Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ သက်သာလောနိတ် 5:27 - Judson Bible in Zawgyi Version

27 ဤ​စာ​ကို သန့်​ရှင်း​သော ညီ​အစ်​ကို​အ​ပေါင်း​တို့​အား ဖတ်​စေ​ခြင်း​ငှာ၊ သ​ခင်​ဘု​ရား​ကို တိုင်​တည်၍ ငါ​သည် သင်​တို့​ကို ဓိ​ဋ္ဌာန်​သ​စ္စာ​ပေး၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

27 ဤ​စာ​ကို ညီအစ်ကို​အားလုံး​တို့​ရှေ့၌​ဖတ်ကြား​ရန် သခင်​ဘုရား​၌ သင်​တို့​ကို အလေးအနက်​ငါ​အမိန့်​ပေး​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

27 ငါ​သည်​သ​ခင်​ဘု​ရား​အပ်​နှင်း​တော်​မူ​သော အ​ခွင့်​အာ​ဏာ​အ​ရ ဤ​စာ​ကို​ယုံ​ကြည်​သူ အ​ပေါင်း​တို့​အား​ဖတ်​ပြ​ကြ​ရန်​သင်​တို့​ကို တိုက်​တွန်း​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ သက်သာလောနိတ် 5:27
19 ပူးပေါင်းရင်းမြစ်များ  

ရှင်​ဘု​ရင်​က​လည်း၊ မှန်​သော​စ​ကား​မှ​တစ်​ပါး အ​ခြား​သော​စ​ကား​ကို ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် သင်​သည် ငါ့​အား​မ​ဟော​မည်​အ​ကြောင်း၊ ငါ​သည် ဘယ်​နှစ်​ကြိမ်​တိုင်​အောင် သင့်​အား​အ​ကျိန်​ပေး​ရ​မည်​နည်း​ဟု မေး​သော်၊


ရှင်​ဘု​ရင်​က​လည်း၊ မှန်​သော​စ​ကား​မှ​တစ်​ပါး အ​ခြား​သော​စ​ကား​ကို ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် သင်​သည် ငါ့​အား​မ​ဟော​မည်​အ​ကြောင်း၊ ငါ​သည် ဘယ်​နှစ်​ကြိမ်​တိုင်​အောင် သင့်​အား​အ​ကျိန်​ပေး​ရ​မည်​နည်း​ဟု မေး​သော်၊


သင်​သည် ဗာ​ဗု​လုန်​မြို့​သို့​ရောက်​သော​အ​ခါ၊ ဤ​စ​ကား​အ​လုံး​စုံ​တို့​ကို ကြည့်​ရှု၍ ဖတ်​ရ​မည်။


သူ့​အ​ပေါ်​မှာ​လက်​ကို​တင်၍ မှာ​ခဲ့​လေ၏။ ထို​သို့​ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့် ပ​ညတ်​ထား​တော်​မူ၏။


ယေ​ရှု​သည် တိတ်​ဆိတ်​စွာ​နေ​တော်​မူ၏။ ယဇ်​ပု​ရော​ဟိတ်​မင်း​က​လည်း သင်​သည် ခ​ရစ်​တော်​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏​သား​တော် မှန်​သည် မ​မှန်​သည်​ကို ငါ​တို့​အား ပြော​စေ​ခြင်း​ငှာ၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ငါ​တိုင်​တည်၍ သင့်​ကို ကျိန်​ဆို​စေ၏​ဟု ဆို​လျှင်၊-


အ​မြင့်​ဆုံး​သော ဘု​ရား​သ​ခင်၏ သား​တော်​ယေ​ရှု၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​နှင့်​အ​ဘယ်​သို့ ဆိုင်​သ​နည်း။ အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​တော်​မ​မူ​မည်​အ​ကြောင်း ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု၍ အ​ကျွန်ုပ် တောင်း​ပန်​ပါ​သည်​ဟု ကြီး​သော​အ​သံ​နှင့် အော်​ဟစ်၍ လျှောက်​လေ၏။-


ထို​အ​ခါ အ​ရေ​အ​တွက်​အား​ဖြင့် တစ်​ရာ​နှစ်​ဆယ်​သော တ​ပည့်​တော်​တို့၏​အ​လယ်၌ ပေ​တ​ရု​သည်​ထ၍၊-


ထို​အ​ခါ အ​ရပ်​ရပ်​သို့​လှည့်​လည်၍ ဓိ​ဋ္ဌာန်​သ​စ္စာ​ပေး​တတ်​သော ယု​ဒ​လူ​အ​ချို့​တို့​က၊ ပေါ​လု​ဟော​ပြော​သော ယေ​ရှု​ကို ငါ​တိုင်​တည်၍ သင်​တို့​ကို ဓိ​ဋ္ဌာန်​သ​စ္စာ​ပေး၏​ဟု ဆို​လျက်၊ နတ်​ဆိုး​စွဲ​သော သူ​တို့၏​အ​ပေါ်၌ သ​ခင်​ယေ​ရှု၏​နာ​မ​တော်​ကို မြွက်​စမ်း​ကြ၏။-


ဤ​စာ​ကို သင်​တို့​သည် ဖတ်​ပြီး​မှ လော​ဒိ​ကိ​မြို့ အ​သင်း​တော်​ကို ဖတ်​စေ​ကြ​လော့။ ထို​မြို့​မှ​ရ​သော စာ​ကို​လည်း သင်​တို့​ဖတ်​ကြ​လော့။-


ဤ​စာ၌ ငါ​တို့​ရေး​ထား​သော ပ​ညတ်​စ​ကား​ကို တစ်​စုံ​တစ်​ယောက်​သော​သူ​သည် နား​မ​ထောင်​ဘဲ​နေ​လျှင်၊ ထို​သူ​ကို မှတ်​ကြ​လော့။ ရှက်​ကြောက်​စေ​ခြင်း​ငှာ၊ အ​ပေါင်း​အ​ဖော် မ​လုပ်​ကြ​နှင့်။-


ငါ့​သား​တိ​မော​သေ၊ သင့်​ကို​ရည်​မှတ်၍ ဟော​ပြော​ခဲ့​ပြီး​သော အ​နာ​ဂ​တ္တိ​စ​ကား​ကို သင်​သည်​အ​မှီ​ပြု၍၊ ယုံ​ကြည်​ခြင်း​ကို​လည်း​ကောင်း၊ ကိုယ်​ကို​ကိုယ်​သိ​သော စိတ်​ကြည်​လင်​ခြင်း​ကို​လည်း​ကောင်း စွဲ​လမ်း၍ ကောင်း​သော​စစ်​ကို တိုက်​စေ​ခြင်း​ငှာ၊ ထား​ခဲ့​ပြီး​သော ထို​အ​နာ​ဂ​တ္တိ​စ​ကား​နှင့်​အ​ညီ၊ အ​ထက် ငါ​ဆို​ခဲ့​ပြီး​သော ပ​ညတ်​ထား​ခြင်း​အ​ခွင့်​ကို သင်၌ ငါ​အပ်​ပေး၏။-


ခြား​နား​သော အ​ယူ​ဝါ​ဒ​သစ်​ကို မ​သွန်​သင်​ကြ​နှင့် ဟူ၍​လည်း​ကောင်း၊ ဒ​ဏ္ဍာ​ရီ​စ​ကား​ကို နား​မ​ထောင်​ကြ​နှင့် ဟူ၍​လည်း​ကောင်း၊ ယုံ​ကြည်​ခြင်း၌​တည်​သော ဘု​ရား​သ​ခင်၏ သာ​သ​နာ​တော်​ကို ပြု​စု​သည်​ထက်၊ အ​ချင်း​ချင်း​ငြင်း​ခုံ​ခြင်း​ကို​သာ၍ ပြု​စု​တတ်​သော၊ ပြင်​ဆင်၍ မ​ကုန်​နိုင်​သော ဆွေ​စဉ်​မျိုး​ဆက်​စာ​ရင်း​များ​ကို ပ​မာ​ဏ​မ​ပြု​ကြ​နှင့် ဟူ၍​လည်း​ကောင်း၊ သင်​သည် အ​ချို့​သော သူ​တို့​ကို ပ​ညတ်​ထား၍၊ ဧ​ဖက်​မြို့၌ နေ​ရစ်​စေ​ခြင်း​ငှာ၊ ငါ​သည် မာ​ကေ​ဒေါ​နိ​ပြည်​သို့ သွား​သော​အ​ခါ၊ တောင်း​ပန်​သည်​အ​တိုင်း နေ​ရစ်​လော့။


ရှေ့​မ​ဆွ​က​မ​စီ​ရင်၊ ငဲ့​ကွက်​သော​စိတ်​နှင့် အ​လျှင်း​မ​ပြု​ဘဲ၊ ဤ​ပ​ညတ်​များ​ကို စောင့်​ရှောက်​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​နှင့် သ​ခင်​ယေ​ရှု​ခ​ရစ်​ရှေ့​မှာ​လည်း​ကောင်း၊ ရွေး​ကောက်​တော်​မူ​သော ကောင်း​ကင်​တ​မန်​တို့ ရှေ့​မှာ​လည်း​ကောင်း၊ ငါ​သည် သင့်​ကို သ​စ္စာ​ပေး၏။


ထို​သူ​တို့​ကို အ​ပြစ်​တင်​ခွင့်​နှင့် ကင်း​လွတ်​စေ​ခြင်း​ငှာ ဤ​သို့ ပ​ညတ်​ထား​လော့။-


ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ် ထင်​ရှား​ပေါ်​ထွန်း​တော်​မူ​သည်​တိုင်​အောင်၊ သင်​သည်​အ​ညစ်​အ​ကြေး​နှင့် ကင်း​စင်၍ အ​ပြစ်​တင်​ခွင့် မ​ရှိ​ဘဲ​လျက်၊ ပ​ညတ်​တော်​ကို စောင့်​ရှောက်​မည်​အ​ကြောင်း၊-


ဤ​ဘ​ဝ၌ ငွေ​ရ​တတ်​သော​သူ​တို့​သည် မာန်​မာ​န စိတ်​နှင့် ကင်း​လွတ်၍၊ မ​မြဲ​သော​စည်း​စိမ်​ကို မ​ကိုး​စား​ဘဲ၊ ငါ​တို့​ခံ​စား​ဖို့​ရာ အ​လုံး​စုံ​တို့​ကို​ကြွယ်​ဝ​စွာ ပေး​သ​နား​တော်​မူ​သော၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ကိုး​စား​ရ​မည်​အ​ကြောင်း​နှင့်၊-


ကိုယ်​တော်​တိုင်​ပေါ်​ထွန်း၍ နိုင်​ငံ​တော်​ထင်​ရှား​သော​ကာ​လ၊ အ​သက်​ရှင်​သော​သူ၊ သေ​သော​သူ​တို့​ကို စစ်​ကြော​စီ​ရင်​တော်​မူ​သော သ​ခင်​ယေ​ရှု​ခ​ရစ် ရှေ့​မှာ​လည်း​ကောင်း၊ ဘု​ရား​သ​ခင် ရှေ့​မှာ​လည်း​ကောင်း၊ ငါ​သည် သင့်​ကို သ​စ္စာ​ပေး​သည်​ကား၊-


ထို​သို့​ဖြစ်​လျှင်၊ ကောင်း​ကင်​ဘုံ​နှင့်​စပ်​ဆိုင်​သော ခေါ်​ဖိတ်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ခံ​ရ​သော​သူ၊ သန့်​ရှင်း​သော ညီ​အစ်​ကို​တို့၊ ငါ​တို့​ဝန်​ခံ​သော တ​မန်​တော်​နှင့် ယဇ်​ပု​ရော​ဟိတ်​မင်း​တည်း​ဟူ​သော ယေ​ရှု၏​အ​ကြောင်း​ကို စေ့​စေ့​ဆင်​ခြင်​ကြ​လော့။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ