၁ သက်သာလောနိတ် 2:17 - Judson Bible in Zawgyi Version17 ညီအစ်ကိုတို့၊ ငါတို့သည် စိတ်နှလုံးအားဖြင့် မဟုတ်၊ ကိုယ်အားဖြင့်သာ သင်တို့နှင့် ခဏကွာသည်ရှိသော်၊ သင်တို့မျက်နှာကို မြင်ခြင်းငှာ၊ အလွန်လွမ်းသော စိတ်နှင့် သာ၍ ကြိုးစားအားထုတ်ကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်17 ညီအစ်ကိုတို့၊ ငါတို့သည် စိတ်နှလုံးအားဖြင့်မဟုတ်ဘဲ လူချင်း သင်တို့နှင့် ခေတ္တခဏခွဲခွာနေရသော်လည်း သင်တို့၏မျက်နှာကိုပြန်တွေ့နိုင်ရန် အလွန်တောင့်တ၍ အထူးကြိုးစားကြ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version17 ညီအစ်ကိုတို့၊ ငါတို့သည်သင်တို့ထံမှခေတ္တ ခဏမျှသာခွဲခွာ၍နေခဲ့ရကြ၏။ ယင်းသို့ ငါတို့သည်ကိုယ်ခန္ဓာအားဖြင့်သင်တို့နှင့်ခွဲခွာ ၍နေရသော်လည်း သင်တို့ကိုအဘယ်အခါ၌ မျှမမေ့။ ငါတို့သည်သင်တို့ကိုအလွန်အောက် မေ့သတိရကြသဖြင့် သင်တို့ကိုတစ်ဖန် ပြန်၍တွေ့နိုင်ရန်အထူးကြိုးစားခဲ့ကြ၏။- အခန်းကိုကြည့်ပါ။ |
ညီအစ်ကိုတို့၊ ငါသည်အခြားသော တစ်ပါးအမျိုးသားတို့တွင် အကျိုးကိုရသကဲ့သို့ သင်တို့တွင်လည်း အကျိုးတစ်စုံတစ်ခုကိုရခြင်းငှာ၊ သင်တို့ရှိရာသို့သွားမည်ဟု အဖန်ဖန်အကြံရှိကြောင်းကို သင်တို့မသိဘဲနေစေခြင်းငှာ ငါအလိုမရှိ၊ ထိုသို့အကြံရှိသော်လည်း၊ ယခုတိုင်အောင် မြစ်တားသော အကြောင်းရှိ၏။-
ယခုမူကား၊ တိမောသေသည် သင်တို့ထံက ပြန်လာ၍၊ သင်တို့၏ ယုံကြည်ခြင်းနှင့် ချစ်ခြင်း တည်သည်ဟူ၍လည်းကောင်း၊ ငါတို့သည် သင်တို့ကို လွမ်းသကဲ့သို့ သင်တို့သည် ငါတို့ကိုလွမ်း၍၊ အစဉ်မပြတ် ကောင်းမွန်စွာ အောက်မေ့ကြသည်ဟူ၍လည်းကောင်း၊ ဝမ်းမြောက်စရာ သတင်းကို ကြားပြောသည်ရှိသော်၊-