၁ သက်သာလောနိတ် 5:9 - Judson Bible in Zawgyi Version9 အမျက်တော်ကိုခံစေခြင်းငှာ ဘုရားသခင်သည် ငါတို့ကို ခန့်ထားတော်မူသည်မဟုတ်။ ငါတို့သခင်ယေရှုခရစ်အားဖြင့် ကယ်တင်ခြင်းကို ပိုင်ရစေခြင်းငှာ ခန့်ထားတော်မူ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်9 အကြောင်းမူကား ဘုရားသခင်သည် ငါတို့ကို အမျက်တော်သက်ရောက်စေရန် သတ်မှတ်ထားတော်မူသည်မဟုတ်ဘဲ ငါတို့၏သခင်ယေရှုခရစ်တော်အားဖြင့် ကယ်တင်ခြင်းကိုရရှိစေရန် သတ်မှတ်ထားတော်မူ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version9 ဘုရားသခင်သည်ငါတို့အားအမျက်တော် သင့်စေရန်ရွေးကောက်တော်မူသည်မဟုတ်။ အရှင် သခင်ယေရှုခရစ်အားဖြင့်ကယ်တင်ခြင်း ခံရကြစေရန်ရွေးကောက်တော်မူ၏။- အခန်းကိုကြည့်ပါ။ |
လူအပေါင်းတို့၏ စိတ်နှလုံးကိုသိတော်မူသော သခင်ဘုရား၊ ယုဒရှကာရုတ်သည် မိမိနေရာအရပ်သို့ သွားအံ့သောငှာ ဓမ္မဆရာ၏အရာ၊ တမန်တော်၏အရာမှ ရွေ့လျော့ဖောက်ပြန်သည်ဖြစ်၍၊ ထိုအရာကိုခံစေခြင်းငှာ ဤသူနှစ်ယောက်တို့တွင် ရွေးကောက်တော်မူသောသူကို ပြညွှန်တော်မူပါဟု ဆုတောင်းပြီးမှ၊-
ရောက်လတ္တံ့သော ဘေးဒဏ်မှ ငါတို့ကို ကယ်နုတ်သော သခင်ယေရှုတည်းဟူသော သေခြင်းမှ ဘုရားသခင် ထမြောက်စေတော်မူသော သားတော်သည် ကောင်းကင်ဘုံမှ ကြွလာတော်မူမည်အရာကို ငံ့လင့်ခြင်းငှာလည်းကောင်း၊ ရုပ်တုဆင်းတုတို့ကို ပစ်ပယ်၍၊ ဘုရားသခင့်အထံတော်သို့ ပြောင်းလဲကြသည် အကြောင်းအရာကိုလည်း ကြားပြောကြ၏။
အဘယ်ကြောင့်နည်း ဟူမူကား၊ ငါတို့ဘုရားသခင်၏ ကျေးဇူးတော်ကို ကိလေသာ၏ ညစ်ညူးခြင်းအလိုငှာ မှောက်လှန်လျက်၊ တစ်ပါးတည်း အစိုးရတော်မူသောအရှင်၊ ငါတို့သခင် ယေရှုခရစ်ကို ငြင်းပယ်လျက်၊ အပြစ်ခံစေခြင်းငှာ ရှေးက စီရင်မှတ်သားနှင့်သော အဓမ္မလူအချို့တို့သည် ပရိယာယ်နှင့် အမှတ်တမဲ့ဝင်ကြပြီ။-