၂ ကောရိန်သု 1:3 - Judson Bible in Zawgyi Version3 သနားခြင်းကရုဏာ၏အဘ၊ သက်သာခြင်း အမျိုးမျိုးတို့၏အရှင်တည်းဟူသော ငါတို့ သခင်ယေရှုခရစ်၏ ခမည်းတော် ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေတည်း။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်3 ငါတို့သခင်ယေရှုခရစ်တော်၏ခမည်းတော်ဘုရားသခင်၊ သက်ညှာခြင်းနှင့်ပြည့်စုံတော်မူသောအဖတည်းဟူသော နှစ်သိမ့်ခြင်းအလုံးစုံတို့ကိုပေးတော်မူသောဘုရားသခင်သည် မင်္ဂလာရှိပါစေသော။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version3 နှစ်သိမ့်မှု၏အရှင်၊ ကရုဏာတော်နှင့်ပြည့်စုံ ကြွယ်ဝတော်မူသောအဖ၊ ငါတို့၏အရှင် ယေရှုခရစ်၏ခမည်းတော်ဘုရားသခင်၏ ဂုဏ်ကျေးဇူးတော်ကိုငါတို့ချီးမွမ်းကြ ကုန်စို့။- အခန်းကိုကြည့်ပါ။ |
တစ်ဖန် လေဝိသား ယောရှု၊ ကပ်မျေလ၊ ဗာနိ၊ ဟာရှဗနိ၊ ရှေရဘိ၊ ဟောဒိယ၊ ရှေဗနိ၊ ပေသဟိတို့က ထကြလော့။ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် အစဉ်အမြဲ မင်္ဂလာရှိတော်မူစေသတည်းဟု ကောင်းချီးပေးကြလော့။ ကောင်းချီးပေးခြင်း၊ ချီးမွမ်းခြင်းအမျိုးမျိုးထက် ကြီးမြင့်၍ ဘုန်းကြီးသော ကိုယ်တော်၏နာမသည် မင်္ဂလာရှိပါစေသတည်း။
ယေရှုကလည်း၊ ငါ့ကိုမဖက်နှင့်ဦး။ ငါသည် ငါ့ခမည်းတော်ထံသို့ မတက်ရသေး။ ငါ့ညီတို့ရှိရာသို့ သွားလော့။ ငါ၏ခမည်းတော်တည်းဟူသော သင်တို့၏ခမည်းတော်၊ ငါ၏ဘုရားသခင်တည်းဟူသော သင်တို့၏ ဘုရားသခင့်ထံတော်သို့ ငါတက်ရမည်အကြောင်းအရာကို ကြားပြောလော့ဟု မိန့်တော်မူသည်နှင့်အညီ၊-
သင်တို့သည် ယေရှုခရစ်ကိုယုံကြည်၍၊ သန့်ရှင်းသူအပေါင်းတို့ကို ချစ်ကြသည်ဟု ငါတို့သည် ကြားသဖြင့်လည်းကောင်း၊ သမ္မာတရားတည်းဟူသော ဧဝံဂေလိတရားကို သင်တို့သည် အထက်က ကြားသိကြသည်အတိုင်း၊ သင်တို့အဖို့ ကောင်းကင်ဘုံ၌ သိုထားသော မျှော်လင့်ရာကို ထောက်သဖြင့်လည်းကောင်း၊ သင်တို့အဖို့ အစဉ်မပြတ်ဆုတောင်း၍၊-
အသက်ရှင်ခြင်းနှင့်စပ်ဆိုင်သော မျှော်လင့်ခြင်းအကြောင်းရှိစေခြင်းငှာ၊ ဖောက်ပြန်ခြင်း၊ ညစ်စွန်းခြင်း၊ ညှိုးနွမ်းခြင်းနှင့်ကင်းစင်သော အမွေတော်ကို ငါတို့သည် ခံရစေမည်အကြောင်း၊ ယေရှုခရစ်ကို သေခြင်းမှ ထမြောက်စေတော်မူသောအားဖြင့်၊ ကြီးစွာသော ကရုဏာတော်နှင့်အညီ ငါတို့ကို တစ်ဖန် ဖြစ်ဖွားစေတော်မူသော၊ ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော် ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။-