Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ တိမောသေ 1:8 - Judson Bible in Zawgyi Version

8-10 ပ​ညတ်​တ​ရား​ကို တ​ရား​သ​ဖြင့် ကျင့်​သော​သူ​အ​ဖို့ မ​ထား၊ မ​တ​ရား​သ​ဖြင့် ကျင့်​သော​သူ၊ နား​မ​ထောင်​သော​သူ၊ ဘု​ရား​ကို မ​ကိုး​ကွယ်​သော​သူ၊ အ​ပြစ်​ထင်​ရှား​သော​သူ၊ မ​သန့်​ရှင်း​သော​သူ၊ ဘု​ရား​တ​ရား​ကို မ​ရို​မ​သေ​ပြု​သော​သူ၊ မိ​ဘ​ကို​ညှဉ်း​ဆဲ​သော​သူ၊ လူ​အ​သက်​ကို သတ်​သော​သူ၊ မ​တ​ရား​သော​မေ​ထုန်၌ မှီ​ဝဲ​သော​သူ၊ ယောက်ျား​ချင်း မေ​ထုန်​ကို​ပြု​သော​သူ၊ လူ​ကို ခိုး​သွား​သော​သူ၊ မု​သား​စ​ကား​ကို သုံး​သော​သူ၊ မ​ဟုတ်​မ​မှန်​ဘဲ ကျိန်​ဆို​သော​သူ​မှ​စ၍၊ စင်​ကြယ်​သော​ဩ​ဝါ​ဒ​နှင့် ဆန့်​ကျင်​ဘက်​ဖြစ်​သ​မျှ​တို့​အ​ဖို့ ပ​ညတ်​တ​ရား​ကို ထား​သည်​ဟု သိ​မှတ်၍၊ ထို​တ​ရား​ကို တ​ရား​သ​ဖြင့်​သုံး​သော​သူ၌ ပ​ညတ်​တ​ရား​သည် အ​ကျိုး​ကို​ပေး​တတ်​သည်​ဟု ငါ​တို့ သိ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

8 သို့သော် ပညတ်​တရား​ကို စည်းမျဉ်း​စည်းကမ်း​နှင့်အညီ​အသုံးပြု​လျှင် ၎င်း​သည် ကောင်းမြတ်​ကြောင်း ငါ​တို့​သိ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

8 ပ​ညတ်​တ​ရား​ကို​အ​သုံး​ပြု​သင့်​သည်​အ​တိုင်း အ​သုံး​ပြု​လျှင် ပ​ညတ်​တ​ရား​သည်​ကောင်း​မြတ် ကြောင်း​ကို​ငါ​တို့​သိ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ တိမောသေ 1:8
12 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​တိုင်​လည်း၊ သိ​နာ​တောင်​ပေါ်​သို့ ဆင်း​သက်၍ မိုး​ကောင်း​ကင်​ထဲ​က ဗျာ​ဒိတ်​သံ​ကို လွှတ်​သ​ဖြင့်၊ ဟုတ်​မှန်​ဖြောင့်​မတ်​သော စီ​ရင်​ထုံး​ဖွဲ့​ချက် ပ​ညတ်​တ​ရား​တို့​ကို အပ်​ပေး​တော်​မူ၏။


သင်​တို့​သည် လော​ကီ​ပုံ​သ​ဏ္ဌာန်​ကို မ​ဆောင်​ကြ​နှင့်။ ကောင်း​မြတ်​သော​အ​ရာ၊ နှစ်​သက်​ဖွယ်​သော​အ​ရာ၊ စုံ​လင်​သော​အ​ရာ​တည်း​ဟူ​သော ဘု​ရား​သ​ခင် အ​လို​တော်​ရှိ​သော​အ​ရာ​သည် အ​ဘယ်​အ​ရာ​ဖြစ်​သည်​ကို သင်​နိုင်​မည်​အ​ကြောင်း၊ စိတ်​နှ​လုံး​ကို အ​သစ်​ပြင်​ဆင်၍ ပုံ​သ​ဏ္ဌာန်​ပြောင်း​လဲ​ခြင်း​သို့ ရောက်​ကြ​လော့။-


ထို​သို့​ငါ​သည် မ​ကျင့်​ချင်​သော​အ​ကျင့်​ကို ကျင့်​လျှင်၊ ပ​ညတ်​တ​ရား​ဖြောင့်​သည်​ဟု ငါ​ဝန်​ခံ၏။-


ငါ့​အ​ထဲ​မှာ ငါ့​ဇာ​တိ​ပ​က​တိ၌ ကောင်း​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ မ​တည်​သည်​ကို ငါ​သိ၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ကျင့်​ချင်​သော စိတ်​ရှိ​သော်​လည်း၊ ကောင်း​စွာ​ကျင့်​တတ်​သော​အ​ခွင့်​ကို ရှာ၍​မ​တွေ့​နိုင်။-


ငါ​သည် အ​တွင်း​လူ​အား​ဖြင့် ဘု​ရား​သ​ခင်၏ ပ​ညတ်​တ​ရား​တော်​ကို နှစ်​သက်၏။-


သို့​ဖြစ်၍ ပ​ညတ်​တ​ရား​သည် ဘု​ရား​သ​ခင်၏ က​တိ​တော်​နှင့် ဆန့်​ကျင်​ဘက်​ဖြစ်​သ​လော။ ထို​သို့ မ​ဖြစ်​နိုင်​ရာ။ အ​သက်​ရှင်​စေ​နိုင်​သော ပ​ညတ်​တ​ရား​ကို ပေး​တော်​မူ​သည်​မှန်​လျှင်၊ အ​ကယ်​စင်​စစ် ထို​တ​ရား​အား​ဖြင့် ဖြောင့်​မတ်​ခြင်း​ကို​ရ​လိမ့်​မည်။-


ပွဲ၌ လူ​ချင်း​တိုက်​သော​သူ မည်​သည်​ကား၊ ထုံး​တမ်း​အ​တိုင်း​မ​တိုက်​လျှင် ပန်း​ဦး​ရစ်​ကို​မ​ရ။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ