Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 8:9 - Judson Bible in Zawgyi Version

9 ယ​ခု​မှာ သူ​တို့​စ​ကား​ကို နား​ထောင်​လော့။ သို့​ရာ​တွင် သ​တိ​ပေး၍ သူ​တို့​ကို​အုပ်​စိုး​သော ရှင်​ဘု​ရင်၏​ထုံး​စံ​ကို ပြ​လော့​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

9 ယခု သူ​တို့​စကား​ကို နားထောင်​လော့​။ သို့သော် သူ​တို့​ကို အုပ်စိုး​မည့်​ရှင်ဘုရင်​သည် သူ​တို့​အပေါ် မည်သို့​စီရင်အုပ်ချုပ်​မည်​ကို သူ​တို့​အား ကြပ်ကြပ်​သတိပေး​ပြောပြ​လော့​”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

9 သို့​ဖြစ်​၍​သူ​တို့​ပြော​သော​စ​ကား​ကို​နား ထောင်​လော့။ သို့​သော်​ဘု​ရင်​အုပ်​စိုး​သော​အ​ခါ ဘု​ရင်​တို့​၏​ကျင့်​ထုံး​ကျင့်​နည်း​တို့​ကို​ပြော ပြ​၍​ကြပ်​တည်း​စွာ​သ​တိ​ပေး​လော့'' ဟု မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 8:9
10 ပူးပေါင်းရင်းမြစ်များ  

အ​ကြောင်း​မူ​ကား၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့​ဟု၊ သင်​တို့၏​ဘိုး​ဘေး​များ​ကို အဲ​ဂု​တ္တု​ပြည်​က ငါ​နုတ်​ဆောင်​သော နေ့​မှ​စ၍ ယ​နေ့​တိုင်​အောင်၊ ငါ​သည် စော​စော​ထ၍ အ​ထပ်​ထပ်​ဆုံး​မ​သော်​လည်း၊


သင်​သည် အ​မှန်​သေ​လိမ့်​မည်​ဟု၊ လူ​ဆိုး​အား ငါ​ပြော​လျက်​နှင့် သင်​သည် သ​တိ​မ​ပေး၊ လူ​ဆိုး၏ အ​သက်​ကို ချမ်း​သာ​စေ​ခြင်း​ငှာ၊ လူ​ဆိုး​အား သ​တိ​ပေး​သော​စ​ကား​ကို မ​ပြော​ဘဲ​နေ​လျှင် ထို​လူ​ဆိုး​သည် မိ​မိ​အ​ပြစ်၌ သေ​လိမ့်​မည်။ သူ၏​အ​သက်​ကို​ကား၊ သင်၌​ငါ​တောင်း​မည်။


ထို​မှ​တစ်​ပါး၊ မင်း​သား​သည် ပြည်​သား​အ​မွေ​မြေ​ကို အ​နိုင်​အ​ထက်​ယူ၍ မြေ​ရှင်​ကို​မ​နှင်​ထုတ်​ရ။ မိ​မိ​ပိုင်​သော မြေ​ထဲ​က မိ​မိ​သား​တို့​အား အ​မွေ​ပေး​ရ​မည်။ ငါ၏​လူ​တို့​သည် မိ​မိ​တို့​ပိုင်​သော အ​မွေ​မြေ၌​မ​နေ​ရ​ဘဲ အ​ရပ်​ရပ်​သို့ ကွဲ​ပြား​စေ​ခြင်း​ငှာ မ​ပြု​ရ။


ရှ​မွေ​လ​သည်​လည်း မင်း​ကျင့်​တ​ရား​ကို လူ​များ​တို့​အား ဟော​ပြော၍ စာ၌​ရေး​မှတ်​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထား​ပြီး​မှ၊ လူ​အ​ပေါင်း​တို့​ကို အ​သီး​အ​သီး မိ​မိ​တို့​အိမ်​သို့ လွှတ်​လိုက်​လေ၏။


ရှ​မွေ​လ​က​လည်း၊ သင်​တို့​ပြော​သ​မျှ​သော​စ​ကား​ကို ငါ​နား​ထောင်၍၊ သင်​တို့​အ​ပေါ်​မှာ ရှင်​ဘု​ရင်​ကို ငါ​ချီး​မြှောက်​လေ​ပြီ။


ရှော​လု​လက်​ထက် ကာ​လ​ပတ်​လုံး၊ ဖိ​လိ​တ္တိ​လူ​တို့​ကို ကျပ်​ကျပ်​စစ်​တိုက်​ရ​ကြ၏။ ခွန်​အား​ကြီး​သော​သူ၊ ရဲ​ရင့်​သော​သူ တွေ့​သ​မျှ​တို့​ကို ရှော​လု​သည် ရွေး​ကောက်​ခန့်​ထား​လေ့​ရှိ၏။


လူ​များ​တို့​တွင် ယဇ်​ပု​ရော​ဟိတ်​ပြု​သော ထုံး​စံ​ဟူ​မူ​ကား၊ ယဇ်​ပူ​ဇော်၍ အ​မဲ​သား​ကို ပြုတ်​စဉ်​အ​ခါ၊ ယဇ်​ပု​ရော​ဟိတ်၏ အ​စေ​အ​ပါ​တစ်​ယောက်​သည်​လာ၍ သုံး​ချောင်း​ရှိ​သော အ​မဲ​ချိတ်​ကို ကိုင်​လျက်၊


သူ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ ငါ​ဆောင်​ခဲ့​သော​နေ့​မှ​စ၍ ယ​နေ့​တိုင်​အောင် ငါ့​ကို​စွန့်၍ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​ကို ဝတ်​ပြု​သ​ဖြင့် ကျင့်​မိ​သ​မျှ​သော အ​ကျင့်​အ​တိုင်း သင်၌​လည်း​ပြု​ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ