Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ကောရိန်သု 11:25 - Judson Bible in Zawgyi Version

25 သုံး​ကြိမ်​မြောက်​အောင် ကြိမ်​လုံး​နှင့် ရိုက်​ခြင်း​ကို​လည်း​ကောင်း၊ တစ်​ကြိမ် ခဲ​နှင့် ပစ်​ခြင်း​ကို​လည်း​ကောင်း ငါ​ခံ​ရ​ပြီ။ သုံး​ကြိမ်​မြောက်​အောင် သင်္ဘော​ပျက်​ခြင်း​ကို ခံ​ရ​ပြီ။ တစ်​နေ့​နှင့် တစ်​ည​ပတ်​လုံး ပင်​လယ်​ထဲ​မှာ နေ​ရ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

25 ကြိမ်လုံး​နှင့်​ရိုက်နှက်​ခြင်း​ကို သုံး​ကြိမ်၊ ခဲ​နှင့်​ပေါက်​ခြင်း​ကို တစ်ကြိမ် ခံ​ခဲ့​ရ​၏။ သင်္ဘော​ပျက်စီး​ရာ​၌ သုံး​ကြိမ်​ပါ​၍ ပင်လယ်​ပြင်​တွင် တစ်နေ့​နှင့်​တစ်ည မျော​ခဲ့​ရ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

25 ရော​မ​အ​မျိုး​သား​တို့​ထံ​၌​ငါ​သည်​သုံး​ကြိမ် တိုင်​တိုင်​ကြိမ်​ဒဏ်​ခံ​ခဲ့​ရ​သည်။ ခဲ​နှင့်​အ​ပေါက် ခံ​ရ​သည်​မှာ​တစ်​ကြိမ်၊ သင်္ဘော​ပျက်​သည်​မှာ သုံး​ကြိမ်​ဖြစ်​၏။ ပင်​လယ်​ပြင်​တွင်​နှစ်​ဆယ့် လေး​နာ​ရီ​မျော​ခဲ့​ရ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကောရိန်သု 11:25
12 ပူးပေါင်းရင်းမြစ်များ  

လူ​သား​အား ပြက်​ရယ်​ပြု​ခြင်း၊ ရိုက်​ပုတ်​ခြင်း၊ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ခြင်း​ကို ပြု​စေ​ခြင်း​ငှာ တစ်​ပါး​အ​မျိုး​သား​တို့ လက်​သို့ အပ်​နှံ​ကြ​လိမ့်​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။


ထို​သူ​တို့​သည် ငယ်​သား​များ​ကို ဖမ်း​ပြီး​လျှင် တစ်​ဦး​ကို​ရိုက်၍၊ တစ်​ဦး​ကို​သတ်၍၊ တစ်​ဦး​ကို ခဲ​နှင့် ပစ်​ကြ၏။-


ထို​အ​ခါ ယု​ဒ​လူ​တို့​သည် အ​န္တိ​အုတ်​မြို့၊ ဣ​ကော​နိ​မြို့​မှ​လာ​ကြ၍ လူ​အ​စု​အ​ဝေး​တို့​ကို ညှိ​ညွတ်​တိုင်​ပင်​ပြီး​လျှင်၊ ပေါ​လု​ကို ကျောက်​ခဲ​နှင့်​ပစ်၍ သေ​ပြီ​ဟု စိတ်​ထင်​နှင့် မြို့​ပြင်​သို့ ဆွဲ​ငင်​ကြ၏။-


မင်း​အ​ရာ​ရှိ​တို့​နှင့် ယု​ဒ​အ​မျိုး​သား၊ တစ်​ပါး​အ​မျိုး​သား​တို့​သည် တ​မန်​တော်​တို့​ကို ညှဉ်း​ဆဲ၍ ကျောက်​ခဲ​နှင့်​ပစ်​မည်​ဟု တစ်​ဟုန်​တည်း ပြေး​လာ​ကြ​သည်​အ​ကြောင်း​ကို၊-


ထို​ည၊ ထို​အ​ချိန်​နာ​ရီ၌​ပင်၊ ထောင်​မှူး​သည် ပေါ​လု​နှင့် သိ​လ​တို့​ကို​ယူ၍ ဒဏ်​ချက်​ရာ​များ​ကို ဆေး​ကြော​ပြီး​လျှင်၊ မိ​မိ​လူ​အ​ပေါင်း​တို့​နှင့်​တ​ကွ ဗ​တ္တိ​ဇံ​ကို ချက်​ခြင်း​ခံ​လေ၏။-


ပေါ​လု​က၊ ရော​မ​လူ​ဖြစ်​သော ငါ​တို့​ကို ဓ​မ္မ​သတ်​အ​တိုင်း မ​စီ​ရင်​ဘဲ​လျက်၊ စစ်​ကဲ​တို့​သည် ထင်​ရှား​စွာ​ရိုက်၍ ထောင်​ထဲ​မှာ လှောင်​ထား​ပြီး​မှ၊ တိတ်​ဆိတ်​စွာ​နှင့် ထုတ်​ကြ​မည်​လော။ ထို​သို့​မ​ပြု​သင့်။ ကိုယ်​တိုင်​လာ၍ ငါ​တို့​ကို နုတ်​ယူ​ကြ​စေ​ဟု ရုံး​လု​လင်​တို့​အား ပြော​ဆို၏။-


ပေါ​လု​ကို အ​ဘယ်​ကြောင့် ထို​သို့​အော်​ဟစ်​ကြ​သည်​ကို စစ်​သူ​ကြီး​သည် သိ​လို၍၊ ပေါ​လု​ကို ရဲ​တိုက်​ထဲ​သို့​သွင်း​စေ။ ရိုက်၍ စစ်​ကြော​စေ​ဟု စီ​ရင်​လေ၏။-


ထို​ယုံ​ကြည်​ခြင်း​မှ စ​သည်​တို့​ကို အ​ချို့​သော​သူ​တို့​သည် ပယ်​ပြီး​လျှင်၊ ယုံ​ကြည်​ခြင်း​သင်္ဘော​ပျက်၍ ဆုံး​ရှုံး​ကြ​ပြီ။-


ကျောက်​ခဲ​နှင့် ပစ်​ခြင်း၊ လွှ​နှင့် အ​ပိုင်း​ပိုင်း​တိုက်​ဖြတ်​ခြင်း၊ စုံ​စမ်း​နှောင့်​ယှက်​ခြင်း၊ ဓား​လက်​နက်​နှင့် ကွပ်​မျက်​ခြင်း​ကို ခံ​ရ​ကြ၏။ အ​လွန်​ဆင်း​ရဲ​လျက် ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​ကို ခံ​လျက်၊ သိုး​ရေ၊ ဆိတ်​ရေ​ကို​ဝတ်၍ လှည့်​လည်​ရ​ကြ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ