Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ သက်သာလောနိတ် 1:2 - Judson Bible in Zawgyi Version

2-4 ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင့်​ရှေ့​တော်၌၊ သင်​တို့​သည် ယုံ​ကြည်​သော​စိတ်​နှင့် အ​ကျင့်​ကို​ကျင့်​ခြင်း၊ ချစ်​သော​စိတ်​နှင့် ကြိုး​စား​အား​ထုတ်​ခြင်း၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​ကို မျှော်​လ​င့်​သော​စိတ်​နှင့် တည်​ကြည်​ခြင်း​တို့​ကို ငါ​တို့​သည် အ​စဉ်​မ​ပြတ် အောက်​မေ့​လျက်၊ ဘု​ရား​သ​ခင်​ချစ်​တော်​မူ​သော ညီ​အစ်​ကို​တို့၊ သင်​တို့​ခံ​ရ​သော ရွေး​ကောက်​တော်​မူ​ခြင်း​ကို သိ​လျက်၊ သင်​တို့​အ​ပေါင်း​ကို အ​ကြောင်း​ပြု​သ​ဖြင့်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

2 ငါ​တို့​သည် သင်​တို့​အားလုံး​အတွက် ဘုရားသခင်​ကို အစဉ်အမြဲ​ကျေးဇူးတင်​လျက် ငါ​တို့​၏​ဆုတောင်း​ချက်​များ​၌ သင်​တို့​ကို​သတိရ​ကာ

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

2-3 ငါ​တို့​သည်​အ​ဖ​ဘု​ရား​သ​ခင်​ထံ​တော်​သို့​ဆု တောင်း​ပတ္ထ​နာ​ပြု​သည့်​အ​ခါ​တိုင်း သင်​တို့​သည် မိ​မိ​တို့​၏​ယုံ​ကြည်​ခြင်း​ကို​လက်​တွေ့​အ​ဘယ် သို့​ကျင့်​သုံး​ကြ​သည်​ကို​လည်း​ကောင်း၊ သင်​တို့ ၏​ချစ်​ခြင်း​ကြောင့်​သင်​တို့​အ​ဘယ်​သို့​ကြိုး​စား လုပ်​ဆောင်​ကြ​သည်​ကို​လည်း​ကောင်း၊ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်​အား​အ​ဘယ်​သို့​မျှော်​လင့် ၍​တည်​ကြည်​ကြ​သည်​ကို​လည်း​ကောင်း သ​တိ​ရ ၍​အ​စဉ်​ပင်​ကျေးဇူး​တော်​ကို​ချီး​မွမ်း​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ သက်သာလောနိတ် 1:2
10 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​သည် အ​ပြစ်​တ​ရား၏ ကျွန်​ဖြစ်​ဖူး​သော်​လည်း၊ ယ​ခု​တွင်​ခံ​ခဲ့​ပြီး​သော ဩ​ဝါ​ဒ​နည်း​ဥ​ပ​ဒေ​သ​စ​ကား​ကို စေ​တ​နာ​စိတ်​နှင့် နား​ထောင်​ကြ​သည်​ဖြစ်၍၊ ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော် ကြီး​လှ​ပေ၏။-


အ​ထက်​က ခ​ရစ်​တော်၏​သက်​သေ​ကို သင်​တို့​တွင် တည်​စေ​သည်​ရှိ​သော်၊-


သင်​တို့​သည် ယေ​ရှု​ခ​ရစ်​ကို​ယုံ​ကြည်၍၊ သန့်​ရှင်း​သူ​အ​ပေါင်း​တို့​ကို ချစ်​ကြ​သည်​ဟု ငါ​တို့​သည် ကြား​သ​ဖြင့်​လည်း​ကောင်း၊ သ​မ္မာ​တ​ရား​တည်း​ဟူ​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို သင်​တို့​သည် အ​ထက်​က ကြား​သိ​ကြ​သည်​အ​တိုင်း၊ သင်​တို့​အ​ဖို့ ကောင်း​ကင်​ဘုံ၌ သို​ထား​သော မျှော်​လ​င့်​ရာ​ကို ထောက်​သ​ဖြင့်​လည်း​ကောင်း၊ သင်​တို့​အ​ဖို့ အ​စဉ်​မ​ပြတ်​ဆု​တောင်း၍၊-


ငါ​တို့​ဟော​ပြော​သော ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​ကို သင်​တို့​သည် ခံ​ယူ​ကြ​သော​အ​ခါ၊ လူ၏​နှုတ်​ထွက်​စ​ကား​ကို မ​ခံ​မ​ယူ​ဘဲ၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တော် အ​မှန်​ဖြစ်​သည်​နှင့်​အ​ညီ၊ ယုံ​ကြည်​ခြင်း​သို့​ရောက်​သော သင်​တို့​အ​ထဲ၌ ပြု​ပြင်​သော ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​ကို ခံ​ယူ​ကြ​သည် အ​ကြောင်း​အ​ရာ​ကို ငါ​တို့​သည်​ထောက်၍၊ ဘုရားသခင်၏‌ကျေး​ဇူး​တော်​ကို အ​စဉ်​မ​ပြတ်​ချီး​မွမ်း​ကြ၏။-


ငါ​တို့၏ ဘု​ရား​သ​ခင်​ရှေ့၌ သင်​တို့၏​အ​ကြောင်း​ကြောင့် ငါ​တို့​ခံ​ရ​သော ဝမ်း​မြောက်​ခြင်း​အ​ပေါင်း​ကို ထောက်၍၊ သင်​တို့​အ​ကြောင်း​ကြောင့် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို အ​ဘယ်​သို့ ဆပ်​နိုင်​သ​နည်း။-


ညီ​အစ်​ကို​တို့၊ သင်​တို့၏​ယုံ​ကြည်​ခြင်း​သည် အ​လွန်​တိုး​ပွား၍၊ လူ​တိုင်း​အ​သီး​အ​သီး​တို့​သည် အ​ချင်း​ချင်း ချစ်​ခြင်း​မေ​တ္တာ​နှင့် ပြည့်​စုံ​ကြ​သည်​ဖြစ်၍ ငါ​တို့​သည် ပြု​သင့်​သည်​အ​တိုင်း သင်​တို့​ကြောင့် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို အ​စဉ်​မ​ပြတ်​ချီး​မွမ်း​ကြ၏။


သင်​သည် သ​ခင်​ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်၍ သန့်​ရှင်း​သူ​အ​ပေါင်း​တို့​ကို ချစ်​သည်​ဟု ငါ​သည်​ကြား​လျှင်၊ ငါ၏​ဘု​ရား​သ​ခင့် ကျေး​ဇူး​တော်​ကို အ​စဉ်​ချီး​မွမ်း၍၊ သင့်​အ​ဖို့​အ​လို​ငှာ ဆု​တောင်း​ပ​တ္ထ​နာ ပြု​လျက်​နေ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ