင့် ဟူ၍လည်းကောင်း၊ သင်သည် အချို့သော သူတို့ကို ပညတ်ထား၍၊ ဧဖက်မြို့၌ နေရစ်စေခြင်းငှာ၊ ငါသည် မာကေဒေါနိပြည်သို့ သွားသောအခါ၊ တောင်းပန်သည်အတိုင်း နေရစ်လော့။